ဝေဖန်ကြသူတွေအပေါ် မေတ္တာပဲ ထားပါတယ် ဆိုတဲ့ အောင်ရေချမ်း

0
324


သရုပ်ဆောင် အောင်ရေချမ်း က ပျားရည်အိုင်ဇာတ်လမ်းတွဲမှာ ထဲက ဇာတ်ကောင် ကိုတင်ဖေ အဖြစ် ပရိသတ်တွေ အသိအမှတ် ပြုလာရ သူပါ။ မကြာသေးမီက ထုတ်လွှင့် ပြသခဲ့တဲ့ ကျွန်မရဲ့ မဟေသီ ဇာတ် လမ်းတွဲမှာလဲ မင်းမျိုးနွယ် ဆိုတဲ့ ဇာတ် ကောင်ကို ပီပြင်အောင် သရုပ် ဆောင်ခဲ့သူမို့ ပရိသတ် တွေပိုလို့ အားပေး ခဲ့ကြပါတယ်။ ဒီ ဇာတ် လမ်း တွဲ နှစ် ခု စ လုံး က တော့ အိမ် ထောင် ရေး ဇာတ်လမ်းပါ။ အမျိုးသမီး နှစ် ဦး ကြား ဗျာ များ ရ တဲ့ ဇာတ် ကောင် တွေ ဖြစ် တာ ကြောင့် ဒီ ဇာတ်လမ်းတွဲ မှာ စီးမျောကြတဲ့ ပရိသတ် တွေရဲ့ အားပေးမှု၊ ဝေဖန် မှုတွေနဲ့ အထူးခံနေရ ပါတယ်။ ဝေဖန်တဲ့သူ တွေအပေါ်မှာ မေတ်္တာပဲ ထားပါတယ်လို့ ဆိုတဲ့ အောင်ရေချမ်းက …

”ကျွန်တော်က ဇာတ် လမ်းထဲမှာ မိန်းမနှစ်ယောက် ယူတယ် ဆိုတာကို တချို့က ဆဲ တာလည်း ရှိတယ်။ ကျွန်တော် က အဲဒါကို ပညာယူတဲ့ အနေ နဲ့ပဲ ကြည့်စေချင်ပါတယ်။ ပျားရည်အိုင်မှာက ယောကျာ်း တစ်ယောက်က အိမ်ထောင်အပေါ်မှာ သစ်္စာဖောက်လို့ ရှိရင် တစ်ဖက်လူက ဘယ်လို သနားစရာ ကောင်းတယ် ဆိုတာ ပညာပေးရုံပဲ ရိုက်ထားတာပါ။ သူတို့ ဆဲတယ် ဆိုတာက ဇာတ်လမ်းသဘော အရ စီးမျောသွားရလို့ ဆဲ ကြတာပါ။ ကျွန်တော့်ကို ဆဲလည်း ဆဲပေါ့။ ကိုယ်ကိုယ်တိုင် ကရော ငါဒီလိုမျိုး လုပ်မိနေလားဆိုတဲ့ အမြင်လည်း မြင်ကြည့်ပေါ့။ ယောက်ျား တစ်ယောက်ပဲဖြစ် ဖြစ်၊ မိန်းမတစ်ယောက်ပဲဖြစ်ဖြစ် တစ်ဦး တစ် ယောက်ကိုပဲ ချစ်တာကို မက်ဆေ့ ပေးချင်တာ ပါ။ ကျွန်တော့်ကို ဆဲလည်း ဘာမှမဖြစ်ပါဘူး။ ပရိသတ်အပေါ်ကို မေတ်္တာ ပဲထားပါတယ်” လို့ ပြောပါတယ်။ ဒီဇာတ်လမ်းတွဲတွေ ကြည့်ရှု ပြီးတဲ့ နောက်မှာတော့ ပရိသတ်တွေက အောင်ရေချမ်းဆိုတာ ထက် ကိုတင်ဖေ၊ မင်းမျိုးနွယ် ဆို တဲ့ နာမည်တွေ ကိုပဲ အသိများပြီး ခေါ်ဝေါ် ကြတာ များပါတယ်။ အဲဒီ အပေါ်မှာတော့ အောင် ရေ ချမ်း က ….

”မင်းမျိုး နွယ်နဲ့ ကိုတင်ဖေ ဆိုရင် မင်းမျိုးနွယ် က အတိတ်မေ့နေ တော့ သရုပ်ဆောင် လုပ်ကွက်က ကျွန် တော့်အမြင် ပြော ရရင် သိပ်မပါဘူး ပေါ့။ ကိုတင်ဖေ ဇာတ်ကောင် ကျ တော့ မြိုင်နဲ့ ကျွန် တော်နဲ့ပဲ ဦးစီးသွား တယ်။ ပျားရည် အိုင်မှာ ကျွန်တော် လုပ်ရတဲ့ အိုက် တင်က ပိုပြီးခက် တယ်။ အသက်ကြီး တဲ့ အိုက်တင်တွေရော၊ မိဘတစ် ယောက်မေတ်္တာ ထားတဲ့ အိုက်တင် တွေ ရော၊ လင်မယား နှစ် ယောက်ကြားမှာ ဒွိဟ ဖြစ်တဲ့ အိုက်တင်တွေ ရော ကိုတင်ဖေက လုပ်ကွက်ပိုများတယ် ထင်တယ်။ နာမည်ခေါ်ရတာလည်း ပိုလွယ်မယ်ထင်တယ်။ ကိုတင် ဖေ ခေါ်တာလွယ်လို့ ကိုတင်ဖေခေါ်ကြတာများတယ်။ ကိုတင်ဖေခေါ်တာလည်း လက်ခံပါတယ်။ မင်းမျိုးနွယ် ခေါ်တာလည်း လက်ခံပါတယ်။ နာမည်အရင်း ခေါ်ရင် တော့ ပိုဝမ်းသာတာပေါ့” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်နိုင်စိုး(ကစ္ဆပ)


LEAVE A REPLY

Please enter your comment!
Please enter your name here