ဒစ္စနေးက ပြန်လည်ဆန်းသစ်တီထွင် ရိုက်ကူးထားတဲ့ အာလာဒင် ဇာတ်ကားသစ် မေ ၂၄ မှာ ရုံတင်မည်

0
528

[spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

၁၉၉၂ ခုနှစ်က ရုံတင်ပြသပြီး ရုပ်ရှင်ထူးချွန်ဆုတွေဖြစ်တဲ့ အမ်မီဆု၊ အော်စကာဆု၊ တိုနီအဝဒ် ဆုအပါ အဝင် ဇာတ်ဝင်တေး ဂရမ်မီဆုပါ ရ ခဲ့ပြီး လူကြီးလူငယ်တွေကြား မှတ် မှတ်ထင်ထင်အောင်မြင်ကျော်ကြားခဲ့ တဲ့ အန်နီမေးရှင်းဇာတ်ကား အာလာ ဒင်ကို မူလဖန်တီးရှင် ဒစ္စနေးကုမ္ပ ဏီကပဲ လူသားသရုပ်ဆောင်တွေနဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့ပြီး လာ မယ့် မေလ ၂၄ ရက်မှာ ရုံတင်ပြသ တော့မယ်လို့ သိရပါတယ်။
ဒါရိုက်တာ ဂိုင်ရစ်ချီက ရိုက်ကူး ပြီး မီးခွက်စောင့်နတ် ဂီးနီအဖြစ် ဝီလ်စမစ်၊ ဆူလတန်အဖြစ် နက်ဘီး နက်ဂဘန်း၊ မင်းသမီးလေး ဂျက်စမင် အဖြစ် နာအိုမီစကော့နဲ့ အာလာဒင် အဖြစ် မီးနာမဆူးဒ်တို့က ပါဝင်သရုပ် ဆောင်ထားကြတာဖြစ်ပါတယ်။
ဇာတ်ဝင်တေးအနေနဲ့လည်း ၁၉၉၂ အာလာဒင်ဇာတ်ကားမှာ ပါ ဝင်ပြီး ရုပ်ရှင်ဇာတ်ဝင်တေးဂရမ်မီ ဆုရရှိတဲ့ “A Whole New World” သီချင်းလည်း ပြန်လည်ပါဝင်မှာဖြစ် ပါတယ်။ အခုလ မတ် ၁၂ ရက်မှာ တော့ နမူနာဇာတ်လမ်းတိုကို ပြသ ခဲ့ပြီး ရုံတင်ရက်ကိုပါ တပါတည်း ကြေညာခဲ့တာဖြစ်ပါတယ်။
ပရိသတ်အတော်များများ ငယ် စဉ်ကလေးဘဝကတည်းက အိပ်ယာ ဝင်ပုံပြင်တစ်ပုဒ်အဖြစ် စွဲလမ်းခဲ့ရတဲ့ တစ်ထောင့်တစ်ညပုံပြင်တွေထဲက အာလာဒင်နဲ့ မီးခွက်စောင့်နတ်ဇာတ် လမ်းကို ရုပ်ရှင်ဇာတ်ကားအဖြစ် ရှု စားကြရတော့မယ့်အကြောင်း ဖော် ပြပေးလိုက်ပါတယ်။

Ref:CNN

[/spb_text_block] [spb_video link=”https://www.youtube.com/watch?v=foyufD52aog” remove_related=”yes” autoplay=”no” full_width=”no” width=”1/1″ el_position=”first last”]


LEAVE A REPLY

Please enter your comment!
Please enter your name here