ဦးဂိုအင်ကာ တရားစခန်းက အတွေ့အကြုံတွေကို ပြန်လည်ပြောပြတဲ့ ဂုဏ်ရည်အေးကျော်

0
354

ပြီးခဲ့တဲ့ ဧပြီလလယ်သင်္ကြန်ကာ လမှာ တရားစခန်း ၀င်ဖြစ်ခဲ့တဲ့ ဂုဏ်ရည်အေးကျော်က သူ့အနေနဲ့ တရား စခန်းဝင်ခဲ့စဉ်က အတွေ့အကြုံတွေကို အခုလိုပြန်လည် ပြောပြပါတယ် . . .

”ဂုဏ်ရည်ထိုင်တာက ဦးဂိုအင်ကာရိပ်သာပါ။ ဦးဂို အင်ကာရိပ်သာမှာကျတော့ မွတ်ဆလင်တွေလည်း ပါတယ်။ ဂျူး၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ပြီးတော့ ဂုဏ်ရည်တို့ ဗုဒ္ဓဘာသာတွေ နိုင်ငံပေါင်းစုံကနေ လာထိုင်ကြတယ်။ ပြီးခဲ့တုန်းကဆို Twitter ရဲ့Founder လည်းလာထိုင်တယ်။ နိုင်ငံတကာမှာ ထိုင်ဖူးတဲ့ လူတိုင်း မြန်မာပြည်မှာ လာလာ ပြီးတော့ထိုင်ကြတယ်။ မြန်မာပြည်က ဗုဒ္ဓဘာသာ ထွန်းကားတဲ့ တိုင်းပြည်၊ ဘာသာတရားနဲ့ပတ်သက်ရင် Vibration တွေကောင်းတယ်ပေါ့နော်။ ဂုဏ်ရည် တို့ခန္ဓာကိုယ်မှာ Vibration တွေရှိတယ်ဆိုတော့ အဲဒီ Vibration တွေကို လာလာခံစားကြ တာ ပေါ့။ ကိုယ်တွေကကျတော့ မြန်မာပြည်ထဲမှာတင် အဲဒီအခွင့်အရေးတွေရှိထားပြီးသားပါ။ လူတစ် ယောက်ဆီ၊ တစ်ယောက်ဆီတိုင်းမှာ ကိုယ်ပိုင် Vibration တွေရှိတယ်။ အရမ်းမြန်တယ်။ ပူ လောင်တယ်။ အေးချမ်းတယ်။ ဂုဏ်ရည်တို့ အဲဒီ Vibration တွေကိုခံစားရင် စိတ်ငြိမ်အောင် ထိုင်တာပါ”လို့ ဂုဏ်ရည်အေးကျော်က ပြောပါ တယ်။ လက်ရှိကာလမှာ လှုပ်ရှားဖြစ်နေတဲ့ ဂုဏ် ရည်အေးကျော်ရဲ့ လှုပ်ရှားမှုတွေက …

”ပွဲတွေအများကြီးလက်ခံထားတယ်။ အထူး သဖြင့် ဂုဏ်ရည် ဧပြီတစ်လလုံးမှာ သင်္ကြန်တုန်းက တရားစခန်းဝင်တယ်။ ပြီးတဲ့အခါကျတော့ မန္တလေး အိမ်ပေါ့။ အိမ်ကအခုပြင်နေတယ်ဆိုတော့ အိမ်ပြောင်းသွားပြီ။ ဂုဏ်ရည် ကိုယ်တိုင်ဒီဇိုင်းဆွဲ၊ ဂုဏ်ရည့်အိုင်ဒီယာပေါ့။ ဒီနေရာမှာအပင်စိုက်မယ်။ ဟိုနေရာမှာ အဖြူရောမယ်။ အဲဒါမျိုးတွေပေါ့ နော်။ ဂုဏ်ရည်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီးလုပ်နေရတာဆိုတော့ အဲဒီမှာ တစ်ပတ်ကျော်ကျော်လောက် နေဖြစ်ခဲ့တယ်။ အခု မေ ၁ ရက်နေ့ ကစပြီး ပွဲတွေဆက်တိုက်လက်ခံထားတယ်။ နှစ်သစ်မှာတော့ အများကြီးပါ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here