မိုးရာသီမှာ Rainbow သီချင်းခွေ ထွက်ရှိမယ့်နန်းဆုရတီစိုး

0
331


အွန်လိုင်းပေါ်မှာပဲ စိတ်ကြိုက် သီချင်းလေးတွေ ဖန်တီးပြီး ထွက်ရှိ ထားတဲ့ နန်းဆုရတီစိုးက မိုးရာသီမှာ တော့Rainbow ဆိုတဲ့mini album ထွက်ရှိဖို့ ပြင်ဆင်နေပါတယ်။ မိုးရာ သီမှာ ပရိသတ်တွေကို လွမ်းဆွေးမှု ရသတွေ ပေးချင်တာပါလို့ဆိုပါတယ်။ ဒီအခွေနဲ့ပတ်သက်ပြီး နန်းဆုရတီ စိုးက …

”အဲဒါက audio ထွက်မှာ။ အဲဒီအခွေမှာ နှစ်ယောက်အတူ တူဆိုထားတဲ့ စုံတွဲသီချင်းလေးပါ မယ်လို့ စိတ်ကူးထားကြတယ်။ သီ ချင်းကတော့Mini Album ဖြစ်တဲ့ အတွက် အပုဒ်ရေကတော့ နည်း မယ်။ နန်းဆုက မိုးတွင်းထွက်မယ် ဆိုပြီး ကြေညာထားတယ်။ မိုးရာသီ မီဖို့ဆိုရင် ၅ ပုဒ်ကနေ ၇ ပုဒ်ကြား ပါမယ်။ မိုးတွင်းဖြစ်တဲ့အတွက် အဓိကတော့ လွမ်းရမယ့် ဆွေးရမယ့် သီချင်းတွေဖြစ်မယ်။ မိုးတွင်းမှာ ဆွေးဖို့ပေါ့။ အဲဒီလိုသီချင်းတွေကို ဦးစားပေးပြီး ထည့်သွားမှာပါ”လို့ ပြောပါတယ်။
နန်းဆုရတီစိုးက မိုးရာသီမှာ အခွေထွက်ဖို့ကို ကတိပေး လိုက်ပါပြီ။ သူ့ရဲ့ ကတိစကားအတိုင်း အကောင် အထည်ဖော်လို့နေပါတယ်။ ဘယ် လောက်ထိ ပြီးစီးနေပြီလဲဆိုတာကို တော့ နန်းဆုရတီစိုးက …

”အခုလက်ရှိကတော့ လက်စ မသတ်ကသေးဘူး။ ပရိသတ်ကိုတော့ ကတိပေးလိုက်ပြီ။ ထွက်မယ်ဆိုတဲ့ အကြောင်းပြောလိုက်ပြီ။ သူတို့လည်း ကြိုပြီး ရင်ခုန်လို့ရအောင်surprise လုပ်လိုက်တာပေါ့။ တချို့ကိစ္စတွေ မှာ နန်းဆုက ပရိသတ်ကို ပြောပြီး တော့မှ ပိုပြီးတော့ ဂရုစိုက်ပြီးလုပ်ဖြစ် တာများတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် သိပ်မလုပ်ဖြစ်ဘူး။ နန်းဆုက အမြဲ တမ်းဘေးမှာ တွန်းတဲ့လူရှိမှ ပိုပြီး လုပ်ဖြစ်တယ်။ နန်းဆုက အလုပ်လုပ် ရတာ နည်းနည်းပျင်းတယ်။ ကြာ တတ်တယ်။ အေးအေးဆေးဆေးလေး လုပ်တတ်တယ်။ ကတိပေးလိုက်ခြင်း အားဖြင့် ဘာကောင်းတာလဲ ဆိုတော့ ငါပရိသတ်ကို ကတိပေးထားတယ်။ ထွက်မှဖြစ်မယ်ဆိုတဲ့ စိတ်မျိုးတွေ ဖိအားတွေ အမြဲပေးထားမှ အဆင် ပြေတယ်။ အဲဒီတော့မှ ထလုပ်တာ။ အခုကတိပေးလိုက်ပြီဆိုတော့ လုပ် ဖြစ်အောင် ကြိုးစားမယ်”လို့ ပြောပါ တယ်။

နန်းဆုရတီစိုးက ကမ်းမဲ့လှေ သီချင်း Music Video တစ်ပုဒ်ကို အွန်လိုင်းမှာ ထွက်ရှိထားပြီး ဒီသီ ချင်းကိုတော့ G-Fatt က ရေးသား ပေးသလို ကိုယ်တိုင်ဒါရိုက်တာအ ဖြစ် ရိုက်ကူးပေးထားတာပါ။ ဒီသီ ချင်းကို တစ်ရက်တည်းမှာပဲ ကြည့်ရှု သူများပြားခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here