ဆယ်တန်းစာမေးပွဲကိုအခက်အခဲတွေကြားထဲကနေ အကောင်းဆုံးဖြေဆိုခဲ့တဲ့ခင်ပိုးပန်းချီ

0
369

ခင်​ပိုးပန်းချီဆိုတာနဲ့ တရားပွဲတွေမှာ အသံချိုချို၊ အေးအေးလေးနဲ့ တရား တောင်းတွေကို ဆိုတတ်တဲ့ အဆိုတော်​တစ်​ယောက်​မှန်း ပရိသတ်​တွေ သိကြမှာ ပါ။ ယခုနှစ်​တက္ကသိုလ်​ဝင်​တန်း စာမေးပွဲကြီးကိုလည်း အကောင်းဆုံးကြိုးစား ဖြေဆိုခဲ့တယ်​လို့လည်း ခင်​ပိုးပန်းချီက ပြောပြပါတယ်​။ ခင်​ပိုးပန်းချီရဲ့ မိခင်ဖြစ်​ တဲ့ ဒေါ်ခင်​အေးသိန်းကလည်းသမီးဖြစ်​သူ ဆယ်​တန်းစာမေးပွဲကြီး ဖြေဆို တာနဲ့ ပတ်​သက်​ပြီး အခုလိုပြော ပြခဲ့ပါတယ်​။. . .

“ခင်​ပိုးက ၃ လပိုင်း ၆ ရက်​နေ့ ဆယ်​တန်းစာမေးပွဲကြီး စပြီး ဖြေရမယ်​။ ၃ လပိုင်း ၃ ရက်​နေ့အထိကို သူက သီတဂူဆရာတော်​ဘုရားကြီးရဲ့ သီရိမင်္ဂလာဈေးနောက်​ဆုံးပိတ်​တရားပွဲကို ဆိုပေးရတုန်း။ ခင်​ပိုးမှာ စာလုပ်​ချိန်​တော်​တော်​နည်းတယ်​။ တကယ့်​အခက်​အခဲက စာမေးပွဲဖြေခါနီးမှာ ဂိုက်​(Guide) ကို လုံးဝ ခေါ်လို့မရဘူး။ အဲဒီတော့ အန်​တီနဲ့ သမီးကြီးက သူ့ကို ဝိုင်းကျက်​ပေးတယ်။ မြန်​မာစာကိုတော့ အန်​တီ တို့ ဆရာမခေါ်ဘူး။ ကျောင်းကသင်​တာနဲ့ အန်​တီတို့ဘေးက ကျက်​မှတ်​ပေး တာနဲ့ ပေါင်းပြီး သူဖြေနိုင်​ခဲ့တယ်​။ ကျန်​တဲ့ဘာသာတွေတော့ အန်​တီတို့ ဆရာ ခေါ်တယ်​။ မိခင်​တစ်ယောက်​ဖြစ်​တဲ့အတွက်​ သမီးဖြေတဲ့ ဘာသာတိုင်းကို စိုးရိမ်​တယ်​။ သူ့မှာက စာကျက်​ချိန်​ သိပ်​မရှိဘူး။ အစကသူ မဖြေတော့ဘူးဆိုပြီး လုပ်​ထားတာ။ သူ့အစ်​မရဲ့ ရောဂါ အတွက်​ သူ့အစ်မကို သူကယ်​မယ်​။ ရအောင်​ပိုက်​ဆံရှာပြီး ကုမယ်​ဆိုပြီးတော့ သူပွဲတွေ သွားတယ်​။ သူမဖြေတော့ဘူးဆိုပြီး လုပ်​တဲ့အချိန်​ ၁၂ လပိုင်းမှာ သူ့ အစ်မဆုံးသွားတယ်​။ သူစိတ်​ကိုတင်းပြီးတော့ ဆယ်​တန်းစာမေးပွဲကြီးကို ပြန်​ဖြေတယ်။ ဒါပေမဲ့သူ့မှာ စာကျက်​ချိန်​ သိပ်မရှိတော့ဘူး။ ပွဲတွေကလည်း ဖျက်​လို့မရတော့ဘူး၊ လက်​ခံထားပြီးသားပွဲတွေဆိုတော့။ ပွဲတွေ သွားရင်​ သူစာအုပ်​တွေ ယူသွားတယ်။ ကားပေါ်မှာ သူကျက်​တယ်​။ ပွဲဆိုပြီးသွားရင်​ သူကျက်​တယ်​။ အခု စာမေးပွဲ တစ်​ဘာသာဖြေပြီးလို့ထွက်​ လာတဲ့အချိန်​တိုင်း ဖြေနိုင်​တယ်​လို့ ပြောတဲ့အချိန်​တိုင်း မိခင်​တစ်​ယောက်​အနေနဲ့ ပီတိဖြစ်​ရတယ်​။ နောက်​ပိုင်းရလဒ်​ကို မသိပေမယ့်​ အန်​တီကျေနပ်​မိတယ်​”လို့ပြောပြပါတယ်​။ ခင်​ပိုးပန်းချီကလည်း သူ့ရဲ့ ဆယ်​တန်းစာမေးပွဲ ဖြေဆိုခဲ့တဲ့ အတွေ့အကြုံကိုလည်း အခုလို ပြောပြပါသေးတယ်​။. . .

“သမီးက အစက မဖြေတော့ဘူးဆိုပြီး လုပ်​ထားတယ်​။ ဒါပေမယ့်​ အချိန်​၂ လ၊ ၃ လလောက်​ကျန်​တဲ့အချိန်​မှာ သမီးကြိုးစားပြီး ဖြေကြည့်​မယ်​ဆိုပြီး သမီးကြိုးစား တယ်​။ ဘာသာတိုင်းကိုတော့ သမီး ဖြေနိုင်​ခဲ့ပါတယ်​။ မေမေကလည်း သမီးကို ဆယ်​တန်းစာမေးပွဲအောင်​သွားရင်​ ယဉ်​ကျေးမှုနှင့်​ အနုပညာ တက္ကသိုလ်​တက်​စေချင်​တယ်​။ မေမေက မြန်မာ သံအဆိုတော်​ကြီး အန်တီမာမာအေးတို့၊ အန်​တီတင်​တင်​မြတို့လိုဖြစ်​စေချင်​တယ်​။ မေ့မေ့ စကားကိုလည်း နားထောင်​ချင်​တယ်​။ သမီးကိုယ်တိုင်​လည်း ဝါသနာပါတဲ့အတွက်​ ဆယ်​တန်းအောင်​သွားရင်​ ယဉ်​ကျေးမှုနှင့်​ အနုပညာတက္ကသိုလ်​တက်​ချင်​တယ်​”လို့လည်း ပြောပြပါတယ်​။ မိခင်​ဖြစ်​သူ ဒေါ်ခင်အေးသိန်းကလည်း. .  .

“အန်​တီက ခင်​ပိုးကို ဆရာဝန်​ကြီး၊ အင်​ဂျင်​နီယာကြီး အဲဒီလိုမျိုးတွေတော့ မဖြစ်​စေချင်​ပါဘူး။ သမီးက ငယ်​ငယ်​လေးကတည်းက တအား ကြောက်​တက်​တယ်​၊ လန့်​တက်​တဲ့သူဆိုတော့။ အန်​တီဂုဏ်ထူးလည်း မမှန်းပါဘူး။ အခုဆယ်​တန်း မေးပွဲ ကြီးကို ခင်​ပိုးရိုးရိုးလေးပဲ အောင်​ရင်​ အန်​တီကျေနပ်​ပါတယ်​ ” လို့ ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ- ထက်​လူ


LEAVE A REPLY

Please enter your comment!
Please enter your name here