၂ဝ၁၈ ခုနှစ် အကယ်ဒမီပေးအပ်ပွဲကို မတ်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ သုဝဏ္ဏ The One Entertainment မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပွဲကြီး နီးလာတာနှင့်အမျှ ရုပ်ရှင်အနုပညာရှင်တွေ အားလုံးကတော့ ရင်ခုန်စိတ်လှုပ်ရှားနေကြပြီလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း အကယ်ဒမီနဲ့ပတ်သက်လို့ ထပ်ဆင့်အကယ်ဒမီသက်မွန်မြင့်ရဲ့ ရင်ခုန်စကားသံတွေကို မေးမြန်းတင်ဆက် ပေးလိုက်ရပါတယ်။…
“ဒီနှစ်အကယ်ဒမီကို သက်မွန် စိတ်လျှော့ထားတယ်။ တစ်ခါလွဲခဲ့ဖူးတော့ အဲဒီကတည်းက အကယ်ဒမီနဲ့ ပတ်သက်ပြီး စိတ်ကိုထားတက်သွားတယ်။ ဒီနှစ်မှာ သက်မွန်ဇာတ်ကား တစ်ကားပဲပါတယ်။ အဲဒီကားမှာ သက်မွန်သရုပ်ဆောင်ထားတာ နည်းနည်းပါးတယ်လို့ ကိုယ့်ကိုယ်ကိုယ်မြင်တယ်။ သက်မွန်လည်း ကိုယ်ကျေ နပ်၊ အားရတဲ့ ဇာတ်ကားနဲ့ပဲ အကယ်ဒမီ ရချင်တယ်။ ဒီနှစ်ထဲမှာ သက်မွန် မုန်းစွဲနဲ့ မီကို သဘောကျတယ်” လို့ သက်မွန် က ပြောပြသွားပါတယ်။