နားလည်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဇဏ်ခီတို့ ဇနီးမောင်နှံ

0
247

ပရိသတ်တွေ အားကျ၊ သဘောကျရတဲ့ ဇဏ်ခီနဲ့ ခရစ္စတီး နားခီတို့ ဇနီးမောင်နှံဟာ သာယာ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင် ဆိုင်ထားတဲ့ မိသားစုလေးပဲဖြစ်ပါ တယ်။ မိသားစုတစ်စုချစ်ခင်ပျော် ရွှင်စွာနေနိုင်ဖို့ဆိုတာ အိမ်ထောင် ရေးမှာလည်း အဆင်ပြေချောမွတ်နေ မှ ပြည့်စုံတဲ့ မိသားစုဘဝလေးကို လက်ကိုင်ထားနိုင်မှာပဲဖြစ်ပါတယ်။ ဇဏ်ခီတို့ မိသားစုဟာ မိသားစုဝင် ချင်း နွေးနွေးထွေးထွေး ချစ်ခင်ကြ ပြီး တစ်ယောက်ကို တစ်ယောက် အရမ်းဂရုစိုက်ကြတဲ့ မိသားစုလေး လည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့အဓိ က ဖြတ်သန်းတာပါလို့ ဇဏ်ခီက. . .

”ကျွန်တော်တို့က အဓိကတစ် ယောက်နဲ့တစ်ယောက် နားလည်မှု တွေ ထားခဲ့ကြတယ်။ အိမ်ထောင် တစ်ခု တည်မြဲဖို့ လိုအပ်တဲ့အရာ တွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အဲဒီထဲမှာမှ အရေးကြီးဆုံးက နား လည်မှုပေါ့။ ခရစ္စကလည်း ကျွန် တော့်ကို နားလည်ပေးတယ်။ ယုံ ကြည်ပေးတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အိမ်ထောင်ရေးအခု လိုမျိုး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေရ တာပါ”လို့ ပြောပါတယ်။ အနုပညာအလုပ်မလုပ်ခင်က တည်းက တွေ့ဆုံခဲ့ကြပြီး တစ် ယောက်နဲ့ တစ်ယောက်ရုန်းကန်ခဲ့ ကြပုံကိုလည်း ခရစ္စတီးနားခီက. . .

”အစ်မတို့ နေထိုင်တဲ့ နှစ်ယောက် စလုံးရဲ့ ပုံစံက ညီတယ်ပေါ့နော်။ အိမ်ထောင်တစ်ခုကို လုပ်တယ်ဆို တာက မိန်းမနဲ့ ယောက်ျားနဲ့ ဒါပါ ဝင်ပတ်သက်မှုထဲမှာမှ သူက သာ တယ်။ ကိုယ်ကသာတယ်ဆိုတာ ထက် ကိုယ့်ရဲ့အတူတကွ သူနဲ့ခရီး ဆက်ဖို့ အဖွဲ့ဖွဲ့သလိုပါပဲ။ ရင်ထဲက လည်း အစ်မတို့က အတူတူပဲပေါ့။ မိန်းမက ဒီအလုပ်လုပ်ရမယ်။ ယောက်ျားက ဒီအလုပ်လုပ်ရမယ် ဆိုပြီး လုံးဝမခွဲထားဘူး။ အနုပညာ အလုပ်မလုပ်ခင်ကတည်းက အစ်မ နဲ့ ကိုဇဏ်နဲ့က ဟင်းချက်၊ ထမင်း ချက်က အစ်မလည်း လုပ်ရတယ်။ သူလည်း လုပ်ရတယ်။ (ရယ်လျက်) ငွေကလည်း ကိုယ်လည်း ရှာနိုင် အောင် ကြိုးစားရတယ်။ သူလည်း ရှာနိုင်အောင် ကြိုးစားရတယ်။ အမျိုးမျိုးပဲပေါ့နော်။ ဘယ်လိုပဲဖြစ် ဖြစ် နားလည်မှုတွေနဲ့ ရှေ့ဆက်နေ လို့ အခုလိုဘဝမျိုး မိသားစုလေး ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်တာပါ” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here