ရိုက်ကူးရေး လုပ်နေရင်း အဖွဲ့သား ဆုံးရှုံးခဲ့တဲ့ Kingdom

0
209

Netflix ရဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွဲဖြစ်တဲ့ Kingdom ရိုက်ကူးရေးမှာ အဖွဲ့သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၂ ရက်နေ့က အသက် ၂ဝ အရွယ် Lee ဟာ Pyeongchang မှာ Kingdom 2 ရိုက်ကူးရေးအတွက် စီစဉ်နေရင်း ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ Lee ဟာ အငယ်ဆုံး အဖွဲ့ဝင်ဖြစ်ပြီး အခုလို သေဆုံးခဲ့တဲ့အတွက် အားလုံးက အရမ်းကို စိတ်မကောင်းဖြစ်နေပါတယ်။ ဒါကြောင့် Kingdom 2 ရိုက်ကူးရေးကို နောက်ဆုတ်ခဲ့ပြီး Lee ရဲ့ နာရေးကို အားလုံးတက် ရောက်ကြမယ်လို့ သိရပါတယ်။

ဒါက Kingdom ရဲ့ပထမဆုံး ဆုံးရှုံးမှုမဟုတ်ပါဘူး။ မနှစ်က Season 1ရိုက်ကူးတုန်းကလည်း အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါ သေးတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here