တစ်ကိုယ်တော်အခွေထွက်ဖို့ ရုန်းကန် ကြိုးစားနေရတဲ့ Myanmar Idol ပြိုင်ပွဲဝင် အဆိုတော် ဇင်ကြီး

0
256


ဇင်ကြီးက Myanmar Idol Season 2 ပြိုင်ပွဲပြီးကတည်းက တစ်ကိုယ်တော်အခွေကို ပြင်ဆင်နေ ခဲ့တာပဲဖြစ်ပါတယ်။ သူက ကြားထဲမှာ တော့ ရုပ်ရှင်ကားကြီးတစ်ကားကို ဝေဠုကျော်၊ သူထူးစံ၊ မင်းရာဇာတို့နဲ့ အတူရိုက်ကူးခဲ့ပါသေးတယ်။ ပြိုင်ပွဲ ပြီးပြီးချင်း ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ဇာတ် ကားကြီး ဖြစ်ခဲ့တဲ့အတွက် သူ့အနေနဲ့ အိုက်တင်ပိုင်းနဲ့ပတ်သက်လို့ ရှက်ကိုး ရှက်ကန်းတွေလည်း ဖြစ်ခဲ့ရတယ်လို့ ဇင်ကြီးက ပြောပါတယ်။ ရုပ်ရှင်ကား ကြီးရိုက်ဖြစ်ခဲ့ပေမယ့် သရုပ်ဆောင် လုပ်ဖို့ တော့ စိတ်ကူးမရှိပါဘူးလို့ ပြောပြပါတယ်။ သူ့ရဲ့အဓိကလုပ်ချင် တာကတော့ အဆိုတော်တစ်ယောက် ပဲဖြစ်ပြီး အခွေထွက်နိုင်ဖို့အတွက်ပဲ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ပြောလာပါတယ်။

သူက သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးလေ့ရှိသလို ကိုယ်တိုင် လည်း တီးပါတယ်။ ကိုယ်တိုင်ရေး၊ဆို၊ တီးတစ် ဦးအနေနဲ့ ဂီတလောကမှာ ရပ်တည်သွား ဖို့ရှိပြီး သူထွက်မယ့် အခွေထဲမှာလည်း ကိုယ်ပိုင်သံစဉ်တွေ ချည်းပဲပါဝင်မှာ ပဲဖြစ်ပါတယ်။ သီချင်းပုံစံတွေကတော့ အမေအ ကြောင်း၊ ဘ၀အကြောင်း၊ ဂီတလော က အကြောင်းစသည်ဖြင့် အစုံပါဝင် မှာဖြစ်ပြီး ပရိသတ်တွေအတွက် ရသစုံအောင် ထည့်သွားမယ်လို့ ပြောပါတယ်။

”သီချင်းတွေက ပြီးသလောက် တော့ရှိ နေပါပြီ။ ကိုယ်လုပ်ချင်တာ လေးတွေကို စိတ်တိုင်းကျ ပုံဖော် ရေးသားထားတာပါ။ တေးရေးဆရာ ကြီးတွေလိုတော့ စကားလုံး ကြွယ် ကြွယ် ၀၀တော့မရေးနိုင်ဘူးပေါ့ လေ။ ကိုယ်ရှိသလောက် ၀မ်းစာလေး နဲ့ဖြည့်ပြီးတော့ရေးတဲ့ သီချင်းလေး တွေပါပဲ။အခွေတစ်ခွေလုံးအထိကို ပြီးသွားဖို့အတွက်ကို တော်တော်ကြီး ကို ရုန်းကန် ကြိုးစားရတာပါ။ ဘာ ကြောင့်လည်းဆို တော့ သီချင်းတွေ ဆိုရ ရေးရတီးရနဲ့ဆိုတော့ အဲဒီလို ဒုက္ခတွေနဲ့ အများကြီး ရင်ဆိုင်ရ တယ်။ ပရိုဂျုစာတွေအနေနဲ့ကလည်း အခွေတစ် ခွေထုတ်ပေးဖို့အတွက် ကျတော့လည်း သူတို့ဘက်ကကြည့် ရင်လည်း အခုအချိန်မှာ တော်တော် လေးကို ခက်ခဲတဲ့အပိုင်းတွေဖြစ် လာတယ်။ ကျွန်တော်တို့ဘက်က ကြည့်ပြန်တော့လည်း အခက်အခဲ တွေကတော့ အများကြီးပဲ။ တော် တော်လေးကို ကျပ်တည်းသလိုဖြစ် လာတယ်။ အခွေတစ်ခွေ ထွက်ဖို့ မလွယ်ပါဘူး။ မလွယ်တဲ့ကြားထဲက နေပဲ ထွက်နိုင် အောင်ပဲ ကျွန်တော် တို့ ကြိုးစားနေပါတယ်”လို့အခွေ နဲ့ပတ်သက်လို့ ဇင်ကြီးက ပြောပြပါ တယ်။

လင်းအက်္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here