လူငယ်အနုပညာရှင်တွေကို ကြိုဆိုပါတယ်ဆိုတဲ့ အောင်ရဲလင်း

0
612


စတိုင်တစ်မျိုးနဲ့ အမြဲတမ်း ဖက်ရှင်ကျနေပြီး မိန်းကလေးပရိသတ် တွေ ရဲ့ အားပေးမှုသာမက ယောက်ကျားလေးပရိသတ်တွေရဲ့ အားပေးမှု ပါ ရရှိထားသူကတော့ အောင်ရဲလင်း ပါ။ ဖက်ရှင်တွေ Hair Style တွေကို အမြဲတမ်းလိုလိုစောင့်ကြည့်နေရပြီး ယောက်ျားလေး ပရိသတ်တွေ အတု ယူကာ လိုက်လုပ်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ယောက်ျားလေးပရိသတ်တော်တော်များများ အားကျရသူဆိုလည်း မမှား ပါဘူး။ အောင်ရဲလင်းရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုအားပေးချင်ကြတဲ့ ပရိသတ်များအတွက် မှားတဲ့ ဘက်ကနေကြည့်ပါဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကလည်း ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ သက်မွန်မြင့် ၀င့်ယမုံ လှိုင် ရဲအောင် မင်းဦး မေသန်းနုတို့ နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ မှားတဲ့ဘက်ကနေကြည့်ပါ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အောင်ရဲလင်းက အခုလိုပြောပြပါ တယ်။

”ဒီဇာတ်ကားထဲမှာ ကျွန်တော် က အတ္တကြီးတဲ့ စီးပွားရေးသမားတစ် ယောက်အနေနဲ့ ပါဝင်ထားတယ်။ မိသားစု ဒရာမာ ဇာတ်ကားလေးတစ် ကားပါ။ ဇာတ်ဝင်ခန်းတိုင်းကိုတော့ ကျွန်တော်အကောင်းဆုံးသရုပ် ဆောင်ခဲ့တယ်။ ဒရာမာဇာတ်ကား ဖြစ်တဲ့အတွက် ကျွန်တော့်အတွက် ခက်ခဲ့တဲ့အပိုင်းတွေကတော့ အများ ကြီးပါ။ ကျွန်တော့်ဆရာ ကိုမောင် မောင်ဦးက သေချာ သင်ပြပေးခဲ့တဲ့ အတွက်လည်း ဇာတ်ကားပြန်ကြည့်တဲ့ အခါမှာ ကျေနပ်မှုရှိတယ်။ ၀ါရင့် သရုပ်ဆောင် ကိုမင်းဦး ကိုရဲအောင် မဆင့်တို့နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ရ တဲ့အတွက်လည်း သူတို့ဆီက ပညာ တွေ အများကြီးရခဲ့တယ်”လို့လည်း ပြောပြပါတယ်။ အနုပညာလောကမှာ လူငယ်တွေ အများကြီးပေါ်ပေါက်လာ တဲ့အပေါ်ကိုလည်း အောင်ရဲလင်းက အခုလိုပြောပြခဲ့ပါသေးတယ်။

”ကျွန်တော်တို့အနုပညာလော ကတင် မဟုတ်ပါဘူး။ ဘယ်လောက မှာမဆို လူငယ်တွေက အရေးကြီး တယ်။ အရေးပါတယ်။ လူငယ်တွေ တိုးတက်လာတာနဲ့အမျှ လူငယ်တွေ ကောင်းလာတာနဲ့အမျှ သူတို့လုပ်တဲ့ လုပ်ငန်းပဲဖြစ်ဖြစ် သူတို့လုပ်တဲ့လမ်း ကြောင်းပဲဖြစ်ဖြစ် ကောင်းလာတယ်။ တိုးတက်လာတယ်။ ဒါကြောင့် လူ ငယ်တွေကို အများကြီး ဒီထက်မက ထွန်းတောက်စေချင်တယ်။ ဒီထက်မက ဖြစ်ထွန်းစေချင်တယ်။ လူငယ်တွေ များများပေါ်လာမှလည်း သရုပ်ဆောင်အပိုင်းတင်မဟုတ်ပါဘူး။ ဒါ ရိုက်တာပဲဖြစ်ဖြစ် ဇာတ်ညွှန်းပဲ ဖြစ်ဖြစ် အလွှာအသီးသီးက လူငယ်တွေ အများကြီးပေါ်လာရင် ကျွန်တော်တို့ အနုပညာလောက ဒီထက်မက ပိုပြီး တိုးတက်လာမှာပါ။ လူငယ်အနုပညာ ရှင်တွေကိုလည်း ကြိုဆိုပါတယ်” လို့ ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါ၀င်း

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here