အကယ်ဒမီပွဲတက် ဝတ်စုံနဲ့ပတ်သက်လို့ မေတ္တာရပ်ခံချက်ထုတ်ပြန်ရခြင်းအကြောင်းရှင်းပြတဲ့ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး

0
177

အကယ်ဒမီအကဲဖြတ်အဖွဲ့ အနေနဲ့ အခုအချိန်မှာတော့ အကယ်ဒမီ ဆန်ကာတင်ဇာတ်ကားများကို စိစစ်အကဲ ဖြတ်မှု ပြီးစီးခဲ့ပြီဖြစ်တယ်လို့ လည်းသိရပါတယ်။ အဲဒီအတွက်လည်း နောက်ဆုံးအဆင့် ဆန်ကာတင်၂၅ ကား စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ဆက်လက်ထုတ်ပြန်ကြေညာတော့မှာ မဟုတ် တော့ဘူးလို့ သိရပါတယ်။ . . .

“ဆက်လက်ပြီး မထုတ်ပြန်တော့ပါဘူး။ တကယ်လို့ နောက်တစ်ဆင့်ထပ်ထုတ်မယ်ဆိုရင် ၁၅ ကားထုတ်ရမှာလေ။ အဲဒီတော့ကားတွေက ထပ်ပြုတ်မယ်။ ပြုတ်ရင် မကျေနပ်ဖြစ်ကြမယ်။ အဲဒါကြောင့် ၂၅ ကားစာရင်းပဲ ထုတ်ပြန်တာပါ။ နိုင်ငံတကာမှာတော့ နောက်ဆုံးအဆင့်အထိ ထုတ်တာပေါ့လေ။ ဒီမှာကတော့ လောလောဆယ်ထုတ်လို့ မရသေးဘူး။ ဒီ၂၅ ကားစာရင်း ထဲကပဲ ဆုရ မှာပါ။ ဒါပေမဲ့ ၂၅ ကားစလုံးကတော့ အကုန်လုံးဆုရမှာမဟုတ်ဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ ပေးမယ့်ဆုက ၁၁ ဆုရှိတာကိုးလေ။ တချို့လည်း ကောင်းတဲ့ကားတွေ နာမည်ကြီးတဲ့ ကားတွေကလည်း တအားအရှိန် အဝါကြီးတယ်လေ။ တချို့ကြတော့ လည်း တစ်ကားထဲမှာဆုသွားပြီးတော့ ပြုံနိုင်တာတွေရှိတာပေါ့။ ဒါကြောင့် ဒီ၂၅ ကားက ဆန်ကာ တင်တော့ရွေးတယ်။ ဒါပေမဲ့ အားလုံးက ရချင်မှလည်းရမယ်”လို့ အကယ်ဒမီဆန်ကာတင် စာရင်းနဲ့ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲကို တက်ရောက်ကြမယ့် အနုပညာရှင်တွေအနေနဲ့ မြန်မာဝတ်စုံ (သို့မဟုတ်) တိုင်းရင်းသားဝတ်စုံအပြည့်ဖြင့်သာ တက်ရောက်ပေးဖို့ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးမှ မေတ္တာရပ်ခံချက်ထုတ်ပြန်ခဲ့တာက နှစ်စဉ်ထုတ်ပြန်နေကြဖြစ် တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း …

“တစ်ခါတလေကျရင် ကြေညာတယ်။ တစ်ခါတလေကျရင် ဖိတ်စာထဲကို ထည့်ပေး တယ်။ ဒါက နှစ်စဉ်လုပ်နေကြပါပဲ။ ဒါလည်း ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ယောက်ျားလေးဆိုရင်လည်း တိုက်ပုံ၊ မိန်းကလေးဆိုရင်လည်း ချိတ်တို့ ဘာတို့နဲ့ ခေတ်အ ဆက်ဆက်မှာ ပွဲတက်ခဲ့ကြတာပါပဲ။ တိုင်းရင်းသားဆိုရင် တိုင်းရင်းသားဝတ်စုံပြည့်ပေါ့။ တိုင်း ရင်းသားဝတ်စုံပြည့်လို့ ပြောရတာက အပေါ်တစ်ပိုင်းက တိုင်းရင်းသားဝတ်စုံဖြစ်ပြီး အောက် တစ်ပိုင်းက တိုင်းရင်းသားဝတ်စုံမဟုတ်ဘဲ ကန့်လန့်လုပ်မှာစိုးလို့ တိုင်းရင်းသားဝတ်စုံအပြည့် လို့ ပြောရတာပါ။ ကျွန် တော်တို့ကလည်းလုပ်နေကျအတိုင်း လုပ်တာပါ”လို့ အကယ်ဒမီပွဲတက် ဝတ်စုံနဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ရှင်းပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here