Star Awards ဆုပေးပွဲက ချီးမြှင့်မယ့် ရုပ်သံဆုအတွက် ရင်ခုန်မျှော်လင့်နေတဲ့သရုပ်ဆောင် ပိုးကြာဖြူခင်

0
421

ဧပြီလ ၅ ရက်နေ့မှာ ပြုလုပ်မယ့်Star Awards ဆုပေးပွဲကြီးမှာ ရုပ်သံဆုအနေနဲ့ ၅ ဆုချီးမြှင့်သွားမှာ ဖြစ် ပါတယ်။ ဒီဆုတွေအတွက် လည်း ဆိုင်းမိုင်ဇာတ်ရုပ်နဲ့ ပရိ သတ်တွေကြား နာမည်ရခဲ့တဲ့ ပိုးကြာဖြူခင်က ရင်ခုန်နေပါ တယ်။ ဒီဇာတ်ရုပ်က သူ့အတွက်လည်း တော်တော်ကြိုးစား ခဲ့ရတဲ့ ဇာတ်ရုပ်ဖြစ်သလို ပရိသတ်တွေအနေနဲ့လည်း သူ့ ကို ဆိုင်းမိုင်ဆိုပြီး သိခဲ့ကြတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါ တယ်။
“ဆိုင်းမိုင်ကာရိုက်တာကို တော်တော်လေး စိတ်နှစ် ပြီးတော့ ရိုက်ခဲ့တာပါ။ အခုလည်း ဆိုင်းမိုင်ဇာတ် လမ်း တွဲက Star Awards ဆန်ကာ တင်စာရင်းထဲမှာပါတဲ့အတွက် တအားလည်း ရင်ခုန်သလို တအားလည်း ဝမ်းသာပါ တယ်။ ညီမအနေနဲ့ အရမ်းလည်း မျှော်လင့်ပါတယ်။ အရင်တုန်းကဆိုရင် ညီမတို့ ဇာတ်လမ်းတွဲရိုက်တဲ့ သူတွေက ရင်ခုန်ခွင့် သိပ်မရှိဘူးလေ။ ညီမတို့က ရိုက်သာ ရိုက်နေရတယ် ပန်းတိုင်ဆိုတာ မရှိဘူးလေ။ ပရိသတ်တွေက ချစ်အောင်လို့ ကိုယ်ကြိုးစားမယ်ဆိုတာမျိုးပဲ ရှိတယ်။ အခုကျတော့ ဒီလိုအသိအ မှတ်ပြုတဲ့ပွဲတွေ ပေါ်လာတဲ့ အတွက်ကြောင့်မို့ အရင်ကထက်ဆိုရင် ပိုတာဝန်ကြီးသွား တယ်”Star Awards ဆုပေးပွဲနဲ့ ပတ်သက်လို့ ပိုးကြာဖြူ ခင်က ပြောပါတယ်။ ရုပ်သံ ဆုပေးမှာရယ် ဆိုင်းမိုင်ဇာတ် လမ်းတွဲက ဆန်ကာတင်စရင်းထဲမှာပါတာ ရယ်က ပရိသတ် တွေက သူ့ကိုလာ ပြောပြမှသာသိတာဖြစ်ပြီး ပရိသတ် တွေ ကလည်း သူ့ကိုဆုကိုရစေချင်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါ တယ်လို့ သူက ပြောပါတယ်။ ပိုးကြာဖြူခင် က ဇူလိုင်လအကုန်မှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြယ်ကလေးရဲ့ကောင်းကင် ဇာတ်လမ်းတွဲလွှင့်ဖို့ ရှိပါ ကြောင်းလည်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ၊

ဓာတ်​ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here