နိုင်ငံရပ်ခြားမှာ သွားရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းလိုလိုကို ဆု တွေ ရအောင်ယူခဲ့ပြီး မြန်မာနိုင်ငံ ကို ဂုဏ်တက်အောင် ကြိုးစားခဲ့သူက တော့ ကြက်တောင်အားကစားမယ် သက်ထားသူဇာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့သလို အခက်အခဲတွေအများကြီးရှိခဲ့ တယ်ဆိုတာကိုလည်း သက်ထားသူ ဇာက အခုလိုပြောပြခဲ့ပါတယ်။. . .
“ညီမ ဒီတစ်ခေါက်သွားရောက်ယှဉ်ပြိုင်တဲ့ Uganda နိုင်ငံနဲ့ Kenya နိုင်ငံမှာ ပထမဆုရခဲ့တယ်။ အာဖရိ က နိုင်ငံမှာ သွားပြိုင်တာဖြစ်တဲ့ အ တွက် အခက်အခဲက အများကြီးရှိ တယ်။ အစားအသောက်တွေ၊ ရာသီ ဥတုနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ အများကြီးကြုံရတယ်” လို့ ပြောပြပါတယ်။ပြိုင်ပွဲတစ်ပွဲဝင်ပြိုင်နိုင်ရန် မိဘ တွေရဲ့ ပံ့ပိုးပေးမှုတွေအကြောင်းကို လည်း သက်ထားသူဇာက အခုလို ပြောပြပါသေးတယ်။. . .
“ညီမအမေဆို အမြဲတမ်း လိုက်ပေးတယ်။ ငွေရေး ကြေးရေးက လည်း ကုန်ကျစရိတ်အရမ်းများ တယ်။ နိုင်ငံကလည်းဝေးတော့ တအား သတိထားပြီး သွားရတယ်။ အမေဆို အမြဲတမ်းလိုလို လိုက်ပြီး တော့ ညီမကိုအကုန်လုံး ကူညီပေး တယ်။ အဖေဆိုရင်လည်း ညီမကြက်တောင် စရိုက်တဲ့ ၇ နှစ်သမီးအရွယ်ကတည်းက ညီမရဲ့လက်ဦးဆရာ လို့လည်း ပြောလို့ရတယ်။ အဖေက ကြက်တောင်နဲ့ ပတ်သက်ပြီးတော့ လည်း ညီမကို အမြဲတမ်းလိုလို သင်ပေးတယ်။ ညီမအဖေပြောသမျှကို ညီမအမြဲတမ်းလိုက်နာတယ်”လို့ ပြောပြပါတယ်။
နောက်ထပ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း သက်ထားသူ ဇာက. . .
” ညီမက ကြက်တောင်နဲ့ ပတ်သက်ပြီး အိပ်မက်ရှိတယ်။ အိုလံ ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်။ ညီမကRanking ၁ဝဝ ထဲ ဝင်မှ အိုလံပစ်နဲ့ပတ်သက်ပြီး မျှော်လင့် ချက်အနည်းငယ်ရှိမှာပါ။ အိုလံပစ်ထဲ ဝင်ပြိုင်နိုင်အောင်လည်း ညီမ အစွမ်းကုန်ကြိုးစားနေတယ်။ အခုက ပြိုင်ပွဲတွေ လိုက်ပြိုင်ပြီးတော့ Ranking တွေစုနေတယ်။ ပရိသတ်ကြီးလည်း အားပေးရကျိုးနပ်အောင် ညီမပြိုင်ပွဲ တွေကို အစွမ်းကုန်ကြိုး စားပြီးတော့ ယှဉ်ပြိုင်သွားပါမယ်”လို့ ပြောပြခဲ့ပါ သေးတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ- ဇော်ဝင်းအောင်