မင်္ဂလာပွဲ ဘယ်တော့လဲ အေးမြတ်သူ

0
169

aye-myat-thu-1လတ်တလောမှာ “မအေးပွင့် မြင့်မြင့်စန်း လမ်းသုံး ဆယ်” ဇာတ်ကားနဲ့ နာမည်ကြီးနေတဲ့ အေးမြတ်သူက “မနေ့ ကဖြစ်သည်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ရဲအုပ် ခက်ခက်ခိုင် နေရာက သရုပ်ဆောင် နေပြီး ဒီဇာတ်လမ်း မှာတော့ အမှု အတွက် စုံစမ်း ထောက်လှမ်း ရမှာ ဖြစ်ကာ ဖိုက်တင်ချရတာ တွေမပါ ကြောင်းပြောပါတယ်။

“ဒီမှာတော့ ဖိုက်တဲ့ အခန်း တွေမပါပါဘူး။ စုံစမ်း ရတာပေါ့။ ဒီဇာတ်လမ်းတွဲက တအား ကောင်းတယ်။ ပရိ သတ် ကြိုက်မှာပါ။ ကင်မရာ အယူအဆ တွေလည်း ကောင်း တယ်။ အချိန်လည်း တော်တော် ပေးရတယ်။ ဆင်းန်တစ် ဆင်းန် ရိုက်ကူးရင် ကတ်တွေက အများကြီး ချိန်း တယ်။ ချိန်းတဲ့ ကတ်တိုင်း ကလည်း တကယ့် သေသေချာချာလေး နဲ့ ချိန်းတာ ဆိုတော့ ဒီဇာတ်လမ်းတွဲကို ပရိသတ် အကြိုက် တွေ့မှာပါ” လို့ ပြောပါတယ်။ ဒီဇာတ်လမ်းတွဲ ကို တော့ ဒီဇင်ဘာလထဲမှာ ထုတ်လွှင့် ပြသမှာဖြစ် ကြောင်း သိရပါ တယ်။ အေးမြတ်သူ က Dior  ဓာတ်ပုံဆိုင် ၃ နှစ်ပြည့် အထိမ်းအမှတ် Bridal Fashion & Music Concert  ပွဲမှာ သတို့သမီး ဝတ်စုံ နဲ့ရှိုးလျှောက်ခဲ့ ပါတယ်။ ကိုယ်တိုင် သတို့သမီးဝတ်စုံ ဝတ်ပြီး မင်္ဂလာပွဲ ဘယ်တော့ ဆင်နွှဲမလဲလို့မေးတော့ အေးမြတ်သူက..

“လိုပါသေးတယ်။ အသက်တွေက ကြီးလာပြီ ဆိုတော့ ဆုံးဖြတ်ချက် ကို သေချာလေး လုပ်ချင်တယ်။ တစ်ခုခုကို လုပ်မယ်ဆိုရင် ပျက် သွားမှာတွေ၊ မှားယွင်း သွားမှာတွေ မဖြစ်ချင်ဘူး။ အဲဒါကြောင့်လည်း ဒီအသက် ဒီအရွယ် ရောက် ခဲ့တာဆိုတော့ အသက်ကြီးလာလေ ပိုမှားဖို့ ခက် လေပဲ။ ငယ်ငယ်တုန်း ကတော့ ရူးမိုက်လို့ မှားသွား တာဆိုတာမျိုး လက်ခံလို့ရတယ်။ အသက်ကြီးလာ တော့ မှားလို့မရဘူး။ အသက် ကြီးလာတာ နဲ့အ မျှ ကိုယ့်ရဲ့တည်ဆောက်မှု ပိုပြီး ခိုင်မာရမယ်။ ပိုပြီး ဆုံးဖြတ်ချက် တွေ မှန်ကန်ရမယ်။ ပိုပြီး Serious ဖြစ် လာတယ်။ Serious ပိုဖြစ် လာလေ ပိုပြီးစဉ်းစားရလေ၊ ပိုပြီး တွေဝေ လာလေပေါ့” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here