သင်္ကြန်​က သူ့အတွက်တော့အားလပ်​ရက်​ပါဆိုတဲ့မယ်​ရီ

0
309

သီချင်းသီဆိုပုံ၊ ဟန်​ပန်​တွေက တခြားသူတွေနဲ့မတူဘဲ တမူဆန်း သစ်​ကွဲပြားတာတွေကြောင့်​ ပရိသတ်​တွေရဲ့ အားပေးမှုတွေကို ရရှိလာတဲ့ အဆိုတော်​ကတော့ မယ်​ရီပါ။ Midnight Thoughts သီချင်းခွေလေးကိုလည်း ပရိသတ်​လက်​ထဲ အရောက်​ပို့ပေးထားပြီး ပရိသတ်​တွေရဲ့ သဘော ကျနှစ်​ခြိုက်​မှုကို ရရှိကာ ပစ္စည်းပြတ်​တဲ့အထိ ရောင်း ကောင်းခဲ့တဲ့ သီချင်းခွေလည်းဖြစ်​ပါတယ်​။ ဒဂုံ တက္ကသိုလ်​ရဲ့ ကျောင်းသင်္ကြန်​ပွဲတော်​မှာလည်း မယ်ရီ လာရောက်​ဖျော်​ဖြေခဲ့ပါတယ်​။ ကျောင်းသား တွေနဲ့ အတူတူဖျော်​ဖြေရတဲ့ ခံစားချက်ကိုလည်း မယ်ရီက အခုလိုပြောပြခဲ့ပါတယ်​။. . .

“မယ်​ရီလည်း တက္ကသိုလ်​ပြီးထားတာ သိပ်​မကြာသေးဘူး။ ဒဂုံ တက္ကသိုလ်​ကလည်း ဖိတ်​လို့ လာရောက်​ဖျော် ဖြေဖြစ်​တယ်​။ မယ်​ရီ ဖျော်​ဖြေတဲ့ကျောင်းတိုင်း မှာ ကျောင်းသားတွေက တအားအားပေးကြ တယ်။ ကျောင်းသားတွေနဲ့အတူတူ ဖျော်​ဖြေရတာ ပျော်​ဖို့လည်းကောင်းတယ်​။ မယ်​ရီက တက္ကသိုလ်​ကို နိုင်ငံခြားမှာ ပြီးခဲ့တာဆို တော့ တက္ကသိုလ်​ကျောင်းသားဘဝမှာ အခုလို မျိုး ရှိခဲ့ရင်​ ကောင်းမယ်​ဆိုပြီးတွေးမိတယ်​။ မယ်ရီဆိုတဲ့ သီချင်းတွေက အေးတာများ တယ်​။ ကျောင်းသားတွေက ကျောင်းသင်္ကြန်​ဆိုတော့ မြူးချင်​တယ်​၊ ကချင်​တယ်။ ဒါပေမဲ့ မယ်ရီ ကို ချစ်​တဲ့စိတ်​နဲ့သူတို့ မယ်​ရီ့သီချင်းကို လိုက်​ဆိုပေး တယ်​။ အားပေးကြတဲ့အတွက်​ကိုလည်း ကျေးဇူးတင်​ ပါတယ်​”လို့ ပြောပြပါတယ်​။ နိုင်​ငံခြားက တက္ကသိုလ်​ကျောင်းသား၊ ကျောင်း သူဘဝနဲ့ မြန်​မာပြည်​က တက္ကသိုလ်​ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကွာခြားချက်​ကိုလည်း. . .

“နိုင်​ငံခြား မှာက Independent ဖြစ်​တယ်​။ ၁၈ နှစ်​ပြည့်​ပြီ ဆိုရင်​ ကိုယ့်​ပိုက်​ဆံကိုယ်ရှာရတယ်​။ မြန်​မာပြည်က တက္ကသိုလ်​ကျောင်းသား၊ ကျောင်းသူတွေနဲ့ သိပ်​မတူဘူးလို့ထင်တယ်​။ မြန်​မာပြည်​က ကလေး တွေက ပိုပြီးတော့ လိမ္မာတယ်​။ မိဘစကားနား ထောင်​တယ်။ ဆရာ၊ ဆရာမစကားနားထောင်​တယ်။ မယ်ရီ အများကြီးတော့ သိပ်​မပြောတက်​ဘူး”လို့ ပြောပြပါတယ်​။ သင်္ကြန်​မှာ သီချင်းမဆိုဖြစ်ဘဲ ခရီးထွက်ဖြစ်မယ်​ဆိုတာကိုလည်း မယ်​ရီက “ဒီနှစ်​သင်္ကြန်​ကို မယ်​ရီ ခရီးထွက်​ဖို့ စဉ်းစားထားတယ်။. . .

“မယ်​ရီက သင်္ကြန်​ဆိုရင်​ သီချင်းမဆိုဘူး။ မဆိုဘူးဆိုတာက မယ်ရီ သီချင်းတွေက အေးတာများတယ်​။ သင်္ကြန်​နဲ့ သိပ်​မလိုက်​ဖက်​သလိုပဲ။ မယ်​ရီက တခြားအဆိုတော်​တွေနဲ့မတူဘူး။ သင်္ကြန်​မှာ သီချင်းမဆိုဘဲနဲ့ ပရိသတ်​တွေလို မယ်​ရီနားတဲ့ အားလပ်​ရက်​လေးပါ “လို့လည်း ပြောပြပါတယ်​။

“မယ်​ရီ အခု အဆိုတော်​ကြီးတစ်​ယောက်​နဲ့ ပူးပေါင်းပြီး သီချင်းလုပ်​နေတယ်​။ ဘယ်​သူလဲဆိုတာတော့ မယ်​ရီအခုမပြောပြသေးဘူး။ လျှို့ဝှက်​ထားဦးမယ်​။ နောက်​ထပ်​Album ထပ်​ထွက်​ဖို့လည်း ပြင်​ဆင်​နေပါတယ်​”လို့ လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း ၊

ဓာတ်​ပုံ- ထက်​လူ


LEAVE A REPLY

Please enter your comment!
Please enter your name here