ဧပြီလ ၅ ရက်နေ့ ည ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့  နယ်ရှိ သုဝဏ္ဏဘူမိ Event Park တွင်ကျင်းပပြုလုပ်မည့် Star Awards ဆုပေးပွဲကဇာတ်လမ်းတွဲ သရုပ်ဆောင်တွေ အတွက်မျှော်လင့်ချက်တစ်ခု ဖြစ်လာတယ် ဆိုတဲ့ခြူးလေး

0
166

Star Awards ဆုပေးပွဲမှာ ရုပ်သံဆုနဲ့ပတ်သက်လို့ ရင် ခုန် စိတ်လှုပ်ရှားနေတဲ့ မင်းသမီးတွေထဲမှာ သရုပ်ဆောင် ခြူး လေးလည်း ပါပါတယ်။ သူကတော့ သူ့အတွက် ရင်ခုန်တာထက် ဇာတ်လမ်းတွဲက သူငယ်ချင်းတွေအတွက် ပိုပြီးတော့ ရင်ခုန် မိပါတယ်လို့ဆိုပြီး သူ့အတွက်ကတော့ပရိသတ်တွေက ချစ် တယ်ဆိုတာနဲ့တင် ကျေနပ်နေပါပြီလို့ ပြောပါတယ်။

“၂ဝ၁၂ ခုနှစ်လောက်ကတည်း က ဇာတ်လမ်းတွဲတွေ ရိုက်ကြတယ်။ ခြူးလေးတို့ အားလုံးကြိုးစားကြတယ်။ ပရိသတ် တွေကလည်း ချစ်တယ်။ ကိုယ်ညံ့သွားတဲ့ ကာရိုက်တာတွေမှာ လည်း ပရိသတ်တွေက လိုတယ်လို့ ပြောကြတဲ့အခါ ကိုယ်က ထပ်ကြိုးစားတယ်။ ဒါတွေနဲ့ပဲပြီးနေတာပေါ့နော်။ ရုံကြီးကား ရိုက်တဲ့သူတွေကြတော့ နှစ်တစ်နှစ်မှာ ကိုယ့် ကြိုးစားမှုများ အရာထင်မလားဆိုပြီး မျှော်လင့်လို့ရတယ်။ ဒါမျိုးလေးတွေ ရှိတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဇာတ်လမ်းတွဲတွေကိုပါ ဆုပေးမယ်ဆိုတော့ ခြူးလေးတို့ အတွက် မျှော်လင့်ချက် လေးတွေ ပြန်ပေါ်လာတာပေါ့နော်။ ကိုယ်တအား ကြိုးစား မယ်။ ကိုယ့်ကားလေးများ ဒီနှစ်ထဲမှာ ပါမလားဆိုပြီး ရင်ခုန်တဲ့ စိတ်မျိုးဖြစ်သွားမယ်။ နောက်တစ်ခု ကကြတော့ တစ်ယောက်နဲ့တစ်ယောက် အကြိတ်အနယ် ကြိုးစားရ တော့မယ်ဆိုတဲ့ အခါမှာ ကိုယ့်ကာရိုက်တာကို ပီပြင်ဖို့ ဘယ်လို ကြိုးစားရမလဲ ကာရိုက်တာနဲ့ အိုက်တင်ကို တစ်ထပ်တည်းကျမှ မျှော်လင့်လို့ရတာဆိုတော့ တက် သစ်စတွေအနေနဲ့ မလိုအပ်တဲ့တခြားအကြောင်း အရာ တွေထက် ဇာတ်လမ်းထဲမှာ ပိုပြီးစိတ် နှစ်ပြီးတော့ ဖိဖိ စီးစီးလုပ်လာလိမ့်မယ်လို့တော့ မြင်မိပါတယ်” လို့ ဇာတ် လမ်းတွဲတွေကို ဆုပေးမယ့်အခါ ဖြစ်ပေါ်လာနိုင်တဲ့ တိုး တက်မှုတွေကို ခြူးလေးက ပြောပြပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း ဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့ သူ့အတွက် မျှော်လင့်ပေးလို့ ရပြီဖြစ်တာကြောင့် ပရိသတ်တွေ အတွက် သူကြိုးစားပါ့မယ်လို့လည်း ပြောပါတယ်။

“တစ်ခုရှိတာက ခြူးလေးတို့က ဇာတ်လမ်းတွဲကို ရွေးချယ်လို့ မရပါဘူး။ ရတဲ့ဇာတ်လမ်းတွဲအပေါ်မှာပဲ အကောင်းဆုံး သရုပ်ဆောင်ရတာဆိုတော့လေ။ ဇာတ်လမ်း တွဲ ဆိုတာကလည်း အမျိုးမျိုးရှိတယ်။ ကိုယ်ကကောင်းမယ် လို့ထင်ပြီး ရိုက်လိုက်ပေမယ့်လည်း ပရိသတ်ကကြိုက်ချင်မှ ကြိုက်တာလေ။ ပရိသတ်ရဲ့ အကြိုက်ကတော့ မတူဘူးပေါ့။ ဆုလည်း တောင်းရမယ်ပေါ့။ ပရိသတ်ကြိုက်တဲ့ ပရိသတ်ချစ်တဲ့ ဇာတ်ကားမျိုးလည်းဖြစ်ပါ စေလို့ ဆုတောင်းရမယ်။ ဆုတောင်း ပြီး ကြိုးစားပြီး ဆန်ကာတင်စာရင်းထဲမှာ ပါတယ်ဆိုရင်တော့ ပရိသတ်အတွက် ဆုယူ ပေးနိုင်အောင်လုပ်မယ်” လို့ ဇာတ်လမ်း တွဲမှာ ရွေးချယ်ခွင့် မရှိတဲ့အကြောင်းကို ပြောပြပါတယ်။

သူ့ အနေနဲ့ကတော့ ဇာတ်လမ်းတွဲကပင်မဖြစ်တဲ့အတွက် ဦးစားပေး ရိုက်ကူးလေ့ရှိပြီး ရုပ်ရှင်တွေကိုလည်း တစ်နှစ်မှာ တစ်ကား နှစ်ကား လောက်ရိုက်ဖြစ်နိုင်အောင် ကြိုးစားကြောင်း တစ်ခါ တလေလည်း ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကားကြီးတိုက်ဆိုင်တဲ့ အခါမျိုးတွေရှိတဲ့အခါမှာတော့ တစ်ခုကို လက်လွှတ်ရကြောင်း လည်း ခြူးလေးက ပြောပြပါတယ်။

သရုပ်ဆောင်ခြူးလေးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေး မှုကို ရရှိထားတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပြီး သူပါဝင်သရုပ် ဆောင်ထားတဲ့ ရွှေဖူးစာ ဆုံရာမြေ ဇာတ်လမ်းတွဲကလည်း ပရိ သတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here