ရေခဲကိုပွေ့ပိုက်သူ သို့မဟုတ် ကြေးသွန်းယဉ်ကျေးမှု

0
233

၎.၁.၂ဝ၁၉ လွတ်လပ်ရေးနေ့ က အိုရီယန်တယ်ဟိုတယ်မှာလုပ်တဲ့ မြေးမလေးတစ်ယောက်ရဲ့ မင်္ဂလာ ဆောင်ကို နေမကောင်းတဲ့ကြားက သမီးတွေ ခြံရံပြီး သွားရောက်ချီးမြှင့် ခဲ့ရသေးတယ်။

လူက နာလန်မထတထဆိုတော့ ခက်ခက်ခဲခဲသွားခဲ့ရတယ်။ အဲဒီမင်္ဂ လာပွဲမှာပဲ၊ ငယ်သူငယ်ချင်းဖြစ်တဲ့ ‘ကြေးသွန်းဦးဝင်းမောင်’ရဲ့ သမီးကို အမှတ်မထင်တွေ့ရတယ်။ သူငယ် ချင်းသမီးက တစ်ဦးတည်းသော သမီးမို့၊ အခုအခါမှာ တစ်ယောက် တည်း ရုန်းကန်နေရသူ။ ဒါပေမဲ့ သမီးက မျက်နှာငယ်စရာ ဘာမှမရှိ ဘူး။ သမီးမှာ ဆွေမျိုးလို အားကိုးရ တဲ့ မိတ်ဆွေတွေရှိတယ်။ စီးပွားရေး ရှိတယ်။ သူတို့ ဘိုးဘွားအဆက်ဆက် လုပ်ကိုင်ခဲ့ကြတဲ့ ကြေးသွန်းလုပ်ငန်း ရှိတယ်။ သမီးကိုယ်တိုင်ကလည်း ‘ကြေးသွန်းတော’ထဲမှာ ကြီးပြင်းလာ ခဲ့သူမို့ လုပ်ငန်းကို နိုင်နိုင်နင်းနင်း ဦးစီးနေတယ်ဆိုတာ သိရတယ်။ ပြီး တော့ သမီးကို သတ္တိရှိသူအဖြစ် တွေ့ ရတဲ့အတွက် ကျေနပ်မိပါတယ်။

သမီးအဖေကြေးသွန်းဦးဝင်း မောင်ဟာ သူ့အဖေကြေးသွန်းဆရာ ကြီး ဦးဘရင်နဲ့ ဘမျိုးဘိုးတူထဲကပါ။ ဦးဘရင်က အလှူအတန်းမှာ ရက် ရောသလို သူ့သား (ကျွန်တော့်သူငယ် ချင်း) ကြေးသွန်းဦးဝင်းမောင်က လည်း အလှူအတန်းရက်ရောလှသူ တစ်ဦးသာ။
သမီးနဲ့ အခုလိုမြေးမင်္ဂလာ ဆောင်မှာ မမျှော်လင့်ပဲ တွေ့လိုက် ရတော့ သူ့အဖေ ဦးဝင်းမောင်ရဲ့ ‘ထူးခြားလှတဲ့ အလှူအကြောင်း’လေး စကားစပ်မိတယ်။ အဲဒါကတော့ ကြေးသွန်းဦးဝင်းမောင်ရဲ့ ‘ရေခဲအ လှူ’ဖြစ်ပါတယ်။

ရေခဲအလှူဆိုတော့ အလှူက အတော်ထူးခြားမနေဘူးလား။ ဒီလို ပါ။ကျွန်တော့် သမီးငယ်တစ် ယောက်ဟာ သွေးလွန်တုပ်ကွေးရော ဂါနဲ့ မွေးကင်းစဆေးရုံမှာ ဆေးရုံ တက်နေရချိန်ဖြစ်ပါတယ်။

မန္တလေးမွေးကင်းစ ဆေးရုံထဲ မှာ သွေးလွန်တုပ်ကွေးဖြစ်နေကြတဲ့ ကလေးသူငယ်လေးတွေ အများကြီး ဆေးကုရင်း တဖြုတ်ဖြုတ်သေဆုံးနေ ကြတာကို တွေ့ရတယ်။ သေရတဲ့ အကြောင်းရင်းက ကလေးသူငယ် တွေကို ရေခဲမတင်နိုင်ကြလို့ပါပဲ။ ရေခဲဝယ်ရခက်တာရယ်၊ အခြားအ ကြောင်းတွေကြောင့် ရေခဲမတင်နိုင် ကြတာကို တွေ့နေရတယ်။ ကျွန် တော်ကတော့ ကျွန်တော့်သမီးကို ရေခဲအလုံအလောက် ဝယ်ပေးနိုင် ပေမယ့် အခြားကလေးတွေ ရေခဲ မတင်လို့ တဖြုတ်ဖြုတ်သေနေတာကို မကြည့်ရက်ပါဘူး။ ကိုယ်လည်း ဘာ မှမတတ်နိုင်ဘူး။

ကလေးငယ်တွေ ကံကောင်း တော့၊ ဒီအချိန်မှာ ငယ်သူငယ်ချင်း ကြေးသွန်းဦးဝင်းမောင်ကို ကျွန်တော် သတိရလိုက်တယ်။ ကြေးသွန်းဦးဝင်း မောင်က ကျွန်တော်ကို ပြေးထားတဲ့ စကားရှိတယ်။

”မင်း …လှူချင်တာ တန်း ချင်တာရှိရင် …ပြော
လှူသင့်လှူထိုက်တာဆို ငါလှူ မယ် …”ဆိုတဲ့စကားကို ကျွန်တော် သတိရလိုက်တာနဲ့၊ ကျွန်တော်ကြေး သွန်းဦးဝင်းမောင်ကို ချက်ချင်းဆက် သွယ်၊ အကျိုးအကြောင်းပြော၊ တစ် ခါတည်း အကူအညီတောင်းလိုက် တယ်။

ကြေးသွန်းဦးဝင်းမောင် ဘာ လုပ်တယ်ထင်သလဲ။ တစ်ခါထဲ ကား ထုတ် ဘုရားကြီးဈေးထဲက ဒေါ်လှ ရေခဲဆိုင်သွား၊ ရှိသမျှ ရေခဲအကုန် သိမ်း၊ ကားပေါ်တင်ပြီး၊ မွေးကင်းစ ဆေးရုံရောက်ချလာတယ်။ သူအချိန် မီရောက်လာတဲ့အတွက် ကလေးငယ် တွေ အများကြီးအသက်ချမ်းသာရာ ရသွားတယ်။

ဖြစ်ရပ်ကတော့ ဒါပါပဲ။ ဒါပေ မဲ့ ရရှိတဲ့ကုသိုလ်ကတော့ ‘ဒါပါပဲ’ မဟုတ်ဘူး။ ဒါကို သမီးကို ပြောချင် တာ။ ပြောဖြစ်အောင်လည်း ပြောခဲ့ တယ်။

အဲ …အဲ ဦးဝင်းမောင် မကျန်းမာပြီး နေမကောင်းဖြစ်နေစဉ် ကျွန်တော် လူမမာမေး ရောက်ခဲ့ တယ်။ သူ့ဆီက ကျွန်တော်ကိုယ်တိုင် ပီတိဖြစ်မဆုံးတဲ့ စကားတစ်လုံးကြား ခဲ့ရတယ်။ ဒီလိုပါ …

”ဒီလူ့ဘဝနေရတဲ့အခိုက်၊ မင်း နဲ့ သူငယ်ချင်းဖြစ်နေတာ တန်တယ် ကွ မင်းကြောင့် ရေခဲအလှူ ငါလုပ် ခဲ့ရတာ။ အခု ငါလုပ်ခဲ့တဲ့ အလှူ အတန်းတွေပြန်ပြီး နှလုံးသွင်းတဲ့အခါ ပြုဖူးသမျှ အလှူတွေ အားလုံးကို ကျော်ပြီး ရေခဲတွေချည်း မြင်နေ သကွ။ မင်း …ကျေးဇူးက အတော် အေးမြတာပဲ သူငယ်ချင်း …။

ကျွန်တော်က ဒီအကြောင်းအ ရာကို ‘ကြေးသွန်းယဉ်ကျေးမှု’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝတ္တုတိုတစ်ပုဒ်ဖန်တီး ဖူးတယ်။ ကျွန်တော် ဒီ ၂ဝ၁၉ ခုထဲ မှာ ဝတ္တုတို ၁ဝဝ ထုတ်ဖို့ အစီအစဉ် ရှိတယ်။ အဲဒီဝတ္တုတို ၁ဝဝ စီစဉ်စဉ် က အဲဒီကြေးသွန်းယဉ်ကျေးမှု စာမူ ရှာတယ်။ မတွေ့ဘူး။ ကြေးသွန်းယဉ် ကျေးမှု ဝတ္တုကို ဝတ္တုတို ၁ဝဝ မှာ မထည့်လိုက်ရဘူး။ ကျွန်တော့် ၁ဝဝ မှာ တစ်ခုခုလိုသလို ခံစားရတယ်။ အခုဒီစာမူဟာ ကြေးသွန်းယဉ်ကျေး မှုစာမူကို အလွမ်းပြေသဘောလည်း ဖြစ် သမီးဖြစ်သူလည်း သူ့အဖေရဲ့ ကြေးသွန်းယဉ်ကျေးမှုကို အမွေဆက် ခံချင်စိတ်ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။
ငယ်သူငယ်ချင်း
ကြေးသွန်းဆရာကြီး ဦးဝင်း မောင် ကောင်းရာဘုံဘဝ ရောက်ပါ စေ။

ကိုငြိမ်း (မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here