သားဖြစ်သူကို အနုပညာလမ်းကြောင်းပေါ် မှန်ကန်စွာ လျှောက်လှမ်းနိုင်ဖို့ ပံ့ပို့ပေးသွားမယ်ကိုကိုဦး

0
292

လူကြမ်းဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ် အား ပေးမှုတွေရရှိသလို တချို့ ပရိသတ်တွေရဲ့ တိုက်ခိုက်မှုတွေလည်း ခံခဲ့ရသူကတော့ လူကြမ်း သရုပ်ဆောင် ကိုကိုဦးပါ။ မိသားစု အပေါ် ချစ်ခြင်းမေတ္တာတွေ အပြည့်အဝ ပေးနိုင်တဲ့အပြင် လူတိုင်းအပေါ်လည် နား လည်ခွင့်လွှတ်တတ်သူပါ။ သူ့ရဲ့တစ်ဦးတည်း သော သားဖြစ်တဲ့ သီဟအောင်ကတော့ ဒီ နှစ်အကယ်ဒမီပေးပွဲမှာ အကယ်ဒမီအကူ မောင်မယ် တစ်ဦးဖြစ် ပါဝင်မှာလည်း ဖြစ်ပါ တယ်။ သားဖြစ်သူ အကယ်ဒမီ အကူမောင် မယ်အဖြစ် ပါဝင်ခွင့်ရတဲ့ အပေါ် သူ့ရဲ့ခံစား မှုကိုလည်း ..

“ဒီနှစ်အကယ်ဒမီရွှေကြိုမှာ သားလေး ပါသွားတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ ပထမမပါဘူးဆိုတော့ ခံစားမှုက တစ်မျိုး ခုပါသွားတဲ့ခံစားမှုကတော့ ဘာနဲ့မှမတူဘူး။ အရမ်းပျော်ပါတယ်။ သူက ဝါသနာ ပါတယ် ဆိုတော့ ကျွန်တော်က သူ့ကို ဒီအနုပညာ လမ်းကြောင်းပေါ်မှာ မှန်ကန်စွာလျှောက်နိုင်ဖို့ ညွှန်ကြားပေးဖို့ဘဲ လိုတယ်။ သူ့ကိုယ်တိုင် ဝါ သနာမပါဘဲ လုပ်ခိုင်းလို့ မရဘူး။ သူက ၇ တန်းကျောင်းသားလောက် ကတည်းက ပရိသတ်တွေ နည်းနည်း သတိထားမိတယ်။ သူဝါသနာပါတော့ သူဟာသူ Video လေး တွေ ရိုက်တယ်။ သူငယ်ချင်းတွေနဲ့ စုပြီး လည်း အပျော်တမ်း ရိုက်တာတွေရှိတယ်။ ကိုယ်တိုင်ကလည်း အနုပညာသမားဖြစ်တဲ့ အတွက် သားကိုလည်း အနုပညာသမားဖြစ် စေချင်ပါတယ်။ ခုလည်း ပရိသတ်တွေက ချစ် ကြတယ်။ အားပေးကြတယ်ဆိုတော့ အရမ်း ပီတိဖြစ်ရပါတယ်” လို့ ပြော ပြခဲ့ပါတယ်။
ကိုယ်တိုင် လူကြမ်း သရုပ်ဆောင် တစ်ဦးဖြစ်တဲ့အတွက် သားဖြစ်သူကို တိုက် ခိုက်မှုတွေရှိခဲ့တဲ့အကြောင်းလည်း သရုပ် ဆောင် ကိုကိုဦးက ခုလို ပြောပြခဲ့ပါတယ်။…

“သူငယ်ငယ်တုန်းက ကျောင်းတက် တုန်းကလည်း သူ့ကို လူကြမ်းကြီးသား ဆိုပြီးစချင်နောက်ချင်တဲ့ ကလေးတွေ၊ စိန် ခေါ်ချင်တဲ့ကလေးတွေ ရှိတယ်။ အဲ့တာကို ကျွန်တော်တို့က ကျောင်းက ဆရာမတွေနဲ့ ဆွေးနွေး အဲဒီကလေးတွေခေါ်ပြီး နားဝင် အောင် ဆုံးမရတာတွေရှိတယ်။ ပြန်အဆင် ပြေအောင်လုပ်ရတယ်။ ခုပရိသတ်တွေက လည်း သူ့ကို အားပေးကြတယ်။ သူက အနုပညာပတ်သက်ပြီး ပရိသတ်ကိုလည်း ဘာမှချပြသေးတာမဟုတ်ဘူး။ ဒါပေမဲ့ ပရိသတ်တွေက ကြိုးစားဖို့အားပေးကြတယ်။ မေတ္တာတွေ ပေးကြတယ်။ အရမ်းလည်း ဝမ်းသာပါတယ်” လို့လည်း ပြောပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here