တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုတွေနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းလှတဲ့လူရွှင်တော်ကြီးဦးမေတ္တာတို့ မိသားစု

0
228

ဟာသလူရွှင်တော်ကြီး ဦးမေတ္တာရဲ့သမီး သက်လျာလွင်ကအခု နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုလို့ ပြီးခဲ့ပြီလည်းဖြစ်ပါတယ်။ ဦးမေတ္တာတို့က သမီးဖြစ်သူကို ပညာရေး ပိုင်းနဲ့ပတ်သက်လို့ လိုလေးသေးမရှိရအောင် ပံ့ပိုးပေးခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း သမီး ဖြစ်သူရဲ့ဘော်ဒါဆောင်ကိုသွားပြီး သမီးလေးကို စာကျက် မပြတ်အောင်လို့ ဘေးနားကနေ အားပေးခဲ့ပါတယ်။. . .

“မိဘတွေအတွက်ကတော့ အဓိက ငွေကုန်ကျတာ အဓိက မဟုတ်ဘူး။ သူတို့တွေ ထူးချွန်ထက်မြက်ရင် ကျေနပ်ပြီ။ ဘယ်နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်ရမယ်ဆိုတာမျိုးလည်း မရှိဘူး။ ဦးမေတ္တာက ၁ဝ တန်းကို နှစ်ခါဖြေခဲ့ရတာလေ။ အဲဒီတော့ အောင်ရင် တော်ပြီ။ ဦးမေတ္တာက ဘာမှမလိုဘူး။ ဒီဘက်ခေတ်က အောင်သွားပြီဆိုရင် သူ့လမ်းကြောင်း သူရွေးရ မှာလေ။ သူကတော့ ပညာပိုင်းကို ရည်ရွယ်ချက်ရှိတယ်”လို့ သမီးဖြစ်သူနဲ့ ပတ်သက်လို့ ဦးမေတ္တာက ပြောပြပါတယ်။
အစ်ကိုဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကလည်း ညီမဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့ချစ်တဲ့ သူပါ။ ညီမဖြစ်သူ စာမေးပွဲမဖြေခင်ကတည်းက လိုအပ်တာမှန်သမျှကို ညီမဖြစ်သူရှိတဲ့ ဘော်ဒါဆောင်ကိုသွားရောက်ပြီး ပို့ဆောင်ပေးရင်း အားပေးစကားတွေ အမြဲပြောခဲ့တာပါ။

“သူကတော့ ပညာပိုင်းမှာတော့ ထူးချွန်တယ်။ သူ့ကိုယ်သူလည်း ယုံကြည်တယ်။ အောင်မယ် ဆိုတာလည်း ယုံကြည်သလို ဂုဏ်ထူးအတွက်ကိုလည်း သူမှန်းထားတယ်”လို့ ညီမဖြစ်သူနဲ့ ပတ်သက်လို့ မေတ္တာမြင့်မြတ်ဟိန်းက ပြောပြပါတယ်။

သက်လျာလွင်ရဲ့ အနာဂတ်ရည်မှန်း ချက်ကတော့ ဆရာဝန်ကြီးဖြစ်ချင်တာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ချင်စိတ်တွေ နဲ့အတူ ငယ်စဉ် ကတည်းက ပညာရေးပိုင်းကို တောက်လျှောက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုပြီးတဲ့ အချိန်မှာတော့ သင်တန်းတွေတက်ဖို့လည်း သူက ပြင်ဆင်နေပါပြီ။ သင်တန်းတွေနဲ့ ပတ်သက်လို့ မိသားစုနဲ့ တိုင်ပင်ပြီးမှ တက်ဖြစ်သွားမယ်ဆိုတာကိုလည်း သက်လျာလွင်က. . .

“ကိုယ်ဆက်လျှောက်ရမယ့်လမ်းက ကိုယ်တစ်ယောက်တည်း လျှောက်လို့ ဖြစ်တာ မဟုတ်ဘူးလေ။ ကိုယ်လျှောက်မယ့်လမ်းမှာ အမှားအယွင်းတွေ ဘာတွေ ရှိနိုင်တာပဲ လေ။ မိဘတွေနဲ့ ကိုကြီးမြတ်ကို တိုင်ပင်ပြီးမှ ဘယ်သင်တန်းကို တက်မယ်ဆိုတာ ဆုံးဖြတ်မှာ ပါ” လို့ ပြောပြပါတယ်။

ဦးမေတ္တာက အခုအချိန်မှာတော့ ကျန်းမာရေးကောင်းမွန်နေပြီဖြစ်သလို အနုပညာ အလုပ်တွေကိုလည်း ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here