အနုပညာနဲ့ပတ်သတ်ပြီးခင်ပွန်းဖြစ်သူက ဝေဖန်အကြံပြုတယ် ဆိုတဲ့ရွှေမှုံရတီ

0
185

ဇာတ်ရုပ်မျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ရရှိထားသူကတော့ သရုပ်ဆောင် ရွှေမှုံရတီပါ။ သူကတော့ မကြာခင်ရုံတင် ပြသတော့မယ့် နို့ဘီလူးရုပ်ရှင် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး…

”ဒီဇာတ်ကားကတော့ မိဘမေတ္တာဖွဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်အိမ်လေးကလည်း ထူးထူးခြားခြား နှစ်မျိုးမရှိနိုင်တဲ့ ဇာတ်အိမ်လေးပါ။ ညီမရဲ့ ကာရိုက်တာကတော့ ရွာသူလေးပါပဲ။ ဒါပေမဲ့လုပ်ရတဲ့ အိုင်တင်ကတော့ နည်းနည်း ထူးခြားတယ်။အန်ကယ်လေး (လူမင်း)ရဲ့ သင်ပြမှုအောက်မှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ကလေးမွေးတဲ့အခန်းကတော့ အန်ကယ်လေးလည်း သူလည်း မသိဘူး နင့်အမေမေးကြည့်ဆိုတော့ အမေ လုပ်ပြတယ်။ ကိုယ်လည်း အမေလုပ်ပြတဲ့အတိုင်း လိုက်လုပ် လိုက်တာ။ ရွှေမှုံရတီအိုင်တင် တော်တော်များများက အမေရဲ့အိုင်တင်များတယ်။ အမေက ငယ်ငယ်တုန်းက မင်းသမီး အရမ်းဖြစ်ချင် ခဲ့တာဆိုတော့ သူလုပ်ချင်တဲ့ အိုက်တင်မှန်သမျှ ညီမကို အကုန်လုပ်ခိုင်းတာ”လို့ ပြောပြခဲ့ပါတယ်။
သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပျော်ရွှင်စရာ အိမ်ထောင်တစ်ခုလည်း တည်ထောင်ထားသူပါ။ နှစ်ယောက်လုံး အနုပညာရှင်တွေဖြစ်နေတာ တစ်ယောက်နဲ့တစ်ယောက် အကြံပေးတာတွေရှိလားလို့ မေးမြန်းခဲ့ရာ . . .

”သူအကြံပေးတာတွေ ရှိပါတယ်။ ဒီနေရာလေးက ဒီလိုလုပ်လိုက်ရင်ကောင်းမယ်။ အဲ့ဒီလိုပြောလေ့ရှိတယ်။ များသော အားဖြင့် အဝတ်အစားနဲ့ မိတ်ကပ်ပိုင်းတွေ ဝေဖန်ပေးတယ်။ ညီမတို့နှစ်ယောက်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်မမြင်ရ လို့ရှိရင် ရန်ဖြစ်ကြတယ်။ တစ်နာရီလေးတောင် ခွဲလို့မရဘူး”လို့လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ – အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here