သရုပ်ဆောင် မိုးအောင်ရင်ဇာတ်ကားတွေ ပြန်ရိုက်တော့မလား

0
435


မူးယစ်ဆေးဝါးအမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သရုပ်ဆောင် မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်ခဲ့ပြီဖြစ် ပါတယ်။ မိုးအောင်ရင် လွတ်ငြိမ်းချမ်း သာခွင့်မှာပါတဲ့ သတင်းကြားကြား ချင်းမှာပဲ မိသားစုနဲ့အတူ အနုပညာ မောင်နှမတွေနဲ့ ပရိသတ်တွေအားလုံး က ပျော်ရွှင်ခဲ့ကြပါတယ်။ မိုးအောင် ရင် ဖခင်ဖြစ်သူ အဆိုတော်အောင် ရင်ကလည်း သားဖြစ်သူနဲ့ပတ်သက် လို့ ပြောလာတာက..

”ကျွန်တော်တို့မိသားစုရဲ့ အိပ် မက်ဆိုးကြီးကနေ ဒီနေ့လွတ်မြောက် ပါပြီ။ လွတ်မြောက်ခွင့်ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူလူကြီး မင်းများအားလုံး စိတ်ပူပြီးဆုတောင်း မေတ္တာပို့သပေးကြသူများအားလုံး ကိုယ်ချင်းစာတရားအပြည့်နဲ့ ကျွန် တော်တို့မိသားစုကို စောင့်ရှောက် ဖေးမကူညီကြသူများအားလုံးကို ရင် ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူး အ ထူးပဲတင် ရှိပါတယ်”လို့ ၀မ်းသာ စကားဆိုပါတယ်။ အနုပညာမောင် နှမတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် လှ မျိုးသဉ္ဇာနွယ်ကလည်း မိုးအောင်ရင် နဲ့ပတ်သက်လို့ ၀မ်းသာစကား ဆိုခဲ့တာက..

”တကယ်ကို ၀မ်းသာ မိပါတယ်။ သားသမီးချင်းလည်း ကိုယ်ချင်းစာပါတယ်။ မိုးအောင်ရင်နဲ့ ကလည်း ခင်လည်း ခင်တယ်လေ။ အမှားကတော့ လူတိုင်းနဲ့ မကင်းပါ ဘူး။ အစ်မတို့လည်း ငယ်ငယ်တုန်းက မှားခဲ့တာပဲလေ။ အမှားကို စိတ်ထဲ တွေးပြီး ပြန်ခံစားနေဖို့ မလိုပါဘူး။ ပြီးတာတွေကို ပြီးခဲ့တိုင်းပဲထားပြီး သင်ခန်းစာယူပြီးတော့ ရှေ့ဆက် လျှောက်ရမယ့်ခရီးတွေကအများကြီး ရှိသေးတယ်လေ။ စိတ်ချမ်းသာသာပျော်ပျော်ရွှင်ရွှင်နဲ့ အားမငယ်ဘဲနဲ့ အနုပညာအလုပ်တွေ အများကြီး လုပ်ကိုင်ပါ”လို့ ပြောပါတယ်။

မိုး အောင်ရင်အနေနဲ့ အနုပ ညာအလုပ်တွေကို အရင်ထက် ပိုကြိုး စားစေချင်တယ်လို့ မေသန်းနုက လည်း ပြောပါတယ်။

”ဒီကလေးဟာ တအား သနားဖို့ ကောင်းတယ်။ မိဘတွေ အဝေးတစ်နေရာရောက် နေတဲ့ အချိန်မှာ သူ့တစ်ယောက် တည်း ရပ်တည်ရတာလေ။ သူ့ကို ကြည့်ရတာ အထီး ကျန်တယ်လေ။ အနုပညာအလုပ်ကို တော့ သူလုပ်မှာ ပါ။ သူ့ကိုထွေထွေ ထူးထူး ဆုံးမစရာ မလိုတော့ဘူးထင်တယ်။ ဘယ်သူမ ဆို အမှားနဲ့ မကင်းဘူးပေါ့။ ကိုယ် လက်ရှိအခြေအနေမှာ ကိုယ်အလုပ် လုပ်မယ်ဆိုရင် အရင်ကထက် ပိုပြီး ကြိုးစားဖို့တော့ လိုတာပေါ့နော်။ မဆင့်ကတော့ အဲဒီလိုမျိုးပဲ အားပေး ချင်ပါတယ်..”လို့ မေသန်းနုက လည်း ပြောပါတယ်။ မိုးအောင်ရင်ကို ပြန်လည်လွတ်မြောက်လာပြီး နောက် ပိုင်းမှာလည်း အနုပညာအလုပ်တွေ ကို အရင်အတိုင်းပဲ ပြန်လည်လုပ် စေချင်ကြပြီး သူ့ရဲ့အနုပညာတွေ ကိုလည်း ကြည့်ရှုချင်နေကြပြီလည်း ပရိသတ်တွေက ပြောကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here