အေးဝတ်ရည်သောင်း ဘယ်အချိန်အိမ်ထောင်ပြုမလဲ

0
278


ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုရရှိထာတဲ့ သရုပ်ဆောင်အေးဝတ်ရည် သောင်းကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင် နေပြီး မကြာခင် Channel 9 မှာ ထုတ်လွှင့်ပြသတော့မယ့် ‘ရင်ခွင့်ရှင်းတမ်း’ အချစ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး. . .

”ဒီရုပ်သံ ဇာတ်လမ်းတွဲမှာ ပေါက်စီ ဆရာဝန်မတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဒီကာရိုက်တာအတွက် ကြိုတင်လေ့လာခဲ့ရတာတွေ ရှိပါတယ်။ နားကြပ် ကိုင်တာတွေ၊ ဆံပင်စည်းတာတွေ၊ ၀တ်တာစားတာတွေ လေ့လာခဲ့ပါတယ်။ ကားရိုက်နေတဲ့အချိန်မှာလည်း အနားမှာလာပြီး သင်ပြပေးတဲ့ ဆရာဝန်တွေ လည်း ရှိပါတယ်။ နာမည်ကိုက ရင်ခွင်ရှင်းတမ်းဆိုတော့ တော်တော်ရှင်းရမှာပါ။ ရှုပ်တာမှ အားလုံးပတ်ရှုပ်နေတာ။ ငါးယောက်လုံးတစ်ယောက်တစ်မျိုးစီ ရှုပ်ကြ တာပေါ့”လို့ ပြောပြခဲ့ပါတယ်။ သူ့ရဲ့ အချစ်ရေးနဲပတ်သက်ပြီးလည်း မေးမြန်း ဖြစ်ခဲ့ပါတယ်။

”အစ်မရဲ့အပြင်က အချစ်ကတော့ ကိုယ်က ချစ်တတ်တဲ့သူဆိုတော့ ချစ်တာပဲပေါ့။ အချစ်ကတော့ နားလည်မှုလည်း အရေးကြီးတယ်။ သစ္စာရှိဖို့ လည်း အရေးကြီးတယ်။ အစ်မသဘာကျတဲ့အချစ်မျိုးကတော့ ကိုယ်နောက်ဆံ မတင်းချင်ဘူး။ ကိုယ်အလုပ်လုပ်နေတဲ့အချိန်မှာလည်း စိတ်ချရတဲ့ ရည်းစားမျိုး ကို လိုချင်တယ်။ ကိုယ်အပေါ်မှာ သစ္စာရှိပြီးတော့ ကိုယ့်အလုပ်ကို နားလည် ပေးမယ့်ချစ်သူမျိုး လိုချင်ပါတယ်။ ချစ်သူကို ကိုယ်က ချပြချင်ပါတယ်။ သူ က ချပြမခံတာ။ သူက ရှက်တတ်တယ်(ရယ်လျက်)။ ကိုယ်က ချပြချင်ပေမယ့် သူဘက်ကျတော့ သူ့ကို သိသွားတယ်ဆိုလိုရှိရင် သူနေရထိုင်ရခက်မယ်။ သူ့ သူငယ်ချင်းတွေက ကိုယ်အကြောင်းပြောမယ်။ ဟိုအကြောင်း ဒီအကြောင်း ပြောမယ်။ အဲ့ဒီဒဏ်တွေကို သူမခံချင်ဘူးပေါ့။ အဲ့တာကြောင့် မချပြဖြစ်တာပါ။ အစ်မကတော့ ကလေးဆန်တယ်ဘဲပြောပြော ချပြချင်တာပေါ့။ ဒါပေမဲ့လည်း ချပြလိုက်ပြီးမှ ဖူးစာမဆုံကြရင် သူအတွက်လည်းမကောင်း ကိုယ့်အတွက် လည်း မကောင်းဘူးလေ” လို့လည်း ပြောပြခဲ့ပါတယ်။
အပျိုကြီးလို့ ပရိသတ်တွေ စနောက် ခံနေရတဲ့ မအေးသာင်းကို အိမ် ထောင်ပြုဖြစ်တော့မှာလားလို့ လည်း ဆက်လက်မေး မြန်းခဲ့ရာ …

”အိမ်ထောင်ပြုဖို့ကတော့ ဘယ်ချိန်မှာ အိမ်ထောင်ပြုမယ် ဆိုပြီး သတ်မှတ်ထားတာ မရှိပါ ဘူး။ တချို့ အသက်ကြီးပြီးမှ အိမ် ထောင်ပြုကြတာတွေလည်း ရှိပါ တယ်။ ကိုယ်ဘ၀အတွက် တကယ်လို အပ်မယ်။ သူနဲ့ကိုယ်နဲ့ မခွဲနိုင်တော့ဘူးဆို လို့ ရှိရင်တော့ အိမ် ထောင်ပြုဖြစ် မှာပါ”လို့လည်း သရုပ်ဆောင် အေးဝတ်ရည် သောင်းက ပြောပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here