ထမင်းတစ်နပ် ငြိမ်းချမ်းရမှာလား

0
476

ရိုးသားတဲ့ထမင်းတစ်​လုပ်​အ​ကြောင်း
ဝှီးချဲ​ပေါ်ကလူများ စာလုံးမ​ပေါင်းတတ်​ဘူး။

ပြည့်​ပြည့်​စုံစုံ ထမင်းဝိုင်းအ​ကြောင်း
ခြေ​ထောက်​တွေ စာလုံးမ​ပေါင်းတတ်​ဘူး။

အကျိုးအ​ကြောင်း
ဟုတ်​တယ်
အကျိုးအ​ကြောင်း မညီညွှတ်​တဲ့နိုင်​ငံမှာ
လူဖြစ်​တဲ့ကံကိုကတည်းက
‘မဟာအဝီစိ’ကို မက်​​မောတယ်​လို့ ​ယောင်​ရမ်းတမိ။

သူတို့က ဒုက္ခဆိုတာချိုနဲ့လားလို့ ​မေးတယ်​။
ချမ်းသာသုခ ဆိုတာ ဘာလဲ
လူ ဆိုတာ ဘာလဲ
နိုင်​ငံ ဆိုတာ ဘာလဲ
ဥပ​ဒေ ဆိုတာ ဘာလဲ
ငြိမ်းချမ်း​ရေး ဆိုတာ ဘာလဲ
အစိုးရ ဆိုတာ ဘာလဲ
အမျိုးသား​ရေး ဆိုတာ ဘာလဲ
တစ်​နိုင်​ငံလုံးက ​ခြေ​ထောက်​​တွေ ဘာမှမ​မေးဘူး။

ထစ်​ဆို့အက်​ကွဲ​​မျှော်​လင့်​သံ​တွေနဲ့
‘ထမင်းတစ်​နပ်​ ငြိမ်းချမ်း​ရမှာလား’
‘​ကျောင်းတစ်​ရက်​ တက်​ခွင့်​ရမှာလား’တဲ့။

ထက်​လွင်


LEAVE A REPLY

Please enter your comment!
Please enter your name here