Makeup Special Effect ပညာရပ်ကို အကယ်ဒမီပေးလိုက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးရလဒ်တွေကို ပြောပြတဲ့ ကိုအောင်ကျော်ထွန်း

0
190

အကယ်ဒမီဆုချီးမြှင့်ပွဲနီးပြီဖြစ်တာကြောင့် အကယ်ဒမီနဲ့ပတ်သက်လို့ အနု ပညာရှင်အားလုံး ကပွဲတက်ဖို့နဲ့ ဆု အတွက်ကို ရင်ခုန်စိတ်လှုပ် ရှားနေကြ ပါပြီ။ အကယ်ဒမီဆု အတွက် စိတ် လှုပ်ရှားနေကြသူတွေထဲမှာ Makeup Special Effect ပညာရှင် ကိုအောင် ကျော်ထွန်းလည်း ပါပါတယ်။ သူ့ အနေနဲ့ကတော့ အရင်နှစ်ကလည်း Makeup Special Effect ပညာရပ်နဲ့ ပတ်သက်လို့ အကယ်ဒမီ
အသံထွက်ခဲ့ပေမယ့် ဆုချီးမြှင့်ခဲ့ ခြင်းတော့ မရှိခဲ့ပါဘူး။ အခုနှစ်မှာလည်း အသံထွက်လာပြန်တဲ့အတွက် သူ့မှာ ရင် ခုန်ရပြန်ပါပြီ။

“မနှစ်ကတော့ ဘယ်လိုအသံမျိုး ထပ်ထွက်လဲဆိုတော့ ဇာတ်ကား တစ် ကားမှာ အဓိကဇာတ်ရုပ်ကို ဖန်တီးတဲ့ Effect မဟုတ်ရင် ပေးရတာ ခက်တယ်ဆို တာပေါ့။ ဒါလည်း လက်ခံလို့ ရပါတယ်။ Effect ပဲသပ်သပ်ပေးမယ်ဆိုရင်တော့ ကြိုးစားခဲ့တာလေးတွေရှိပါတယ်။ ဒီနှစ် ကတော့ ဆီလီကွန်မိတ်ကပ် Effect နဲ့ အဓိကကျတဲ့ နေရာမှာပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားတော့ ရှိပါတယ်။ ဒါ ကြောင့် မနှစ်က ပြောတဲ့စကားအရ ဆိုရင်တော့ မျှော်ရမလိုတော့ နည်းနည်း တော့ ရှိတယ်ပေါ့” လို့ အကယ်ဒမီနဲ့ ပတ်သက်လို့ ဒီနှစ်အတွက် ရင်ခုန်မှုကို ကိုအောင်ကျော်ထွန်းက ပြောပါတယ်။

Makeup Special Effect ပညာရပ်သည် အကယ်ဒမီ ရလောက်အောင် တန်ဖိုးရှိတဲ့ ပညာ ရပ်တစ်ခုပါလားလို့ လူငယ်တွေ အနေနဲ့ သိလာပြီဆိုရင် ဒီပညာရပ်နဲ့ ပတ်သက်လို့ လူငယ်တွေဟာ ထပ် ကြိုးစားလာကြမှာဖြစ်ကြောင်း သူက ပြောပါတယ်။

“စိတ်ဓာတ်တွေ တက်ကြလာမယ်။ ရိုးရိုးမိတ်ကပ်လိမ်းနေတာမျိုး မဟုတ်ဘဲနဲ့ ကမ္ဘာက ပညာရပ်တွေကို သူတို့ထပ်လေ့ လာမယ်။ လိုအပ်လာ ရင် ဟောလိဝုဒ် အထိ သွားမယ်ဆိုတဲ့ လူတွေလည်း ပေါ်ကောင်း ပေါ်လာမယ်။ သင်တန်း တက်ပြီးရင်းတာပေါ့။ ပြီးတဲ့အခါ အပြိုင် အဆိုင်တွေ ဖြစ်လာမယ်။ အပြိုင် အဆိုင်တွေ ဖြစ်လာရင် ရလဒ်ကတော့ ကောင်းသထက် ကောင်းလာမှာပါ။ လူငယ်တွေ အခွင့်အလမ်းရလာမယ်၊ လူငယ်တွေ တိုးတက်လာမယ်။ မြန်မာ့ ရုပ်ရှင်လောကမှာ ကမ္ဘာနဲ့ရင်ဘောင် တန်းလာနိုင်တဲ့ ဇာတ်ကောင်တွေကို မိတ်ကပ်ခေါင်းစဉ်ဘက်ကနေပြီး တော့ မလျော့ဘဲနဲ့ ဖန်တီးလာနိုင်မယ်” လို့ Makeup Special Effect ပညာရပ်ကို အကယ်ဒမီပေးလိုက်ခြင်း အားဖြင် ဖြစ် ပေါ်လာမယ့် အကျိုးရလဒ်တွေနဲ့ ပတ် သက်လို့ ကိုအောင်ကျော်ထွန်းက ပြော ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here