ကိုရီးယား လူမျိုးတွေဆီက အနုပညာနဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ အဆိုတော် နီနီခင်ဇော်

0
180

ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတဲ့ အဆိုတော်နီနီခင်ဇော်ကတော့ မကြာသေးမီက ပြည်သူ့ဥယျာဉ်မှာ ကျင်းပပြုလုပ်တဲ့Korea Drama Music Concert မှာ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ကိုရီးယားမြန်မာနိုင်ငံ ယဉ်ကျေးမှု ချင်းဖလှယ်ပြီး ဖျော်ဖြေတင်ဆက်ကြတဲ့ Music Concert တစ်ခုလည်းဖြစ် ပါတယ်။ အဆိုပါ Music Concert မှာ သူ့ရဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့ပတ်သက် ပြီး …

“ယဉ်ကျေးမှုဖလှယ်ပွဲကတော့ နီနီတို့အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ အမြဲတမ်းလည်း လုပ်နေကျဖြစ်တဲ့အတွက် ဘယ်လိုမျိုး အိုင်ဒီယာ ဆန်းသစ်အောင်လုပ်ရမလဲ စဉ်းစားရတာပေါ့။ သီချင်းတွေကတော့ အစုံဆိုခဲ့ ပါတယ်။ အဝတ်အစားပိုင်း ဆိုရင်လည်း တီလည်း တီထွင်ရမယ် လုံလည်း လုံခြုံရမယ်ပေါ့။ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ရင်လည်း ပရိသတ်က နီနီကို မြန်မာလိုဝတ်တာကို သဘောကျကြပါတယ်။ ဒါကတော့ နီနီရယ်လို မဟုတ် ပါဘူး။ အနုပညာရှင်တိုင်းကိုမြင်ချင်တဲ့ ဖက်ရှင်လို ထင်ပါတယ်” လို့ ပြောပြခဲ့ ပါတယ်။ ကိုရီးယားအနုပညာရှင်တွေရဲ့ အနုပညာလွမ်းမိုးမှုကို အားကျရ တယ်လို့ပြောလာတဲ့ အဆိုတော် နီနီခင်ဇော်က …

“ကိုရီးယား Drama တွေ နီနီ ငယ်ငယ်တုန်းကတော့ ကြည့်တယ်။ ခုအသက်ကြီးလာတော့ သိပ်မကြည့်ဖြစ်ဘူး။ ကြည့်လိုက်ရင်လည်း စွဲသွား တယ်။ စွဲသွားလည်း နောက်ရက်ကျရင် ကိုယ်က ပြန်မကြည့်နိုင်တော့ဘူး။ သူတို့ရဲ့ Drama တွေက အချိတ် အဆက်တွေ အများကြီး ဖွဲ့စည်းမှုကလည်း အရမ်းအားကောင်းတာပဲ။ ပြီးတော့ နောက်ခံတေးသီချင်းတွေကလည်း အရမ်းအားကောင်းတယ်။ သူတို့ရဲ့အနုပညာကတော့ တစ်ကမ္ဘာလုံးကိုလည်း လွှမ်းထားနိုင်တယ်။ သူတို့ရဲ့အနုပညာတွေရော သူတို့ရဲ့ယဉ်ကျေးမှုတွေပါ တွဲပြီး ပြသွားတယ်လို့ နီနီထင်တယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ နီနီ သူတို့ကို အားကျပါတယ်။ K-Pop မှာဆိုလည်း သူတို့ လိုင်း တစ်လိုင်းတည်းဘဲ သွားကြတယ်။ လူအရမ်း ညီကြတယ်။ အကတွေ ဆိုရင်လည်း K-Pop က သက်သက်ရှိပြီးသား။ အနောက် နိုင်ငံတွေက အကကို မယူဘဲနဲ့ သူတို့ နောက်ထပ်ဘာသာတစ်မျိုးကို ရအောင် ဖန်တီးတယ်။ သူတို့တွေဆီကလည်း အများကြီး လေ့လာရပါတယ်။ သူ တို့ဆီကလည်း လေ့လာခဲ့ရပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ
ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here