ဥပါယ်တံမျဉ်နဲ့ မုဒြာခေါ်သံ အကယ်ဒမီ စာရင်းထဲဝင်ခဲ့လို့ ဝမ်းသာမိပါတယ် ဆိုတဲ့ သရုပ်ဆောင်ဇဏ်ခီ်

0
295

ပရိသတ်တွေရဲ့ အချစ်တော် သရုပ် ဆောင် ဇဏ်ခီက လတ်တလောမှာတော့ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးနေတဲ့ ထာဝရနှောင် ကြိုးရုပ်ရှင်ဇာတ်ကားကြီး ရိုက် ကူးနေတယ်လို့ သိရပါတယ်။ ထာဝရနှောင် ကြိုးရုပ်ရှင်ဇာတ်ကားကြီး မရိုက်ကူးခင်က တည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရပြီး ရိုက်ကူးနေတဲ့ အချိန်ကာလတစ်လျှောက် မှာလည်း ကာရိုက်တာနဲ့ ကိုက်ညီအောင် အကောင်းဆုံး ရိုက်ကူးနေတယ်လို့ သိရပါ တယ်။ ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကား ကြီးအတွက် ရုပ်ပြောင်းရုပ်လွှဲအထိပါ ရိုက် ကူးနေရဆဲ ကာလဖြစ်တဲ့ အတွက် ဘယ်လို တွေ ရိုက်ကူးဖြစ်နေလည်းလို့ မေးကြည့် တဲ့အခါမှာတော့ ဇဏ်ခီက…

“အခုအချိန်က တော့ ထာဝရနှောင်ကြိုး ရိုက်ကူးနေစဉ် ကာလ ဖြစ်တဲ့အတွက် ကြိုးစားမှုတွေကတော့ များတယ်။ ကိုယ့်ပါဝင်ရတဲ့ ကာရိုက်တာကို အသက်ဝင်အောင် အကောင်းဆုံးကြိုးစား နေတယ်။ ရုပ်ပြောင်းရုပ် လွှဲတွေလည်း လုပ် ပြီး ထာဝရနှောင် ကြိုးကို အကောင်းဆုံးရိုက် ကူးနေတယ်”လို့ ပြောပါတယ်။
မတ်လ ၂၃ ရက်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲ လည်း နီးလာပြီဖြစ်တဲ့ အတွက် အကယ်ဒမီ ရင်ခုန်သံကို မေးကြည့်တဲ့အခါမှာတော့ ဇဏ်ခီက…

“အကယ်ဒမီနဲ့ပတ်သက်ပြီး ကျွန် တော်တို့ကားနှစ်ကား ဆန်ကာတင် စာရင်းထဲ ဝင်တယ်ဆိုတော့ ကျွန်တော်တို့ နှစ်ယောက် စလုံး ဝမ်းသာမိတယ်။ ဘာပဲဖြစ်ဖြစ် လူငယ် မျက်နှာသစ်တွေကို ကြိုဆိုကြတယ်။ အသိ အမှတ်ပြုကြတော့ ဝမ်းသာမိတယ်။ အကယ် ဒမီဘယ်လိုပေးလဲ ဆိုတာတော့ ကျွန်တော်တို့ သိပ်တော့ မသိပါဘူး။ ကျွန်တော့်ကားနှစ်ကား စလုံး အားရလားဆိုတော့ ရာနှုန်းပြည့် ခရစ္စ လည်း အားရမှာမဟုတ်ဘူး။ ကျွန်တော်လည်း အားရမှာ မဟုတ်ဘူး။ နောက်ကားတွေ မှန် သမျှလည်း ကျွန်တော်တို့ အားရမှာ မဟုတ် ဘူး။ ဒါပေမယ့် ဘယ်ကားပို ကြိုက်လည်း ပြောရမယ်ဆိုရင်တော့ သူဟာနဲ့သူတော့ ကောင်းကြတာပဲ။ ကျွန်တော်ပြောခဲ့သလိုပါပဲ မုဒြာခေါ်သံနဲ့ ဥပါယ်တံမျဉ်တို့ကို မယှဉ် ကြည့်ဖို့ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ အနှစ်သာရခြင်း မတူဘူးပေါ့နော်။ အဲဒီ အတွက် ဥပါယ်တံမျဉ် ပရိသတ်ပဲဖြစ်ဖြစ်၊ မုဒြာခေါ်သံပရိသတ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ကားနှစ်ကားစလုံး ဆန်ကာတင်စာရင်းဝင် တဲ့အတွက် ဝမ်းသာမိပါတယ်။ အကယ်ဒမီ ရင်ခုန်သံကတော့ အရမ်းကြီးတော့ မရှိပါဘူး။ ရရင်တော့လည်း ဝမ်းသာမိမှာပါ”လို့ ပြော ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here