အနုပညာထက်​ ပညာရေးကို ပို ဦးစားပေးဖြစ်မယ်ဆိုတဲ့ယွန်းယွန်း

0
569

ကလေးသရုပ်​ဆောင်​ ယွန်းယွန်း ဘဝကတည်းက ပရိသတ်​တွေရဲ့ ချစ်​ခင်​အားပေးမှုကို ရရှိခဲ့ပြီး အခု တက္ကသိုလ်​ကျောင်း သူတစ်​ယောက်​ဖြစ်​တဲ့ အချိန်​အထိ ပရိသတ်​ကြီး အချစ်​ မလျော့သွားကြတဲ့ အနုပညာရှင်​ တစ်​ယောက်​ပါ။ တက္ကသိုလ်​ကျောင်းသူ တစ်ယောက်​ ဖြစ်​တဲ့အချိန်​မှာ စာလောဘကြီးတဲ့ အတွက်​ အများ ကြီးကြိုးစားသင်​ယူနေတယ်​ဆိုတာကို…

“ကျောင်းစာက ညီမကလည်း လောဘကြီးတယ်​။ေ မမေတို့ကလည်း လောဘကြီးတဲ့ အခါကျတော့ အခုညီမကျောင်း နှစ်​ကျောင်း တစ်​ပြိုင်​တည်း တက်​နေတယ်​။ ရန်​ကုန်​တက္ကသိုလ်​မှာလည်း တတိယနှစ်​ စိတ်​ပညာတက်​နေ တယ်။ နောက်​ပြီးတော့ အပြင်​ကျောင်းမှာလည်း Business Mangement တက်​နေတယ်​။ ဒီကြားထဲမှာ လည်း အင်္ဂလိပ်​စာ တက်​နေတယ်​ဆိုတော့ ကျောင်းစာ ကတော့ တစ်​ပတ်​လုံး နီးပါးကို အချိန်​ပေးနေရတယ်​” လို့ ယွန်းယွန်းက ပြောပြပါတယ်။ စာမေးပွဲနီးလို့ စာကြိုးစားနေရ တာဖြစ်​တဲ့အတွက်​ နည်းနည်းပိန်​သွားတယ်​ဆိုတာကိုလည်း ယွန်းယွန်းက…

“တက္ကသိုလ်​ကျောင်းသူဆိုတော့ စာက အများအားဖြင့်​ ကြိုမလုပ်​ဖြစ်​ဘူး (ရယ်လျက်​)။ Day တက်​တဲ့အခါ ကျတော့ စာမေးပွဲနီးတဲ့အခါမှပဲ စာတွေ အသည်းအသန်​ လုပ်​ရ၊ သူငယ်​ချင်းတွေ အကုန်​လုံးလည်း ဒီလိုပဲဆိုတော့ အခုပင်​ပန်းပြီးတော့နည်းနည်း ပိန်​သွားတယ်​”လို့ ပြောပြ ခဲ့ပါသေးတယ်​။ အနုပညာနဲ့ ပညာရေးယှဉ်​လာရင်​ ပညာ ရေးဘက်​ကိုပဲ ပိုဦးစား ပေးဖြစ်​မယ်​ဆိုတာကိုလည်း “ညီမက တော့ ဖြစ်​နိုင်​ရင်​ အနုပညာရယ်​၊ ပညာရေးရယ်​ နှစ်​ခုစလုံးလုပ်​ချင်​တယ်​။ ပိုဦးစားပေး ဖြစ်​မယ်​ ဆိုရင်​ ပညာရေးကို ဦးစားပေးလုပ်​ချင်​တယ်။ တကယ်​ဖြစ်​ချင်​တာ ဆိုရင်​ အနုပညာကိုလည်း ဝါသနာပါတဲ့ အတွက်​ လုပ်​နိုင်​သလောက်​ လုပ်​ကြည့် ချင်​တယ်​။ အနုပညာကို ဘယ်​နေရာ ကနေပဲ ပါရပါရ၊ ပါချင်​တယ်။ သရုပ်​ဆောင်​ပိုင်းတင်​ မကဘဲအသက်​ကြီး လာရင်​လည်း ထုတ်​လုပ်​သူတစ် ယောက်​အနေနဲ့ လုပ်​ရမယ်​ဆိုလည်း လုပ်​ကြည့်​ချင်​တယ်​။ ရေရှည်​ရပ်တည်​ဖို့ဆိုရင်​ ကိုယ့်​စီးပွားရေးနဲ့ပဲ ရပ်​တည်​ရ မယ်​။ မေမေတို့ကလည်း အဲလိုမျိုးဖြစ်​စေချင်​တယ်​။ တစ်​သက်​လုံး အနုပညာကြီးပဲ လုပ်​နေတာ ထက်​စာရင်​ ကိုယ့်​ရဲ့ Family Life နဲ့ အေးအေးဆေး ဆေး ရပ်​တည်​နေတာကို မိဘတွေကလည်း မြင်​ချင်​တယ်​ ဆိုတော့ အဲဒီလိုမျိုးပဲ ရပ်​တည်​ဖြစ်​သွားမယ်​ ထင်​တယ်​” လို့ ပြောပြခဲ့ပါသေးတယ်​။ မကြာမီမှာ နှစ်​သစ်​ အတာသင်္ကြန်​ကို ရောက်​ရှိလာတော့မှာ ဖြစ်​တဲ့အတွက်​ သင်္ကြန်​နဲ့ပတ်​သက်​တဲ့ အစီအစဉ်​ကို လည်း ယွန်းယွန်းက အခုလိုပြောပြခဲ့ပါသေးတယ်​။

“သင်္ကြန်​ကို ညီမက ရိပ်​သာဝင်​ဖို့စဉ်းစားထား တယ်​။ အရင် နှစ်​တွေတုန်းကလည်း သင်္ကြန်​ကိုသိပ်​မဆော့ဖြစ်​ဘူး။ မိသားစုနဲ့ ခရီးထွက်​ဖြစ်​တာများ တယ်​။ အခုက ခရီးထွက်​နေတာ များတဲ့အတွက်​ ဒီနှစ်​တော့ ခရီးမထွက်​ဖြစ်​ဘူး။ ရိပ်​သာဝင်​ဖြစ်​ဖို့များတယ်​။ သင်္ကြန်​မှာလည်း ပြီးရင်​ဆံပင်​တွေလည်း ပျက်​စီးတယ်​။ အသားအရေတွေလည်း ပျက်​စီးတယ်​။ ငယ်​ငယ်​ကလေး ဘဝတုန်းကတော့ ကြိုက်​တယ်​။ ရေစိုစိုကြီးနဲ့ နေရတာကို အခုတော့ သိပ်​မကြိုက်​တော့ဘူး။ အခုထက်​နည်းနည်း ပိုကြီးလာရင်​ ပြန်​ကြိုက်​မလားတော့ မပြောတက်​ဘူး” လို့ ပြောပြခဲ့ပါတယ်​။

ခိုင်​ဝါဝင်း၊
ဓာတ်​ပုံ – အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here