သူ့ဖေဖေကသူ့ကို ချပါတီမ လေးလို့ခေါ်တယ်။ သူတို့အိမ်မှာ ချ ပါတီခဏခဏ လုပ်စားကြတယ်။ သူ က အဲဒါကို ကြိုက်တယ်။ သူက ချပါ တီကြိုက်တော့ ချပါတီမလေးရယ်လို့ ခေါ်စရာဖြစ်တာပေါ့။ ကျွန်တော် ငယ်ငယ်က အမေဟာ ဒယ်အိုးဖုံး ပေါ်မှာ ဂျုံလုံးကလေးကို ဖိပြီး ပု လင်းလွတ်တစ်ခုနဲ့ ပြားသွားအောင် လှိမ့်တယ်။ ဂျုံလုံးကလေးက ပြား ပြားကလေးဖြစ်သွားရင် ဒယ်အိုး ကင်းထဲကိုထည့်လိုက်တော့သည် ပင်။ မကြာခင်မှာ ဂျုံနံ့သင်းသင်း ကလေးထွက်ပေါ်လာ။ သုံးဆောင် နိုင်ပါပြီခင်ဗျာ။ အမေဟာ မုန့်ဆိုင် က ဈေးကြီးတဲ့မုန့်တွေ ၀ယ်မကျွေး ဘဲ ကျွန်တော်တို့ကို ချပါတီလုပ်ကျွေး ခဲ့တာ။ ကုလားပဲကို နူးအိနေအောင် ပြုတ်ထားပြီး ချပါတီနဲ့ တွဲဖက်စား နိုင်အောင် မဆလာနဲ့ ချက်ပေးထား တယ်။ လူငယ်ဘ၀ရဲ့ အောက်မေ့ ဖွယ် အမှတ်ရချက်များပါပဲ။ ဒါက ဆိုင်မှာ ၀ယ်စားရင် တစ်ခုကို ဘယ် လောက်တောင် ပေးရတာနော်အမေ ရာလို့ပြောလိုက်လျှင် အမေဟာ ပြုံး လို့နေသည်ပင်။ ဂျုံလုံးကလေးတွေ ဟာ ဒန်အိုးပေါ်မှာ အမေက လက်နဲ့ ဖိပြီးရင် ပုလင်းနဲ့လှမ့်လေတာ။ အမေရယ် ကျွန်တော်ဖို့ ထူထူကလေး လုပ်ပေးပါလို့ပြောရင် အမေဟာ ဂျုံ ကို ထူထူပြားပြားဖြစ်အောင် လုပ်တော့သည်ပင်။ ဂျုံပြားထူထူက ဒယ်အိုးထဲမှာ ကျက်လို့လာ။ ကျွန်တော် က ဂျုံကြိုက်တယ်အမေရဲ့လို့ပြောတော့ ကြိုက်ရင် စားပါတော်တဲ့။ ကျွန်တော် လူငယ်ဘ၀က စာအုပ် တစ်အုပ်ထဲမှာ ဒီလိုဖတ်ရတာ စာရေးဆရာကြီး မဟာဆွေရဲ့သမီး စာရေးဆရာမ ဒေါ်ခင်ဆွေဦးဟာ ချ ပါတီမလေးလို့ ငယ်စဉ်က အခေါ်ခံရတာ။ ဒီလိုရှိတယ်ဗျာ။ ဒါဟာ စာရေးဆရာတွေ သူတို့မိသားစုတွေ ကြုံတွေ့ကြရတာ တွေလေ။ ကျွန်တော်တို့ငယ်ငယ်တုန်းက ဂျုံနဲ့လုပ်တဲ့မုန့် ဆိုတာ ကောင်းမွန်တဲ့ အစားအစာတစ်ခုပါပဲ။ ရိုးရှင်းတဲ့ နေ့စဉ်ဘ၀ထဲ မှာ ဒယ်အိုးကင်းထဲက ဆယ်ယူလိုက်တဲ့ ချပါတီဟာ ပူနွေးလို့နေတာ။
နေမျိုး
– ဆရာမကြီး ဒေါ်ခင်ဆွေဦးသို့