ခီနဲ့ မီကို ပြည်သူ့ အကယ်ဒမီချီးမြှင့်မယ့် အစီအစဉ်အကြောင်းအိုင်တီပညာရှင်ကိုစိုးသီဟနောင် ရှင်းပြ

0
1284


၂ဝ၁၈ ခုနှစ် အကယ်ဒမီထူးချွန် ဆုပေးအပ်ပွဲတွင် အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီနားခီ၊ ဒါရိုက်ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ကို ပြည်သူ့အကယ်ဒမီ ဆုပေးအပ်ဖို့ စီစဉ်နေကြပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်လို့ Revoluction လုပ်နိုင်စွမ်းရှိတဲ့အနုပညာရှင်တွေကို ဂုဏ် ပြုသင့်တယ်လို့ ယူဆတဲ့အတွက် ပြည်သူ့အကယ်ဒမီအစီ အစဉ်ကို စဖြစ်တာပါလို့ ဦးဆောင်လုပ်ဆောင်နေတဲ့ ကိုစိုးသီဟနောင်က ပြောပြပါတယ်။

”အစကတော့ ကျွန်တော့်တို့ မိတ်ဆွေသူငယ် ချင်းတွေပဲ မတည်ပြီးတော့ ဂုဏ်ပြုမယ်လို့ စိတ်ကူးတာ ပါ။ ဒါပေမဲ့ နောက်ပိုင်းကြတော့ တခြားလူတွေကလည်း သူတို့ပူးပေါင်း ပါဝင်ဆောင်ရွက်ချင်တယ်ဆိုတဲ့အခါကြ တော့ ကျွန်တော်တို့ Public ဖွင့်ပြီးတော့ လက်ခံဖြစ် တယ်။ အဓိကတော့ သူတို့အတွက်အမှတ်တရဖြစ်စေမယ့် Trophy ပေါ့။ Trophy ဆိုတာ တအားကြီး ပကာသနတွေ မပါတဲ့ Trophy တစ်ခုပေါ့။ ကျွန်တော်တို့က သူတို့ကို Appreciation လုပ်ချင်တာပါ။ Appreciation လုပ်ချင် တယ်ဆိုတဲ့ နေရာမှာလည်း လူကြီးတွေပေးတဲ့ အရာတွေနဲ့ ပတ်သက်လို့Conflict တွေဖြစ်တာကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ Appreciation ပဲ လုပ်ချင်တာပါ။ ဒါကြောင့်လည်း သူတို့ လက်ခံနိုင်တဲ့ အခြေ အနေအထိရောက်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်။ ပြည်သူ့အကယ်ဒမီချီး မြှင့်ချင်ပါတယ်။ ပိုလာတဲ့ငွေကြေးကိုလည်း ကျွန်တော်တို့အနေနဲ့ သူတို့တွေနဲ့ တိုင်ပင်ပြီးတော့ တစ်နေရာမှာ သွားလှူတာမျိုး ဒါမှမဟုတ် သူတို့နဲ့တိုင် ပင်ပြီး တစ်ခုခုလုပ်တာမျိုးတော့ လုပ်ပါ့မယ်”လို့ အစီအစဉ်နဲ့ပတ်သက်လို့ ကိုစိုးသီဟနောင် က ပြောပြပါတယ်။

ဆက်လက်ပြီးလည်း စိုးသီဟနောင်က သူတို့နည်းပညာ သမားတွေစုပြီး တော့ Rating ပေးလို့ရတဲ့ Platform တစ်ခုဖြစ် အောင် တည်ဆောက်ဖို့ ကြိုးစားမှာဖြစ်ပြီး အဲဒီ့ ဏူအ်ေသမာ ကနေ ထွက်ပေါ်လာတဲ့ ရလဒ်ကို ကြည့်ပြီး ဆုကို ပွဲအခမ်းအနားလုပ် ပြီးပေးတာမျိုး ဒါမှမဟုတ် အိမ်ကို သွားရောက်ပြီးပေးတာမျိုး လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

”လူငယ်တွေကို နေရာပေးဖို့ လို ပါတယ်။ Industry ထဲမှာ နောက် ထပ်ထွက်လာတဲ့ သူတွေကိုလည်း နေရာပေးဖို့ လိုတယ်။ နေရာပေး တတ်တဲ့အလေ့အကျင့်လေးဖြစ်လာဖို့လည်းလိုတယ်။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် တခြားနယ်ပယ်တွေ မှာလည်း နေရာပေးတတ်တဲ့ အလေ့ အကျင့်လေးတွေဖြစ်လာ မယ်ပေါ့။ အဲဒါဆိုရင် ကျွန်တော်တို့ ရသလောက်နဲ့ ရွေ့အောင် တွန်းရတဲ့ဟာတွေက အောင်မြင်တယ်လို့ ဆိုရမှာပေါ့”လို့ ပြည်သူ့ အကယ်ဒမီပေးဖြစ်ရခြင်းနဲ့ ပတ်သက်လို့ ကိုစိုးသီဟနောင်က ထပ် လောင်းရှင်းပြတာပဲဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here