ဇနီးဖြစ်သူ ရွှေမူံရတီရဲ့အနုပညာအရည်အသွေးကို ချီးကျူးလိုက်တဲ့အဆိုတော် ရွှေထူး

0
331

ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေ ရရှိထားသလို ချစ်စရာ ဇနီးချောတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသူကတော့ အဆိုတော်ရွှေထူးပါ။ သူကတော့ လက်ရှိမှာလည်း အနုပညာအလုပ် တွေ ဆက်တိုက်လုပ်ကိုင်နေပြီး ဇနီးဖြစ်သူ ရွှေမှုံရတီနဲ့ တိုင်ပင်ပြီးလည်း နှစ်ယောက်သား အနုပညာအလုပ်တွေလုပ်ကိုင်နေကြပါတယ်။ ခင်ပွန်းတစ်ယောက်အနေနဲ့ ဇနီးဖြစ်သူ ရွှေမှုံရတီ ရဲ့ အနုပညာ အရည်အချင်းကိုလည်း ခုလိုပြောပြခဲ့ပါတယ်။

”သူကတော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင်ပြောစရာမလိုပါဘူး။ သူ့ကို ကျွန်တော် သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင်တော့ အမှတ်ပြည့်ပေးထားပါတယ်။ ဒီနို့ဘီလူးဇာတ်ကား မှာဆိုလည်း ကျွန်တော်လည်း မသိဘူး။ သူလည်းသိမှာ မဟုတ်ပါဘူး။ ကလေးမွေးတဲ့အခန်း ပေါ့။ တကယ်မွေးတဲ့ ပုံစံကြီးကို လုပ်ထားတယ်။ တော်တော်ကြမ်းတယ်။ သူနာမည်ကြီးတယ် ဆိုတာလည်း သရုပ်ဆောင် အရမ်းကောင်းလို့ နာမည်ကြီးတာ သရုပ်ဆောာင်ကောင်းလို့လည်း ပရိသတ်ချစ်တာဆိုတော့ ကျွန်တော်အနေနဲ့ အရမ်းလည်း ပျော်တယ်။ ဝမ်းလည်း သာပါတယ်။ သူ့ရဲ့အနုပညာအလုပ်တွေကိုလည်း ကျွန်တော် ဝေဖန်ပေးဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
ရွှေမှုံရတီမိဘတွေနဲ့ ပြန်လည် အဆင်ပြေသွားတဲ့အကြောင်းကိုလည်း သရုပ်ဆောင် ရွှေထူးက ခုလို ပြောပြခဲ့ပါတယ်။

”မိဘဆိုတာကတော့ ဒီလိုဘဲလေ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြတော့ စိတ်ဆိုးတာပေါ့လေ။အထူးသဖြင့် ကျွန်တော်ကပဲ တာဝန်ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်အမေလို သဘောထား ပြီး တောင်းပန်ပါတယ်။ အမေနဲ့ကျွန်တော်တို့ကြားထဲမှာ ရွှေမှုံ့ညီမ ငွေမှုံရတီကတော့ ပေါင်းကူးတံတားတစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ – အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here