ထက်ယံရဲ့ သီချင်းကြောင့်’ရှေ့မီ နောက်မီ’ တေးစီးရီးကိုပရိသတ်တွေစိတ်ဝင်စားလာတဲ့အပေါ်သားသားရဲ့ ပီတိ

0
424

သားသားနဲ့ ထက်ယံတို့အတူ ထွက် ခဲ့တဲ့ ‘ရှေ့မီနောက်မီ’ တေးစီးရီးလေးက အခုဆို ပရိသတ်တွေ တော်တော်များများ စိတ်ဝင်တစားအား ပေးကြတဲ့ အခွေလေး တစ်ခွေ ဖြစ်နေပြီ။ ထက်ယံကြောင့် ပရိသတ်တွေပိုပြီး စိတ်ဝင်စားလာတဲ့အပေါ် သားသားက …

“ကျွန်တော်က ပျော် တယ်။ ကျေနပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီဘက်ခေတ်မှာ အခွေထွက်လည်း သိပ် အဆင်မပြေကြတော့ဘူး။ သူ့ဟာနဲ့သူ နာမည် ကြီးတွေလောက် ပဲသွားကြတယ်။ ကျွန်တော်တို့ ဒီအခွေ ဆိုရင် အခွေလည်း မထွက်ရဘူး။ ကျွန်တော်တို့ Underground ထွက်သလိုမျိုး Streaming တွေမှာပဲတင် ခဲ့ရတယ်။ နောက် ပြီးတော့ ဖြန့်ချိရေးနဲ့ ကြော်ငြာအား ဘာမှ မရှိဘဲနဲ့ပေါ့။ အမှန်တော့စထွက်ကတည်းက ကျွန်တော်တို့ ပရိသတ်တွေကတော့ ကြိုက်ပြီး သားပါ။ အခုချိန်ကျမှ ပိုပြီးစိတ် ဝင်စားလာတော့ ပျော်တယ်။ အဓိကကတော့ ‘နွေးသွားတယ်’ သီချင်းလေးနဲ့ပတ်သက်ပြီး ‘ရှေ့မီနောက်မီ’ သီ ချင်းလေးကို ထပ်သိတဲ့အခါကျတော့ ကျေနပ် တယ်” လို့ ပြောပါတယ်။ ‘ရှေ့မီနောက်မီ’ တေး စီးရီးက ထက်ယံ အကြိုက်ကို လိုက်လုပ်ပေးရ တာပိုများ ပါတယ်လို့ ဆိုတဲ့ သားသားက ၂ ယောက်အတူ အတွဲခွေစီစဉ်ဖြစ်ခဲ့တာကိုလည်း …

“အဓိကက ကျွန်တော်တို့ ‘နှစ်ဆယ် ကျော် ရည်းစားစာ’ က နေစတာပေါ့နော်။ ‘နှစ် ဆယ်ကျော် ရည်းစားစာ’ သီချင်းကို အတူ တူတွဲ လုပ်ဖြစ်ရင်းနဲ့မှ အဲဒီလိုမျိုး သီချင်း ပုံစံလေးကို လူငယ်ပုံစံလေးနဲ့ ရှေ့မီ နောက်မီလိုမိုက်တဲ့ အခွေလေးလုပ် ကြ မယ်ဆိုပြီး ဖြစ်လာတာ။ ပြီးကျတော့ သီချင်းအများကြီးကို တစ်ခွေ လုံးစား ဆိုတော့ ကျွန်တော်တို့အနေနဲ့အချိန်ပေးရတယ်။ အချိန်တွေကြာတယ်။ ပြီးတော့ အရမ်းကြန့်ကြာတာ တွေဖြစ်မှာစိုးတာနဲ့ ရှိတဲ့ သီချင်းလေးတွေကို စီစဉ်ဖြစ်သွား တာပေါ့”လို့ ပြော ပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here