သာယာချမ်းမြေ့ ဖွယ်ကောင်းတဲ့ မိသားစု ဘဝအကြောင်းကို ဖွင့်ဟခဲ့တဲ့ အကယ်ဒမီမယ်လိုဒီ

0
426


ချစ်ရတဲ့ ခင်ပွန်းရယ်၊ သားလေးရယ်နဲ့ သာယာချမ်းမြေ့ဖွယ်ဘဝကို ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီမယ်လိုဒီက သားဖြစ်သူ သိဒ္ဓိစစ်က ခင်ပွန်းဖြစ်သူ ကိုသာကောင်းနဲ့တူတယ်လို့ ဆိုပါတယ်။”ဥာဏ်ကောင်းတာကတော့ သူ့အဖေနဲ့ တူတယ်။ အစ်မနဲ့ကတော့ အသားဖြူတာလေးတူတယ်”လို့ပြောတဲ့ မယ်လိုဒီ ကခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူတို့အကြောင်းကိုလည်း …

”သားကလေ အိမ်မှာဆိုရင် အရမ်းအဆော့သန်နေပြီ။ ဆိုးဆိုးလေးပါပဲ။ လူဆိုးလေးပေါ့။ ဒါပေမဲ့ ဆရာတော်ကြီးတွေနဲ့တွေ့ရင်တော့ အရမ်းငြိမ်တယ်။ သူ့မွေးနေ့တုန်းကလည်း သစ်တံခါးဆရာတော်ကြီးနောက် လိုက်သွားမယ် ဆိုပြီးတော့ ကားပေါ်အတင်းတက်တယ်။ ဖေဖေ၊ မေမေတာ့တာပေါ့နော်။ လိုက်သွားရင် သားသား ဖေဖေ၊ မေမေတို့ကို ထားခဲ့မှာလားဆိုတော့ ထားခဲ့ မယ်။ တာ့တာပေါ့နော်။ အဲဒီလိုမျိုးဆိုတော့ အစ်ကိုကလည်း သားရယ်၊ စောပါ သေးတယ်ပေါ့။ ငယ်ပါသေးတယ်ဆိုပြီး ပြန်ခေါ်ထားရတယ်”လို့ ပီတိ အပြုံး တွေနဲ့ ပြောပြပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် အနေနဲ့ ဘဝအမောတွေကို ခင်ပွန်းဖြစ်သူနဲ့အတူ တိုင်တိုင်ပင်ပင် မျှဝေညှိနှိုင်းဖြေရှင်း ဖြစ်တယ်လို့ဆိုတဲ့ မယ်လိုဒီက Single Mother တွေ၊ Single Father တွေကို စာနာသနားတဲ့ ခံစားချက်ဖြစ်မိတယ်လို့ ဆိုပါ တယ်။

”ကိုယ်ကတော့ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ အမျိုးသားရှိတဲ့အခါကျ တော့ ကိုယ်ပင်ပန်းတဲ့ အချိန်မှာ၊ ကိုယ်မောတဲ့အချိန်မှာ ကိုယ် မလုပ်ချင်တဲ့အရာတွေကို သူနဲ့အတူ မျှဝေလို့ရသေးတယ် ပေါ့နော်။Single Mother တွေ၊ Single Father တွေကျတော့တာဝန်ကို တစ်ယောက် တည်း ယူရတာပေါ့နော်။ သူတို့မှာ မီစရာ ပခုံးလည်းမရှိဘူး။ ခံစားချက်တွေ ဝေမျှ ပေးမယ့်သူလည်း မရှိဘူး ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့တွေအတွက် ခံစားချက်ဖြစ်မိတယ်”လို့ မယ်လိုဒီက ပြောပါတယ်။ သူတို့ မိသားစုကို ချစ်ခင်အားပေးကြတဲ့ ပရိသတ် တွေကိုလည်း မယ်လိုဒီက . .

”ဝမ်းသာတာပေါ့။ အဓိကက ချစ်ခြင်း မေတ္တာတရားပါပဲ။ လူတွေက ချစ်ခြင်းမေတ္တာ အဓိက အလိုအပ်ဆုံး ပေါ့နော်။ အရင် တုန်းက ကိုယ့်ကို မချစ်ခဲ့ဘူး။ ကိုယ် ပြောတာ၊ ဆိုတာ မှားတဲ့အပေါ်မှာ ကိုယ့်ကိုနားမ လည်ပေးနိုင်ခဲ့တဲ့ သူတွေတောင်မှ သား မျက်နှာလေး ထောက် ပြီးတော့ ကိုယ့်ကို ချစ်လာကြတယ်။ နားလည်ပေးလာ ကြတယ်ပေါ့ နော်။ အဲဒီအတွက် အ များကြီး ပီတဖြစ် ပြီး ဝမ်းသာရပါ တယ်”လို့ ပြောပြ ခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here