မင်းသားတစ်​ယောက်​ရဲ့သားက မင်းသားဖြစ်​ရမယ်​ ဆိုတာကို လက်​သင့်​မခံဘူး ဆိုတဲ့ နေမျိုးအောင်

0
240

အနုပညာလောကမှာ ကိုယ်​တတ်​စွမ်းတဲ့ အနုပညာနဲ့ ပရိသတ်​တွေကို အစဉ်​အမြဲပေးဆပ်​နေသူက တော့ သရုပ်​ဆောင်​နေမျိုးအောင်​ပါ။ ဖခင်​ဖြစ်​သူက အနုပညာလမ်း ကြောင်းမှာ လျှောက်​လှမ်းနေသလို သားဖြစ်​သူကလည်း ဖခင်​ဖြစ်​သူရဲ့ ခြေရာကိုနင်းပြီး အနုပညာအလုပ်​ကို စတင်​လုပ်​ကိုင်​နေပါပြီ။ သားဖြစ်​သူ့ရဲ့အနုပညာနဲ့ ပတ်​သက်​တဲ့ အကြောင်းတွေကို နေမျိုးအောင်​က . . .

“သားက အခုရုပ်​ရှင်​ကားကြီး ရိုက်​ထားတယ်​။ ဘယ်​တော့ရုံတင်​မလဲတော့ မသိသေး ဘူး။ ငါးကားရိုက်​ဖို့ စာချုပ်​နဲ့ လုပ်​ထားတာ အခုတစ်​ကားတော့ ပြီးသွားပြီ။ ကျန်​တဲ့ကားက ဘယ်​တော့ ထပ်​ရိုက်​မလဲတော့ မသိသေးဘူး။ အခုလောလောဆယ်​ အစ်​ကိုနဲ့ သူဗီဒီယိုလေးတွေ တွဲရိုက်​ဖို့ရှိတယ်​။ ဗီဒီယို ကားလေးတွေ သုံးကား၊ လေးကားလောက်​တွဲပြီးတော့ ရိုက်​ဖို့ရှိတယ်​။ အနုပညာ သမားတစ်ယောက်​ရဲ့သားသမီးက အနုပညာကို ဝါသနာပါတော့ ဖခင်​တစ်ယောက်​အနေနဲ့ ဝမ်း သာပီတိ ဖြစ်​ရတယ်​။ ဒါပေမဲ့ အစ်​ကိုပြောနေကျအတိုင်း မင်းသားရဲ့သားမို့လို့ မင်း သားဖြစ်​ဖို့ဆိုတာကတော့ ကိုယ်​ကိုယ်​တိုင်​နဲ့ပဲ ဆိုင်​ပါတယ်​။ အစ်​ကိုလည်း အောက်​ခြေကနေ ကြိုးစားပြီးတော့ တက်​လာရတာ။ အစ်​ကိုတို့ မိသားစုအသိုင်းအဝိုင်းမှာ အနုပညာသမားတစ်​ယောက်​မှမပါပါဘူး။ အစ်​ကိုတစ်​ယောက်​တည်း ထူးထူးချွန်​ချွန်​နဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်​နေတာ။ မင်း သားတစ်​ယောက်​ရဲ့သား မင်းသားဖြစ်​ရမယ်​ ဆိုတာတော့ အစ်​ကိုလက်​သင့်​မခံနိုင်​ဘူး။ သူကြိုးစားမှသူဖြစ်​မှာ”လို့ ပြောပြပါတယ်​။ သားဖြစ်​သူကို အနုပညာနဲ့ပတ်​သက်​ပြီး သင်​ပေးဖြစ်​တဲ့အကြောင်းတွေကိုလည်း နေမျိုးအောင်​က အခုလိုမျိုးပြောပြခဲ့ပါသေးတယ်​ . . .

“သူက အခုမှအနုပညာအလုပ်​ကို စလုပ်​တာဆိုတော့ သူ့ရဲ့အနုပညာအလုပ်​ကိုတော့ အခုသိပ်​အားမရသေးဘူး။ ကိုယ်​လည်းတက်​နိုင်​သမျှ အစ်​ကို့ရဲ့ သားပေါ်မှာ ဇာတ်​လမ်းရိုက်​တဲ့အခါ သူသရုပ်ဆောင်​တာနဲ့ ပတ်​သက်​ပြီး Guide Line တွေ ပေးတယ်​။ ဒါက ဒီလိုရှိ တယ်​၊ ဒီလိုသရုပ်​ဆောင်​ရမယ်​ဆိုပြီး ပြောပြတယ်​။ ဒါပေမဲ့ ဒါကအစ်​ကို့ရဲ့ အိုက်​တင်​ကို ယူဖို့တော့ မဟုတ်​ဘူး။ အစ်​ကိုကလည်း သူ့ကိုပြောပြတယ်​။ ကိုယ့်​အိုက်​တင်​နဲ့ ကိုယ်​ကိုယ်​လုပ်​ရမယ်​၊ ကိုယ့်​အိုက်​တင်​နဲ့ကို ကိုယ်​ထိုးဖောက်​ရမယ်​။ ဒါမှ အနုပညာလောကမှာ ကိုယ့်​အတွက်​ လမ်းကြောင်းတစ်​ခုကျန်​မှာ”ဆိုပြီးပြောပြတယ်။
Star Awards ပြိုင်​ပွဲရဲ့ Star Fairy တစ်​ယောက်​အဖြစ်​ အရွေးချယ်​ခံရတာနဲ့ ပတ်​သက်​ပြီးတော့လည်း . . .

“သူက သတင်းစာဆရာအသင်းက ကြီးမှူးကျင်းပတဲ့ Star Awards ရဲ့Star Fairy မှာ သူဝင်​ပြိုင်​တာအစ်​ကိုတောင်​ မသိဘူး။ အစ်​ကိုက ခရီးသွားနေတာ။ သူတို့က Online ပေါ်ကနေ လူခေါ်တယ်​။ သူ့ဘာသာသူ သွားလျှောက်​တယ်​။ သူ့ဘာ သာသူ ဓာတ်​ပုံတွေဘာတွေသွားရိုက်​တယ်​။ ဟိုဘက်​က အင်​တာဗျူးမှနေ့မှ အစ်​ကိုက သိတာ။ သိတဲ့အချိန်​မှာ အစ်​ကိုက ဝမ်းသာတယ်​ ငါ့သားလို့၊ ဒီလိုပဲ ဖြစ်​ရမယ်​။ အဖေရဲ့ အရှိန်​အဝါတစ်​ခုနဲ့ အားကိုးတဲ့အလုပ်​ကို ဘယ်​တော့မှ မဖြစ်​စေနဲ့လို့။ အစ်​ကိုသင်​ပေး တယ်​။ သားဆက်​လုပ်​၊ ဆက်​လျှောက်​ လိုအပ်​တာကို အဖေနောက်​ကနေ ဖြည့်​ဆည်းပေး မယ်​လို့ သူ့ကိုပြောပြဖြစ်​တယ် ” လို့ ပြောပြပါတယ်​။

ခိုင်​ဝါဝင်း၊
ဓာတ်​ပုံ- အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here