သီချင်းသီဆိုပုံ၊ ဟန်ပန်တွေက တခြားသူတွေနဲ့မတူဘဲ တမူဆန်း သစ်ကွဲပြားတာတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာတဲ့ အဆိုတော်ကတော့ မယ်ရီပါ။ Midnight Thoughts သီချင်းခွေလေးကိုလည်း ပရိသတ်လက်ထဲ အရောက်ပို့ပေးထားပြီး ပရိသတ်တွေရဲ့ သဘော ကျနှစ်ခြိုက်မှုကို ရရှိကာ ပစ္စည်းပြတ်တဲ့အထိ ရောင်း ကောင်းခဲ့တဲ့ သီချင်းခွေလည်းဖြစ်ပါတယ်။ ဒဂုံ တက္ကသိုလ်ရဲ့ ကျောင်းသင်္ကြန်ပွဲတော်မှာလည်း မယ်ရီ လာရောက်ဖျော်ဖြေခဲ့ပါတယ်။ ကျောင်းသား တွေနဲ့ အတူတူဖျော်ဖြေရတဲ့ ခံစားချက်ကိုလည်း မယ်ရီက အခုလိုပြောပြခဲ့ပါတယ်။. . .
“မယ်ရီလည်း တက္ကသိုလ်ပြီးထားတာ သိပ်မကြာသေးဘူး။ ဒဂုံ တက္ကသိုလ်ကလည်း ဖိတ်လို့ လာရောက်ဖျော် ဖြေဖြစ်တယ်။ မယ်ရီ ဖျော်ဖြေတဲ့ကျောင်းတိုင်း မှာ ကျောင်းသားတွေက တအားအားပေးကြ တယ်။ ကျောင်းသားတွေနဲ့အတူတူ ဖျော်ဖြေရတာ ပျော်ဖို့လည်းကောင်းတယ်။ မယ်ရီက တက္ကသိုလ်ကို နိုင်ငံခြားမှာ ပြီးခဲ့တာဆို တော့ တက္ကသိုလ်ကျောင်းသားဘဝမှာ အခုလို မျိုး ရှိခဲ့ရင် ကောင်းမယ်ဆိုပြီးတွေးမိတယ်။ မယ်ရီဆိုတဲ့ သီချင်းတွေက အေးတာများ တယ်။ ကျောင်းသားတွေက ကျောင်းသင်္ကြန်ဆိုတော့ မြူးချင်တယ်၊ ကချင်တယ်။ ဒါပေမဲ့ မယ်ရီ ကို ချစ်တဲ့စိတ်နဲ့သူတို့ မယ်ရီ့သီချင်းကို လိုက်ဆိုပေး တယ်။ အားပေးကြတဲ့အတွက်ကိုလည်း ကျေးဇူးတင် ပါတယ်”လို့ ပြောပြပါတယ်။ နိုင်ငံခြားက တက္ကသိုလ်ကျောင်းသား၊ ကျောင်း သူဘဝနဲ့ မြန်မာပြည်က တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကွာခြားချက်ကိုလည်း. . .
“နိုင်ငံခြား မှာက Independent ဖြစ်တယ်။ ၁၈ နှစ်ပြည့်ပြီ ဆိုရင် ကိုယ့်ပိုက်ဆံကိုယ်ရှာရတယ်။ မြန်မာပြည်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ သိပ်မတူဘူးလို့ထင်တယ်။ မြန်မာပြည်က ကလေး တွေက ပိုပြီးတော့ လိမ္မာတယ်။ မိဘစကားနား ထောင်တယ်။ ဆရာ၊ ဆရာမစကားနားထောင်တယ်။ မယ်ရီ အများကြီးတော့ သိပ်မပြောတက်ဘူး”လို့ ပြောပြပါတယ်။ သင်္ကြန်မှာ သီချင်းမဆိုဖြစ်ဘဲ ခရီးထွက်ဖြစ်မယ်ဆိုတာကိုလည်း မယ်ရီက “ဒီနှစ်သင်္ကြန်ကို မယ်ရီ ခရီးထွက်ဖို့ စဉ်းစားထားတယ်။. . .
“မယ်ရီက သင်္ကြန်ဆိုရင် သီချင်းမဆိုဘူး။ မဆိုဘူးဆိုတာက မယ်ရီ သီချင်းတွေက အေးတာများတယ်။ သင်္ကြန်နဲ့ သိပ်မလိုက်ဖက်သလိုပဲ။ မယ်ရီက တခြားအဆိုတော်တွေနဲ့မတူဘူး။ သင်္ကြန်မှာ သီချင်းမဆိုဘဲနဲ့ ပရိသတ်တွေလို မယ်ရီနားတဲ့ အားလပ်ရက်လေးပါ “လို့လည်း ပြောပြပါတယ်။
“မယ်ရီ အခု အဆိုတော်ကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး သီချင်းလုပ်နေတယ်။ ဘယ်သူလဲဆိုတာတော့ မယ်ရီအခုမပြောပြသေးဘူး။ လျှို့ဝှက်ထားဦးမယ်။ နောက်ထပ်Album ထပ်ထွက်ဖို့လည်း ပြင်ဆင်နေပါတယ်”လို့ လည်း ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း ၊
ဓာတ်ပုံ- ထက်လူ