မင်းသမီးလုပ်ရတာခက်ခဲတယ်ဆိုတဲ့ ခိုင်သင်းကြည်

0
779


ပရိသတ်တွေရဲ့ကြားမှာ ဆယ်စုနှစ်တစ်စုအကျော် ယခုအချိန်ထိ ပရိသတ်တွေအားပေးမှုတွေ ရရှိထားသူ ကတော့ အကယ်ဒမီ ခိုင်သင်းကြည်ပဲဖြစ်ပါတယ်။ ဇာတ် ကောင်၊ ကာရိုက်တာတိုင်းကို အကောင်းဆုံး သရုပ် ဆောင်နိုင်တဲ့ ခိုင်သင်းကြည်ကတော့ လတ်တလောမှာ လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူး နေပါတယ်။ အနုပညာလောကကို ချစ်မြတ်နိုးသူ၊ အနု ပညာအလုပ်ကို ချစ်မြတ်နိုးတဲ့သူ တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းထဲ ၀င်ရောက်လာတဲ့အချိန်မှာ အခက်အခဲတွေရှိခဲ့ကြောင်းကို ခိုင်သင်းကြည်က. . .

”အစ်မတို့ အနုပညာအလုပ်ကို လုပ်တာကလည်း အနုပညာအလုပ်ကို အရမ်းချစ်လို့။ တချို့ကိစ်္စတွေ စိတ် မ၀င်စားပဲ အနုပညာတစ်ခုထဲကို ချစ်ခဲ့လို့ ဒီလိုနေရာထိ ရောက်လာတာပေါ့။ တချို့သူတွေကတော့ ထင်လိမ့်မယ်။ မင်းသမီးလုပ်ရင် ကျော့ကျော့လေးနဲ့နေ လှလှပပနေရ မယ်လို့ ထင်ကြမယ်။ အမှန်တကယ်တော့ မင်းသမီးက နေပူထဲလည်းမရှောင်ဘဲ ရိုက်ရတာ နေရာစုံအကုန် လုပ်ရတဲ့အတွက် ပင်ပန်းပါတယ်။ ပင်ပန်းလျက်သားနဲ့ ဒါကို မလုပ်ဘဲ နေနိုင်လားဆိုတော့လည်း မလုပ်ဘဲ မနေနိုင်ဘူး။ အဲဒီလို ၀ါသနာကြီးတဲ့အတွက်လည်း ဒီနေရာထိ၊ ဒီ အသက်အရွယ်ထိ လုပ်နေတာပါ”လို့ ပြောပါတယ်။
အသက်အရွယ်တစ်ခုရလာတဲ့ အချိန်ထိ ဇာတ်ကား ရွေးချယ်မှုအပိုင်းတွေကော ရွေးချယ်ဖြစ်လားလို့ မေး ကြည့်တဲ့အခါမှာတော့ ခိုင်သင်းကြည်က. . .

”ဇာတ်လမ်းတွေ ကတော့ အခုနောက်ပိုင်း ရွေးချယ်တာတွေတော့ ရှိပါတယ်။ ဇာတ်ကားတစ်ကား ရိုက်ဖို့အတွက်ကျတော့ ဇာတ်လမ်းလေးတွေ သေချာလေးရွေးဖြစ်တယ်။ ကိုယ့် အသက်အရွယ် ကာရိုက်တာ အကုန်လုံးနဲ့လည်းလိုက် အောင် ရွေးချယ်ဖြစ်တာတွေတော့ ရှိပါတယ်”လို့ ပြောပါ တယ်။ အကယ်ဒမီ သရုပ်ဆောင်ခိုင်သင်းကြည်က လတ် တလောမှာတော့ အနုပညာအလုပ်တွေ၊ ဇာတ်ကားရိုက် တွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here