Miss International Myanamr၂ဝ၁၇ ဆုရှင်တစ်ဦး လည်း ဖြစ်သလို အနုပညာဘက်မှာ လည်း သရုပ်ဆောင်ပိုင်းကိုပါ လုပ် ကိုင်နေသူက တော့ စဝ်ယွန်းဝတီဦးပဲ ဖြစ်ပါတယ်။ သတင်း စာဆရာအသင်းက ဦးမှူးကျင်းပတဲ့ Star Awards ဆုပေးပွဲနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့အမြင်ကို အခုလိုပြောပြခဲ့ပါတယ်။
“ဒီပွဲက မြန်မာနိုင်ငံမှာ အကယ်ဒမီ ပေးပွဲ ပြီးရင် နောက်ထပ် အနုပညာရှင်တွေကို ချီးမြှင့် တဲ့ ကြီးကျယ် ခမ်းနားတဲ့ ပွဲတစ်ပွဲဖြစ်တယ်။ ကြီး ကျယ်ခမ်းနားတဲ့ဆုတစ်ဆုလို့ ဝတီကတော့ မြင် တယ်။ ဒီလိုပွဲမျိုးကို ဝတီတို့လို အနုပညာရှင် တွေက လက်ကမ်းကြိုဆိုတယ်။ အနုပညာရှင် တွေအတွက် နောက်ထပ်ချီးမြှင့် မယ့်ဆုတစ်ဆု၊ နောက်ထပ်အနုပညာ မှတ်တိုင်တစ်ခုဖြစ်လာ မယ်။ Star Awards ပွဲကြီးမှာ ချီးမြှင့်မယ့်ဆုတွေ က အများကြီးလို့ ဝတီကြားမိတယ်။ ဇာတ်လမ်းတွဲ တွေထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကိုပါ ချီးမြှင့်မယ်လို့ ဝတီသိရတယ်။ ဇာတ်လမ်းတွဲတွေက သရုပ် ဆောင်တွေကို ချီးမြှင့်တာက မရှိသေးဘူး။ အခုလိုမျိုး Star Awards က စတင်ပြီး ချီးမြှင့်တဲ့ အတွက်လည်း အနုပညာရှင်တွေ အနေနဲ့ သဘောကျမယ်လို့လည်း ဝတီ မြင်မိတယ်။ အခုချီးမြှင့် မယ့် Star Awards ဆုကို သတင်းစာဆရာ အသင်းက ရွေးချယ်ပြီး ချီးမြှင့်တာ ဖြစ်တဲ့အတွက်လည်း ပရိသတ်တွေ အနေနဲ့ သဘောကျကြိုက်နှစ်သက် မယ်လို့လည်း ထင်မိတယ်။ Star Awards မှာ ပါဝင်မယ့် Star Fairy လေးတွေ ရွေးချယ်ပေး တုန်းကလည်း ဝတီဒိုင်တစ်ယောက်အနေနဲ့ ပါဝင် ကူညီဖြစ်တယ်။ Star Awards ရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားမှာလည်း ဝတီပထမဆုံး အနေနဲ့ အခမ်းအနားမှူးအဖြစ် ပါဝင်ဆောင် ရွက်ပေးဖြစ်တယ်” လို့လည်း ပြောပြခဲ့ ပါတယ်။
အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲ တစ်တွဲကို ရိုက်ကူးပြီးစီး သွားတဲ့အကြောင်းကို လည်း စဝ်ယွန်းဝတီဦးက…
“အခု Stellar Seven Entertainment က စီစဉ်တဲ့ အဆောင်ရုပ်သံ ဇာတ်လမ်းတွဲကို ဝတီတို့ ရိုက်ကူးပြီးစီးသွားပြီ။ ဒါရိုက်တာက ဆရာ မလိခစိုးထိုက်အောင်နဲ့ ဝတီ တို့တွေ ပင်ပင်ပန်းပန်းနဲ့ အကောင်းဆုံး ကြိုးစား ပြီး ရိုက်ကူးခဲ့တယ်။ ဒီဇာတ်လမ်းတွဲမှာ ငြိမ်းသော်၊ မဆုထက်ကုဋေတို့နဲ့အတူ အခြားအနုပညာရှင်များ စွာကလည်း ပါဝင်သရုပ်ဆောင်ထား တယ်။ ဝတီက ဒီကားထဲမှာ ဗေဒင် ပညာကို လေ့လာလိုက်စားတဲ့ ပဒုမ္မာဆိုတဲ့ ဇာတ်ကောင်၊ ပရ လောကနဲ့ချိတ်ဆက်ဖို့ ကြိုးစား နေတဲ့ သူတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်။ အဲဒီ ဇာတ်လမ်းတွဲလေး ထွက်လာ ရင်လည်း ပရိသတ်တွေအနေနဲ့ အားပေးကြပါဦး” လို့လည်း ပြော ပြခဲ့ပါတယ်။
ခိုင်ဝါဝင်း