အသက် ၂၈ နှစ်ပြည့် မွေးနေ့ရှင်အိမ့်ချစ်ရဲ့ ပြောင်းလဲမှု

0
369

မတ်လ ၃၁ ရက်နေ့ဟာ အိမ့်ချစ်ရဲ့ အသက် ၂၈ နှစ်ပြည့်မွေးနေ့ ဖြစ်ပါ တယ်။ မွေးနေ့မှာ နယ်ကို ရောက်နေတဲ့အတွက် သင်္ကြန်ပြီးတဲ့အခါ အရင်နှစ် က လုပ်ခဲ့တဲ့အတိုင်း မိဘမဲ့ကလေးတွေကိုWater Boom လိုက်ပို့ပေးဦးမယ် လို့ အိမ့်ချစ်က ပြောပါတယ်။ အသက်တစ်နှစ်ကြီးလာတဲ့အခါ အိမ့်ချစ်ရဲ့ အတွေးအခေါ်ပြောင်းလဲမှုတွေက …

“၂၈ နှစ်ပြည့် မွေးနေ့ပါ။ အပျိုကြီး ဖြစ်နေပြီပေါ့နော် (ရယ်လျက်)။ အသက်ကြီးလာလေလေ အနုပညာနဲ့ ပတ် သက်တဲ့ ခံယူချက်တွေ၊ ဘဝနဲ့ ပတ်သက်တဲ့ခံယူချက်တွေက အများကြီးပြောင်း လဲ လာပါတယ်။ ငယ်ငယ်တုန်းကဆိုလို့ရှိရင် ကိုယ်က နာမည်ကြီးချင်တာ ပဲသိတယ်။ အဲဒီအခါကျတော့ ပရိသတ်ကြိုက်မယ်ထင်တဲ့ ဟာတွေပဲ လိုက်လုပ် ဖြစ်မယ်ထင်တယ်။ အခုအသက်ကြီးလာတဲ့အခါကျတော့ ကိုယ့်စိတ်လေးကို ကိုယ်ဦးစားပေးဖြစ်တယ်။ အနုပညာဆိုတာ ကိုယ်အကောင်းဆုံး ဖန်တီးတာ တစ်ခုကို ပရိသတ်က လက်ခံသွားပြီးတော့ ထပ်တူကျတာကို ပိုပြီးတော့ တန်ဖိုး ရှိတာကို သိလာတဲ့အခါကျတော့ အကြိုက်တွေလိုက်ပြီးတော့လုပ်တော့တာ မဟုတ်ဘဲနဲ့ ကိုယ်ကြိုက်တာမျိုးလေးတွေကို ကောင်းကောင်းမွန်မွန်ဖန်တီးတတ်လာတယ်။ နောက်ပြီးတော့ ဘာသာရေးတွေကိုလည်း ပိုပြီးတော့လုပ်ဖြစ်လာတယ်။ အိမ့်ချစ်က အရင်တုန်းက အလုပ်အရမ်းလုပ်ပေမယ့် ခရီးတွေဘာတွေ မထွက်ဖြစ်ဘူး။ သူငယ် ချင်းတွေ၊ အပေါင်းအသင်းတွေကိုလည်း အချိန်မပေးဖြစ်ဘူး။ အခုတော့ အလုပ် လုပ်ပေမယ့် အိမ့်ချစ်ပျော် ရမယ့်အချိန် လေးတွေ၊ မိသားစုကို အချိန်ပေး ရမှာတွေ၊ သူငယ်ချင်းတွေကို အချိန်ပေးရမှာတွေကို ပိုပေး ဖြစ်လာတယ်။ ဘာကြောင့်လဲ ဆိုတော့ အသက်တစ်နှစ်ကြီး လာလေ မိသားစုတွေ၊ သူ ငယ်ချင်းတွေ၊ ကိုယ်ချစ်ခင်ရ သူတွေရဲ့ တန်ဖိုးကို ပိုသိ လာလေဖြစ်လို့ပါ။ ဒါမျိုး လေးတွေတော့ ပြောင်း လဲလာပါတယ်”လို့ အိမ့် ချစ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here