လူငယ်အကျိုးပြုတေးတွေ ရေးဖြစ်နေတဲ့ မြန်မာပြည်သိန်းတန်

0
369


အနုပညာနဲ့ ပတ်သက်လို့ အမြဲတမ်းနုပျိုလန်းဆန်းနေတဲ့ မြန်မာပြည်သိန်း တန်က သူ့ရဲ့ ဂီတသက်တမ်း နှစ် ၅၀ ကျော်လာပြီးတဲ့နောက် ဆက်လက်လုပ် ဆောင်သွားမယ့် အနုပညာဖန်တီးမှုတွေများစွာရှိသေးကြောင်း ပြောပါ တယ်။ အားလုံးက အန်ကယ်လို့ လေးလေးစားစားခေါ်လေ့ရှိကြ တဲ့ မြန်မာပြည်သိန်းတန်က သူ့ရဲ့ အနုပညာဖန်တီးမှုအသစ် တွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး …

”သီချင်းသစ်တွေ ထွက်ဖို့ရှိတယ်။ နောက်ပြီးတော့ အန်ကယ်အိမ်မှာ သီချင်းတွေရေးနေတယ်။ လူငယ် အကျိုးပြုတွေလည်း ပါတာပေါ့လေ။ နိုင်ငံရဲ့ စည်းလုံး ညီညွတ်ရေးလေးတွေ၊ အကျိုးပြုလေးတွေပါတယ်။ အန်ကယ်လည်း ရေးရတာကြိုက်တယ်။ ဆိုလည်း ဆိုပြပါမယ်။ One Man Show တွေလည်း လုပ်ဦး မှာ။ အန်ကယ်ရဲ့ ဂီတသက်တမ်းကကွယ်၊ အနှစ် ၅၀ တော့ ပြည့်နေပြီ။ အနှစ် ၅၀ ပြည့်အထိမ်းအမှတ် အနေနဲ့ One Man Show လုပ်ဖို့ စီစဉ်နေပါ တယ်”လို့ ပြောပြပါတယ်။ ဂီတမှာ ထူးချွန်သလို အ၀တ်အစားဖက်ရှင် ပိုင်းမှာလည်း သူမတူထူးခြားနေတဲ့ မြန်မာပြည်သိန်းတန်က နောက်ပိုင်းမှာ ဖက်ရှင်ကျကျအ၀တ် အစားတွေဆင်မြန်းသလို လက်ဝတ်ရတနာတွေကိုလည်း ဆင်မြန်း လေ့ရှိပါတယ်။ အန်ကယ် ရတနာတွေဝတ်ရတာ ကြိုက်လားလို့မေး တော့ …

“ရတနာတွေ ကြီးကြီးမားမားတွေဝတ်ရတာ အန်ကယ်ကြိုက် လာတယ်ဆိုတော့ တေးချစ်သူရဲ့ အစီအစဉ်ပါပဲလေ။ အရင်တုန်း ကတော့ မ၀တ်နိုင်ဘူး။ မတတ်နိုင်ဘူး။ ပိုက်ဆံမရှိဘူးလေ (ပြုံး လျက်)”လို့ မြန်မာပြည်သိန်းတန်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here