Thursday, February 20, 2025

ကျားဖြန့်လုပ်ငန်းများ မြို့ကြီးများကို ပြောင်းရွှေ့လာပါကလည်း စုံစမ်းဖော်ထုတ်နိုင်ဟု...

အွန်လိုင်းလိ-မ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို လက်ရှိတွင် နယ်စပ်ဒေသများ၌ မြန်မာအပါအဝင် ထိုင်း၊ တရုတ််နိုင်ငံတို့ ပူးပေါင်းဖမ်းဆီးနေပြီး မြို့ကြီးများကို ပြောင်းရွှေ့လာပါကလည်း ကောင်းစွာထိန်းချုပ်ဖော်ထုတ်နိုင်ကြောင်း နစက...

တရုတ်နိုင်ငံ အကူအညီဖြင့် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း...

တရုတ်နိုင်ငံ၏ အကူအညီဖြင့် ပြည်တွင်း၌ နေရောင်ခြည် စွမ်းအင်သုံး စီမံကိန်း (၄) ခုတည်ဆောက်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယင်းအတွက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို...

အာဆီယံနှင့် ရုရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် ဦးစားပေး...

၂၀၂၅ ခုနှစ်အတွင်း အာဆီယံနှင့် ရုရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် ဦးစားပေး အစီအစဉ်များနှင့် ပတ်သက်၍ (၂၁)ကြိမ်မြောက် အာဆီယံ - ရုရှား အဆင့်မြင့်အရာရှိကြီးများ...

ရွှေကုက္ကိုလ်သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား...

မြန်မာနိုင်ငံအတွင်းရှိ ရွှေကုက္ကိုလ်သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၂၅ဝ) ဦး ကိုထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ ထုတ်ပြန်ထားချက်အရ...
HomeCelebrities' Newsလန်ဒန်မှာ ကျင်းပမယ့် အာဆီယံရုပ်ရှင်ပွဲတော်မှာ...

လန်ဒန်မှာ ကျင်းပမယ့် အာဆီယံရုပ်ရှင်ပွဲတော်မှာ မီ ရုပ်ရှင် ဇာတ်ကား ပြသရန် ရွေးချယ်ခံရ


လန်ဒန်မြို့မှာ ကျင်းပမယ့် အာဆီယံရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ မီရုပ်ရှင် ဇာတ်ကားက ပြသဖို့ ရွေးချယ်ခံထားရပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို မေလ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ မိခင်ဖြစ်သူ ဒေါက်တာနွယ်ဦးတို့ တက်ရောက်ကြမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားတွေကို အခုလိုအသိအမှတ်ပြုလက်ခံပေးတဲ့အတွက် ၀မ်းသာပါ တယ်လို့ဆိုတဲ့ ပိုင်ဖြိုးသုက …

”မြန်မာပြည်ထဲက မီဇာတ်ကားကို ရွေးလိုက်တာပါ။ မလေးရှားမှာပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော် ကျတော့ ပြပွဲရော၊ ပြိုင်ပွဲရောပါ။ ဆုလည်းပေးတယ်။ လန်ဒန်မှာတော့ ဆုမပေးပါဘူး။ ပြပွဲသက် သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သုတို့ မြန်မာနိုင်ငံက ဇာတ်ကားတွေကို တခြားနိုင်ငံတွေက လက်ခံပေးတယ်။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရတယ်။ သုသုတို့မှ မဟုတ်ပါဘူး။ တခြားနိုင်ငံက သွားပြိုင်တဲ့အ ဖွဲ့တွေလည်း ရကြတယ်။ ၀မ်းသာပါတယ်။ ဒါတစ်ဆင့်တိုးတက် လာတဲ့သဘောပဲလေ။ နောက်ဆိုရင် ဒီ့ထက်ပိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
မီရုပ် ရှင်ဇာတ်ကားဟာ ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ လည်း ပြသခွင့်ရရှိသလို ဆုတွေလည်း ရရှိခဲ့တာကြောင့် ၀မ်းသာဂုဏ်ယူမိပါတယ်ဆိုတဲ့ ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဒေါက်တာနွယ်ဦးက …

”အန်တီကတော့ တအားပျော်တယ်။ အန်တီရဲ့ ကြိုးစားအားထုတ်မှုက ဘာမှမရှိဘူး။ အန်တီက ကလေးတွေ လိုအပ်တာကို ပံ့ပိုးပေးရုံကလွဲလို့ သူတို့ဟာသူတို့၊ သူတို့လမ်းကို သူတို့ဖောက်ပြီး လျှောက်ခဲ့ကြတာလေ။ ကိုယ့် ကလေးတွေ အောင်မြင်တဲ့အပေါ်မှာ သူတို့အတွက် ပိုပြီးဂုဏ်ယူဝမ်းသာရပါတယ်”လို့ ပြောပါတယ်။ မီရုပ်ရှင် ဇာတ်ကားဟာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံရုပ်ရှင်ပွဲတော်မှာလည်း ပြသခွင့်ရရှိခဲ့ပြီး Best Director of Photography ဆု ဒါရိုက်တာ ဏကြီးကရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသတင်းစာဆရာများအသင်းမှ ကြီးမှူးကျင်းပသည့် Starawards ဆုပေးပွဲမှာလည်း Best Cinematography Award ကို မီဇာတ်ကားမှ Director of Photography ဒါရိုက်တာ ဏကြီးက လည်းကောင်း၊ Best Actress In A Leading Role Award ဆုကို ပိုင်ဖြိုးသုကလည်းကောင်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေ ကြိုက်နှစ်သက်မှု အများအပြားရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ တစ်ကားအပါ အ၀င်ဖြစ်ခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်နိုင်စိုး(ကစ္ဆပ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071