မြန်မာပြည်မှာရတဲ့ Star Awards ဆုက ပထမဆုံးဆုပါ ဆိုတဲ့ မိုရီဆာကီဝင်း

0
177


Star Awards 2018 မှ ချီး မြှင့်သော Special Award (Performance) ဆုအား မိုရီဆာကီ ၀င်းထံသို့ ဆုတံဆိပ်ချီးမြှင့်ခြင်းနှင့် ဆုတော်ငွေ အပ်နှင်းခြင်းကို မေလ ၁၀ ရက်နေ့က Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆို ပါဆုရရှိခဲ့တဲ့အပေါ် မိုရီဆာကီဝင်း က ၀မ်းသာပီတိ ရင်ခုန်သံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

”ကျွန်တော် ဒီဆုရတဲ့အတွက် အများကြီးကို ၀မ်းသာတယ်။ ဒီဆုကို ရခဲ့တယ် ဆိုတာက ကျွန်တော် တစ်ယောက်တည်းကောင်းလို့ရခဲ့တာ မဟုတ်ပါဘူး။ ဇာတိမြေ ဇာတ်ကား မှာပါဝင်ကြတဲ့ ၀န်ထမ်းတွေရော သရုပ်ဆောင်တွေရော အားလုံးက စည်းစည်းလုံးလုံး ရိုက်ကူးခဲ့လို့ ရခဲ့တဲ့ ဆုလို့ ကျွန်တော် ခံစားရပါတယ်။ မြန်မာပြည်မှာရတဲ့ဆုက အခု Star Awards က ပထမဆုံးဆုပါ။ ဇာတိ မြေက မြန်မာပြည်ကို ပြန်လာပြီး တော့ ပထမဆုံးရိုက်ကူးတဲ့ ပထမဆုံး ဇာတ်ကားနဲ့တင် ပရိသတ်တွေ အား ပေးကြတယ်။ ဆုလည်း ရတဲ့အတွက် တအားကို ၀မ်းသာပါတယ်”လို့ ပြော ပြပါတယ်။ မြန်မာပြည်မှာ အလုပ်လုပ်ရတာ တအားကိုပျော်ရွှင်မိတယ် ဆိုတာကိုလည်း. . .

”မြန်မာပြည်နဲ့ အ လုပ်လုပ်ရတာက ကျွန်တော်က မြန်မာစာ အများကြီးစားလို့ရတဲ့အတွက် သဘောကျတယ်။ ပျော်လည်း ပျော်တယ်။ ကြိုက်လည်း ကြိုက်တယ်။ကျွန်တော် ဟိုဟာ စားချင်တယ်ဆို လည်း အကုန်လုံးက ၀ယ်လာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပရိ သတ်တွေကလည်း ချစ်ကြတဲ့အတွက် ပျော်ပါတယ်”လို့လည်း ပြောပြခဲ့ပါ တယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံ ကွာ ခြားချက်ကိုလည်း မိုရီဆာကီဝင်းက. . .

“မြန်မာပြည်မှာက အပြင်သွားရင်တစ် ယောက်ယောက်က ကျွန်တော့်ကို တွေ့ရင် သိလို့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ကျွန်တော်က နှုတ်ဆက်လိုက် ရင် သူတို့ကပြန်ပြီး ရယ်ပြတယ် ပြုံး ပြတယ် ပြန်နှုတ်ဆက်တယ်။ ကျွန်တော် မြင်တာကို ပြောရမယ် ဆိုရင် ကျွန်တော် ကားစီးပြီးစတူဒီယိုသွားတဲ့ အချိန်မှာ ကားက မီးပွိုင့်မှာ ရပ်နေ တယ်ဗျာ အဲဒီဘတ်စ်ကားဂိတ်မှာ လားမသိဘူး။ လုံးဝမသိတဲ့ သူတွေက တစ်ခုခုအကူအညီတောင်းရင် ဘယ်သူမို့လို့ ဘယ်က မို့လို့ မကူညီတာ မရှိကြဘူး ဘယ်ကိုသွားချင်ရင် ဘာ ကားစီး ဘယ်ဘက်ကိုသွား ဘယ်လို သွားဆိုပြီး ပြောတာမြင်ရတော့ ပြော ရမယ်ဆိုရင် ဂျပန်နဲ့ အရမ်းကွာတယ် ဗျာ။ ဂျပန်မှာကအားလုံးက ကိုယ့် အတွက်ကိုပဲ ဘေးနားမှာ ခလုတ်တိုက်လဲကျ စက်ဘီးတွေဘာတွေ ဘပြုတ်ကျနေတယ်ဆိုရင်တောင် သူတို့က မကြည့်ကြဘူး။ ဒါက နိုင်ငံ အပေါ်မူတည်ပြီး Culture က ကွာ တယ်ဆိုတော့ ကောင်းတယ် မကောင်း ဘူး ပြောလို့မရဘူးပေါ့နော်။ မြန်မာ ပြည်ကိုတော့ ကျွန်တော် သဘော အရမ်းကျတယ်”လို့ ပြောပြခဲ့ပါသေး တယ်။

ခိုင်ဝါ၀င်း

ဓာတ်ပုံ – အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here