ပြိုင်ပွဲဝင်တွေရဲ့ အဖြစ်အပျက်တွေ အပေါ် မူတည်ပြီး Myanmar Idol Season-4 မှာ အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ ကျော်ထက်အောင်

0
151

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အစီအစဉ်တင်ဆက်သူ တစ်ဦး အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေရရှိလာပြီး လက်ရှိမှာတော့ သရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ သူငယ်၊ ချူဆီစတဲ့ ရုပ်ရှပ်ဇာတ်ကားများ ရုံတင် ပြသခဲ့ပြီး ပရိသတ်အားပေးမှုတွေလည်း ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ရုံတင် ပြသမယ့် ရုပ်ရှင်ဇာတ်ကားများကျန်ရှိနေပြီး ရုပ်ရှင်ဇာတ်ကားများ လည်းဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်နေပါတယ်။ educate ဖြစ်လာတဲ့ ပရိ သတ်တွေကြား ဇာတ်လမ်းတွေ သေချာရွေးချယ်ပြီး ရိုက်ကူးဖြစ်နေကြောင်းကို လည်း သရုပ်ဆောင် ကျော်ထက်အောင်က ခုလိုပြောပြခဲ့ပါတယ်။

”ရိုက်ဖို့ပြင်ဆင်ထားတဲ့ ဇာတ်လမ်းတွေကတော့ အများကြီးရှိပါတယ်။ ပြီးတော့ educate ဖြစ်လာတဲ့ပရိသတ်တွေကြားမှာ ကျွန်တော်တို့ဇာတ်လမ်း ကို သေချာရွေးချယ်ရပါတယ်။ ရုပ်ရှင်ကားကြီးကတော့ လူတိုင်းတာဝန် ကြီးပါတယ်။ သရုပ်ဆောင်တစ်ဦးချင်းစီရောပါ ၀င်ပတ်သက်တဲ့သူတိုင်း တာ ၀န်ကြီးပါတယ်။ လက်ရှိမှာလည်း ပြည်ပနဲ့လက်တွဲပြီး ရိုက်ကြတာတွေရှိတယ်။ ရိုက်ကူးမူတွေကအစ အင်တာနယ် ရှင်နယ် ဖြစ်လာလေ ပိုကောင်းလေ ပေါ့။ မင်းသားတွေ ကလည်း Talent ရှိဖို့လိုတယ်။ ပြီးတော့ international language သုံးဖို့က အစ။ Body ကစားဖို့လည်း လိုအပ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
သူကတော့ မကြာခင်လာတော့မယ့် Myanmar Idol Season-4မှာလည်း အစီအ စဉ်တင်ဆက်သူတစ်ဦးအဖြစ် ပါဝင်လုပ်ဆောင်မှာလည်းဖြစ်ပါတယ်။ လာပြိုင်တဲ့သူတွေ ရဲ့ အဖြစ်အပျက်တွေ၊ ပြိုင်နေရင်းနဲ့မှ ဖြစ်သွားတဲ့အဖြစ်အပျက်တွေအပေါ် မူတည်ပြီး ကြိုးစားမယ့်အကြောင်းကိုလည်း …

”Idol သူ မှာ အစ်ကိုက လာပြိုင်တဲ့သူတွေ အခြေအနေပေါ်မူတည်ပြီး ပြောရမှာလေ။ လာပြိုင်တဲ့သူတွေရဲ့ အဖြစ်အပျက်တွေ၊ ပြိုင်နေရင်းနဲ့မှ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေအပေါ် မူတည်ပြီးတော့ ပြောရမှာဆိုတော့ အဲ့ဒီအဖြစ်အပျက်တွေ ကောင်းဖို့ပဲအရေးကြီးပါတယ်။ အဲဒီအပေါ်မှာပဲ အစ်ကိုက လိုက်ပြီး ကြိုးစားမှာပါ” လို့လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်၊
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here