သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ပရိသတ်တွေ အသိတစ်ခုရသွားခဲ့ရင် ကျေနပ်ပါပြီ ဆိုတဲ့ အိန္ဒြာကျော်ဇင်

0
141


သရုပ်ဆောင် အိန္ဒြာကျော်ဇင် က ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားမှာ သက် ငယ်မုဒိန်းကျင့်ခံရတဲ့ သမီးငယ်ရဲ့ မိခင်ဖြစ်သူ ဒေါင်းနီအဖြစ် ခံစားချက်ပြင်းပြင်းနဲ့ ပီပြင်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားမရိုက်ကူးခင် ၀တ္တု ဖတ်ချိန်ကတည်းက ရင်ထဲ ကို ထိခဲ့တဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီး စိတ်ပင်ပန်းစွာနဲ့ ကြိုး စားထားပုံကိုတော့ အိန္ဒြာကျော်ဇင်င်က …

”စိတ်ပင်ပန်းတာကတော့ မရိုက်ခင် ဒီဝတ္တုဖတ် ကတည်းက ဒေါင်းနီရဲ့နေရာမှာ သူ့သမီးနဲ့ပတ်သက်ပြီး ခံစားရတဲ့ခံစားချက်ကြီးက တအားကို ဆို့နစ်တယ်။ အမေ တိုင်းလည်း ဒီလိုပြဿနာတွေနဲ့ ကြုံလာရင် ဒီလိုစိတ် ဖြစ်ကြမှာပဲ။ အဲဒီလို နင့်နင့်သီးသီး ခံစားရတဲ့ မုဒ်နဲ့ ရိုက် တဲ့အခါမှာ တအားဟဲဗီးဖြစ်တဲ့ခံစားချက်ကို ရိုက်ပြီးသွား လို့ရှိရင် လူပါနည်းနည်းပါးပါးထိတဲ့ အပိုင်းလေးတွေထိ အူဝဲ ပြင်းပြင်းထန်ထန်လုပ်ပြီး ကြိုးစားခဲ့တယ်။ အဓိက တော့ ဒေါင်းနီဖြစ်ဖို့အတွက်ကော ရိုက်ရင်းရိုက်ရင်းနဲ့ ကိုယ့်ရဲ့ စိတ်ထဲမှာ တကယ်ဖြစ်နေတဲ့အတိုင်းဖြစ်သွားခဲ့ တယ်”လို့ ပြောပါတယ်။
ဟစ်တိုင်ဇာတ်လမ်းက သက်ငယ်မုဒိန်းကို ပညာပေး အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းပါ။ သမီးမိန်း ကလေးမွေးထားတဲ့ မိသားစုတွေအတွက် သင်ခန်းစာ ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးပုံဖော်ခဲ့တာဖြစ် ကြောင်းကိုတော့ အိန္ဒြာကျော်ဇင်င်က …

”ဒီဝတ္တုကို ဖတ်ပြီးချိန်မှာ ငါ ဒီဇာတ်လမ်းကို ဘာကြောင့် ရိုက်သင့်လဲဆိုတဲ့ အရေးကြီးဆုံးအချက်က ခက်ခဲမယ်။ ပင်ပန်းမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်က တအားကောင်းတယ်။ ဒီလို အချိန်တွေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအတွက်ကို မီးမောင်းထိုးပြထားတဲ့အတွက် ပိုပြီးရိုက်သင့် တယ်လို့ ထင်တယ်။ သမီးမိန်းကလေးမွေးထားတဲ့ အမေတွေအတွက် ပညာပေးပေါ့။ သိသင့်တယ် လို့လည်း ထင်တယ်။ ဘယ်လောက်ပဲ ခက်ခဲပင် ပန်းပါစေ၊ ကိုယ်ရိုက်လိုက်တဲ့အခါမှာ ကိုယ့် ကြောင့် သမီးမိန်းကလေးမွေးထားတဲ့ အမေတွေ သင်ခန်းစာလေးရသွားတယ် မက်ဆေ့ခ်ျတစ်ခုကို သိသွားတယ်ဆိုရင် ပင်ပန်းရကျိုးနပ်တယ်။ ကြိုး စားရကျိုးနပ်တယ်။ ဒီလောက်နဲ့တင် အူဝဲကျေနပ် နေပါပြီ။ သမီးမိန်းက လေးမွေးထားတဲ့မိသားစုတွေ၊ အမေတွေ၊ အဖေတွေ အကုန်လုံးက လက်လွတ် စပယ် မထားသင့်ပါလား။ မလုပ်သင့်ပါလား။ ဒီလိုစိတ် မထားသင့်ပါလားဆိုတဲ့ အချက်အလက်တွေ အားလုံးကို မြင်သွားပါမယ်ဆိုရင် ကျေနပ်ပါပြီ။ အူဝဲရိုက်ရကျိုးနပ်မှာ ပါ။ မြို့တွေမှာတော့ ဒီ knowledge လေးက သိထားပြီးသား ဖြစ်မှာပါ။ အများဆုံးဖြစ်တာကတော့ ရွာလေးတွေ၊ နယ် လေးတွေမှာအဖြစ်များကြတယ်။ အားလုံးကလည်း ကိုယ့် စားဝတ်နေရေးအတွက် လှုပ်ရှားနေကြရတော့ ကိုယ့်ရဲ့ကလေး တွေကို သတိလက်လွတ်နဲ့ ထားမိကြတဲ့အပေါ်မှာ မဖြစ်သင့်တဲ့ အမှားတွေ ဖြစ်သွားတတ်တယ်။ ဒီဇာတ်ကားကို ကြည့်ပြီး အားလုံးသတိထားကြဖို့ သတိပေးချင်ပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here