“India’s Most Wanted” ဇာတ်ကား မေ ၂၄ မှာ ရုံတင်ပြသတော့မည်

0
273

[spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

ပရိသတ်တွေ မျှော်လင့်နေတဲ့ ဘောလိဝုဒ်အက်ရှင်ဇာတ်ကား India’s Most Wanted ဇာတ်ကား နမူနာကို မေလ ၂ ရက်နေ့က ထုတ်လွှင့်ပြသ လိုက်ပါတယ်။ ဇာတ်လမ်းက လူအစုလိုက်အပြုံ လိုက်သေစေတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ တရားခံကို လိုက်လံဖမ်းဆီးတဲ့ ဇာတ်ကြမ်းကားဖြစ်ပါတယ်။
ဒီဇာတ်ကားကို ၂၀၀၇ ခုနှစ် ကနေ ၂၀၁၃ ခုနှစ်အတွင်း အိန်္ဒိယ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ကြံ သတ်ဖြတ်မှုတွေအကြောင်း အခြေခံထားတယ်လို့ သိရပါတယ်။ အဲဒီကာလအတွင်း ပေါက်ကွဲမှု ၅၂ ခု၊ ပြင်းထန်တဲ့ ဒဏ်ရာရသူ ၈၁၀ ဦး၊ သေဆုံးသူ ၄၃၃ ဦးအထိ ရှိခဲ့တယ် လို့ အဲဒီရုပ်ရှင်နမူနာမှာ စာတန်းထိုး ပြထားပါတယ်။
ဒါရိုက်တာ ရပ်ခ်ျကူးမာရုပ့်တက ရိုက်ကူးပြီး၊ မင်းသားအာဂျန်ကပူးလ် နဲ့အတူ ဘောလိဝုဒ်နာမည်ကျော် တွေဖြစ်တဲ့ ရာဂျက်ရှာရမာ၊ ပရစ်စပ် အယ်လက်ဇန်းဒါး၊ ဂူရပ်မီရှရာအစရှိ သူတို့ ပါဝင်သရုပ်ဆောင်ထားကြပါ တယ်။ ဖောက်စ်စတားကုမ္ပဏီက ရိုက်ကူးထုတ်လုပ်ပြီး လာမည့်မေလ ၂၄ ရက်နေ့ အရောက်မှာတော့ စတင်ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။

Ref : ENEWS

[/spb_text_block] [spb_video link=”https://www.youtube.com/watch?v=xmab5E_62og” remove_related=”yes” autoplay=”no” full_width=”no” width=”1/1″ el_position=”first last”]


LEAVE A REPLY

Please enter your comment!
Please enter your name here