Star Awards Movies/TV Series 2018 ၂ဝ၁၈ ဆုပေးပွဲအတွက် ဆန္ဒပြု ရွေးချယ်ထားသော ဆုစာရင်းကို စစ်ဆေးအတည်ပြု အိတ်ပိတ်ပြီး ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌထံ အပ်နှံ

0
157

Star Awards Movies/TV Series 2018 ၂ဝ၁၈ ဆုပေးပွဲအတွက် ဆု ရွေးချယ်ရေးကော်မတီဝင် ၂၂ ဦးမှ အိတ်ပိတ်ပေးပို့ထားသော ဆန္ဒပြု မဲစာရင်းများကို မတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် Star Awards ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းငြိမ်း ဦးဆောင် သော စိစစ်ရေး ကော်မတီဝင် ၄ ဦးက Stellar Seven Entertainment ရုံးခန်းတွင် ဖွင့်ဖောက် စိစစ်ခဲ့ ကြောင်း သိရသည်။ ယင်းသို့ ဖွင့်ဖောက်စိစစ်ရာတွင် ချီးမြှင့် မည့် ဆုတစ်ဆုချင်းစီအလိုက် မဲများကို ရေတွက်ခဲ့ပြီး မဲ အများဆုံး ရရှိသည့် အမည်စာရင်းကို ရေးသွင်း အိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုရအနုပညာရှင်များ၏ အမည်စာရင်းပါ စာအိတ်အား ဆုရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းငြိမ်း လက် ဝယ်သို့ မတ်လ ၂၂ ရက် ညနေ ၆ နာရီတွင် အပ်နှံထားရှိပြီး ဖြစ်ပါကြောင်း Star Awards ဆုရွေးချယ်ရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ Star Awards ဆုပေးပွဲကြီးကိုတော့ ဧပြီ ၅ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဆုအားလုံး ၂၃ ဆု ချီးမြှင့်သွားမှာဖြစ်ပြီး ပရိသတ်များ အနေနဲ့လည်း ပွဲကို လက်မှတ်များဖြင့် ဝင်ရောက် ကြည့်ရှုလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဆုရွေးချယ်ရေး ကော်မတီ အနေဖြင့် ၂ဝ၁၈ ခုနှစ် အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင် ဇာတ်ကား ၈၃ ကား အနက် ဆန်ကာတင် ၂၆ ကားကို ကော်မတီအဖွဲ့ဝင်များက မဲစနစ်ဖြင့် အဆိုပြု ရွေးချယ်ခဲ့ပြီး တစ်ကားချင်း ကြည့်ရှုကာ ရုပ်ရှင် ပညာရှင်များ၊ မြန်မာနိုင်ငံ သတင်း စာဆရာအသင်းမှ ဆုရွေးချယ်ရေး ကော်မတီဝင်များ ရဲ့ အကဲဖြတ်အမှတ်များဖြင့် ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here