ပရိသတ်​ကို အံ့သြသွားစေမယ့်လှိျု့ဝှက်ချက်က ဘာလဲ ယဉ်လက်

0
214


ဖိုက်​တင်​ မင်းသမီးလေးအဖြစ်​ ပရိသတ်​တွေရဲ့ ချစ်​ခင်​အားပေးမှုကို ရရှိလာသူကတော့ သရုပ်​ဆောင်​ယဉ်​လက်​ပဲ ဖြစ်​ပါတယ်​။ အသက်​ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ ဖိုက်​တင်​အခန်းတွေ ၊ ကြမ်း ကြမ်း တမ်းတမ်းတွေ သရုပ်​ဆောင်​ရပေမယ့်​ မထင်​ထားလောက်​အောင်​ သရုပ်​ဆောင်​ ပီပြင်သူ တစ်​ဦး လည်း ဖြစ်​ပါတယ်​။ သင်္ကြန်​တွင်းမှာ အနုပညာအလုပ်​တွေ မလုပ်​ဖြစ်​ဘဲ မိသားစုနဲ့ အတူတူခရီးတွေ ထွက်​ဖြစ်​တဲ့ အကြောင်းကိုလည်း ယဉ်​လက်​က အခုလိုပြောပြခဲ့ပါတယ်​။

”သင်္ကြန်​မှာက သမီးက လျှောက်​မလည်​ဖြစ်​ဘူး။ မိသားစုနဲ့ အတူတူ ခရီးတွေထွက်​တယ်။ အလုပ်​ကလည်း ခွင့်​ပေးထားတော့ သင်္ကြန်​တွင်းမှာ မိသားစုကိုပဲ အချိန်​ပေးဖြစ်​နေတယ်​။ ခရီး တွေသွားရင်​လည်း အဖေ လိုက်​ပို့မှပဲ သွားဖြစ်​တာများတယ်​။ တစ်​ယောက်​ထဲ မသွားဖြစ်​ဘူး။ အဖေကလည်း လိုက်​ပို့ပေးမယ်​ဆိုတော့ ခရီးတွေ မိသားစုနဲ့အတူတူ ထွက်​ဖြစ်​တယ်​။ မလည်​ဖြစ်​တာ၊ ၀ါသနာမပါတာတော့ မဟုတ်ပါဘူး။ ကျန်​တဲ့အချိန်​တွေဆို အနုပညာအလုပ်​တွေ တောက်​လျှောက်​ရှိနေတော့ မိသားစုနဲ့အတူတူ ခရီးထွက်​ရတဲ့ အချိန်​ကနည်း တယ်​။ သင်္ကြန်​တွင်းကျတော့ ခွင့်​လည်းရတော့ မိသားစုနဲ့ အတူတူ လျှောက်​လည်​ ဖြစ်​သလိုပါ”လို့ ပြောပြခဲ့ပါတယ်​။
ယဉ်​လက်​ရဲ့ Facebook account ကနေ အလှဓာတ်​ပုံလေးတွေ မကြာခဏတင်​လေ့ရှိပါတယ်​။ သူ့ရဲ့အလှ ဓာတ်​ပုံလေးတွေကိုလည်း ပရိသတ်​တွေက စိတ်​၀င်​တစားရှိကြပါတယ်​။ အလှဓာတ်​ပုံတွေရိုက်​ပြီး တင်​ဖြစ်​တဲ့ အကြောင်းကိုလည်း ယဉ်​လက်​က. . .

”ဓာတ်​ပုံတွေက ဖေဖေရိုက်​ပေးတာပါ။ ဖေဖေ က သမီးဒီလိုပုံစံမျိုးလေးနေ၊ ဒီလိုမျိုးလေးဆို လှပြီဆိုပြီး သူ့မှာ ပြောပြပြီးတော့ ရိုက်​ပေးတယ်​။ သမီးက ဓာတ်​ပုံရိုက်​ရင်​ ပိုစ့်​သိပ်​မပေးတက်​ဘူး။ ဖေဖေပဲ အကုန်​လုံးသင်​ပေးပြီး လျှပ်​တပြက်ရိုက်​လိုက်​တဲ့ ပုံလေးတွေက ပရိသတ်​တွေ သဘောကျသွားတာပါ။ ဓာတ်​ပုံလှလှလေးတွေ ရိုက်​ပေးတဲ့ ဖေဖေ့ကိုလည်း ကျေးဇူးတင်​ပါတယ်ဆိုပြီး ပြောပြခဲ့ပါသေးတယ်​။ စိန်​ခေါ်မှုရှိတဲ့ ကာရိုက်​တာမျိုးကို သရုပ်​ဆောင်​ရမှာ ဖြစ်​တဲ့အတွက်​ အခု ကတည်းက ကြိုတင်စိတ်​လှုပ်​ရှားနေတယ်​ ဆိုတာကိုလည်း . . .

အခုလတ်​တလောမှာ Canal+ နဲ့ ပူးပေါင်းပြီးတော့ TV Series ရိုက်​ကူးထားတယ်​။ မျက်​ခြယ်​ရုပ်​ရှင်​ထုတ်​လုပ်​ရေးနဲ့ ဗီဒီယိုကားတွေ တောက်​လျှောက်​ရိုက်​ကူးနေတယ်​။ မုန်းမျက်​မာန်​ဆိုတဲ့ ရုပ်​ရှင်​ကားကြီးကို မပိုင်​ဖြိုးသုတို့နဲ့ ရိုက်​ကူး ထားတယ်​။ နောက်​လထဲမှာလည်း ရုပ်​ရှင်​ကားကြီး ထပ်​ပြီး ရိုက်​ကူးဖို့ရှိသေးတယ်​။ ရုပ်​ရှင်​ကားကြီး ထဲက ဇာတ်​ရုပ်​က သမီးအတွက်​ တအား စိန်​ခေါ်မှုရှိမယ့်​ ဇာတ်​ကောင်​ပုံစံမျိုး၊ တစ်​ခါမှ အဲဒီလို ကာရိုက်​တာမျိုးကို သရုပ်​မဆောင်​ဖူးဘူး။ ဘယ်​သူမှ လည်း အဲလိုကာရိုက်​တာမျိုးကို မမျှော် မှန်းထားကြဘူး ထင်​တယ်​။ သမီးအတွက်​တော့ သရုပ်​ဆောင်​ရမှာ တော်​တော်​ တာဝန်​ကြီးတယ်​။ အဲဒီအတွက်​ အခုကတည်းက ကြိုတင်​ ပြင်​ဆင်​မှုတွေ လုပ်​နေတယ်​။ ဘယ်​လိုကာရိုက်တာဆို တာကိုတော့ မပြောပြသေးဘူး။ နည်းနည်း လှိျု့ဝှက်​ထားဦး မယ်​။ ပရိသတ်​တွေ အံ့သြသွားစေမယ့်​ ကာရိုက်​တာမျိုးပါလို့လည်း ပြောပြခဲ့ ပါသေးတယ်​။

ခိုင်​၀ါဝင်း
ဓာတ်​ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here