ကိုနေတိုးဆီကနေပညာတွေအများကြီးရခဲ့တယ် ဆိုတဲ့ နေခြည်ဦး

0
960

ပရိသတ်တွေရဲ့ အချစ်တော် Beauty Blogger နေခြည်ဦးက လတ်တလောမှာတော့ မြန်မာနိုင်ငံ ရဲ့ထုတ်ကုန်တော်တော်များများ ကုန် ပစ်္စည်းသံတမန်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာတွေလည်း တွေ့ရပါတယ်။ မေလ ၁၀ ရက်နေ့ကဆိုရင်လည်းRexona(Roll on) ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ပရိသတ်တွေရဲ့ အလှ အပတွေနဲ့ပတ်သက်ပြီး အမြဲတမ်း လမ်းညွှန်ပေးနေရတဲ့ Beauty Blogger တစ်ယောက်အနေနဲ့ အလှ အကုန်ပစ္စည်းတွေမှာ သံတမန် ခန့် အပ်တာတွေနဲ့ ပတ်သက်ပြီး နေခြည် ဦးက. . .

”နေခြည့်ကို ဒီလိုမျိုး အလှအပ တွေရဲ့ သံတမန်အဖြစ် ခန့်အပ်တဲ့ အတွက် ၀မ်းသာမိတယ်။ ကိုယ်ကိုယ် တိုင်ကလည်း Beauty Blogger အနေနဲ့ အလှအပရေးရာတွေကို ကိုယ့်ရဲ့ ပရိသတ်တွေကို လမ်းညွှန်ရ တာဆိုတော့ ဒီလိုမျိုး ကိုယ့်ကိုယ် သံ တမန်ခန့်အပ်တော့ ၀မ်းသာဂုဏ်ယူမိ ပါတယ်။ တချို့လူငယ်တွေကျတော့ တချို့အလှအပပစ္စည်းအသစ်တွေကို မသုံးရဲတာတွေ ရှိတယ်။ နေခြည်က အဲ့ဒီလိုမျိုးတွေကို သူတို့ရှေ့မှာ ဒီ ပစ်္စည်းက ကောင်းလား။ မကောင်း ဘူးလားဆိုတာ review တွေ ပေး ပေးတယ်။ အဲ့ဒီအချိန်ကျရင် ကိုယ့် နောက်ကနေ လိုက်သုံးမယ့်သူတွေက လည်း နေခြည်က အရှေ့မှာ သုံးပြ ထားတဲ့အတွက် သူတို့နောက်ကွယ်မှာ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်တယ်။ အဲဒီအတွက် အရှေ့က လမ်းညွှန်ပေး ရတဲ့ နေခြည်လည်း ပျော်တယ်။ နေ ခြည်ရဲ့ နောက်မှာ ယုံယုံကြည်ကြည် သုံးစွဲနေတဲ့သူတွေလည်း ပစ္စည်း ကောင်းတွေ ပိုင်ဆိုင်နိုင်မယ်” လို့ ပြောပါတယ်။ Beauty Blogger တစ်ယောက်အနေနဲ့ ပရိသတ်အရှေ့ မှာ အနုပညာလောကကို ၀င်ရောက် လာခဲ့တာဖြစ်ပြီး အခုဆိုရင် သရုပ် ဆောင်အလုပ်ပါ လုပ်ကိုင်နေပြီး သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ် ကားကြီးဖြစ်တဲ့ ဧည့်သည်ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်တော့မှာဖြစ်တဲ့ အတွက် အရမ်းစိတ်လှုပ်ရှားနေတယ် လို့ နေခြည်ဦးက အခုလိုပဲပြောပြခဲ့ပါ တယ်။

”နေခြည့်ရဲ့ ဒုတိယကားလေး ဖြစ်တဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တော့မှာဆိုတော့ အရမ်းလည်း ရင်ခုန်နေတယ်။ အရမ်းလည်း ဂုဏ် ယူတယ်။ ဧည့်သည်ကားမှာလည်း အကောင်းဆုံး ကြိုးစားထားတယ်။ ရွှေထူးတို့ရွှေမှုံရတီတို့ကလည်း အတွဲ ညီညီ သရုပ်ဆောင်ထားတဲ့ အတွက် ထွက်လာရင်လည်း ပရိသတ်တွေ အားပေးကြပါဦး။ နေခြည့်အနေနဲ့ Beauty Blogger ဘ၀ကနေ ဒီ သရုပ်ဆောင်လောကထဲ ၀င်လာက တည်းက ကိုယ်ရတဲ့ အခွင့်အရေးလေး ကို အကောင်းဆုံးကြိုးစားတယ်။ ရန်သူဇာတ်ကားမှာလည်း အကောင်း ဆုံးကြိုးစားခဲ့တဲ့အတွက် ပရိသတ် တွေလည်း အကြိုက်ရခဲ့တယ်။ အခု ဒီကားမှာလည်း အကောင်းဆုံးကြိုး စားခဲ့တယ်။ အဲ့ဒီအတွက် ပရိသတ် တွေကလည်း လာကြည့်ကြပါဦး” လို့ ပြောပါတယ်။ နေခြည်ဦးက လတ်တ လောမှာတော့ အခမ်းအနားဆုံး မေတ္တာရုပ်ရှင် ဇာတ်ကားကြီးကို ကို နေတိုးနဲ့ ရိုက်ကူးနေတဲ့အတွက် အတွေ့အကြုံတွေ အများကြီးရတယ် လို့ နေခြည်ဦးက. . .

”အခုရိုက်နေတဲ့ အခမ်းအနားဆုံးမေတ္တာ ကားလေး ဟာလည်း ပရိသတ်တွေ အကြိုက် ရင်ဘတ်ထဲ ရောက်လာဦးမယ်လို့ ယုံ ကြည်ပါတယ်။ ဒီကားလေးမှာ ကိုနေ တိုးနဲ့အတူတူ သရုပ်ဆောင်ရတဲ့အခါ ကိုနေတိုးဆီက ပညာတွေလည်း ရ တယ်။ အစကတည်းက ကိုနေတိုးက အရည်အချင်း ပြည့်ဝတဲ့ အနုပညာ ရှင်တစ်ယောက်ဖြစ်တဲ့အတွက် အစ် ကိုဆီက ပညာတွေ အများကြီးရပါ တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here