ဇွန်လကုန်ပိုင်းလောက်မှာ သူငယ်ချင်းဖြစ်သူKMHနဲ့တွဲဖက်ပြီး သီချင်းခွေ ထွက်ရှိ တော့မယ့် အိုအေစစ်

0
251

မတူညီသောဂီတတွေနဲ့ ပရိသတ်တွေရင်ထဲကို ၀င်ရောက်လာခဲ့တဲ့ တေးသံရှင် အိုအေစစ်ကတော့ ဇွန်လကုန်ပိုင်းလောက်မှာ သူငယ်ချင်းဖြစ်သူKMHနဲ့တွဲဖက်ပြီး X လို့ အမည်ပေးထားတဲ့ သီချင်းခွေ တစ်ခွေထွက်ရှိတော့မှာဖြစ်ပါတယ်။ အဆိုပါ ထွက်ရှိတော့မယ့် X သီချင်းခွေနဲ့ပတ်သက်ပြီး အိုအေစစ်က အခု လိုပြောပြပါတယ်။

”အစ်ကိုနဲ့KMHနဲ့ ပေါင်းပြီးတော့ ခြောက်လပိုင်းကုန်မှာ နှစ်ယောက်ပေါင်းပြီး X လို့ အမည်ပေးထားတဲ့ သီချင်းခွေတစ်ခွေထွက်မယ်။ အဲဒီအခွေမြန်မြန်ထွက်နိုင်အောင် အခုကြိုးစားပြီး လုပ်နေတယ်။ နှစ်ယောက်တွဲအခွေမှာ သီချင်းစုစုပေါင်း ၁၀ ပုဒ်လောက် ပါမယ်။ အချစ်သီချင်းပုံစံမျိုးလေးတွေ။ နှစ်ယောက်တွဲသီဆိုထားတာက ခြောက်ပုဒ်လောက်ပါတယ်။တစ်ယောက်ချင်းစီက တစ်ယောက်နှစ်ပုဒ်လောက်ပါ မယ်။ X လို့အခွေနာမည်ပေးဖြစ်တာက လူတစ်ယောက်ရဲ့ EX၊ X ဆိုတာကမှား တဲ့ လက္ခဏာ၊Full Stop ပြီးဆုံး သွားတဲ့ အဓိပ္ပာယ်လိုမျိုး အမျိုးမျိုး အဓိပ္ပာယ် သတ် မှတ်လို့တော့ရတယ်။ခြောက်လပိုင်းကုန်လောက်ထွက်နိုင် အောင် ကြိုးစားနေတယ်။ ပြီးတော့ ကျွန်တော်နဲ့KMHနဲ့ Bo Bo Entertainment က စီစဉ်တဲRecords အခွေထဲမှာYor Are My Everythingဆိုတဲ့ အချစ်သီချင်းလေးကို နှစ်ယောက်တွဲ သီဆိုထားတယ်။ ကောင်မလေးတစ်ယောက်ကို တင်စားပြီး သူကကိုယ့်အတွက် အရာအားလုံးဆိုတဲ့ ပုံစံမျိုးလေးပါ။ သီချင်းရေးတဲ့ အချိန်တုန်းက အခက်အခဲတော့ ရှိတယ်။ မရှိတဲ့ ကောင်မလေးကိုအရှိလုပ်ပြီး ရေးရတော့ နည်းနည်း တော့ခက်ခဲတယ်။ ဒါပေမဲ့ နားထောင်မယ့် သူတွေအတွက်တော့ အဆင်ပြေမှာပါ”လို့လည်း ပြောပြပါတယ်။ အခုနောက်ပိုင်းမှာ အိုအေစစ်က အရင်ကထွက်ရှိထားတဲ့ သီချင်းတွေကို Music Video တွေ ပြန်လည်ရိုက်ကူးဖြစ်နေတဲ့အကြောင်းကိုလည်း အခုလိုပြောပြပါတယ် . . .

”အခုနောက်ပိုင်းမှာ ကျွန်တော် အရင်က ထွက်ထားတဲ့ သီချင်းတွေကိုMTVပြန်ရိုက်နေ တယ်။ အစ်ကို သီချင်းတော်တော်များများဆိုMTVမထွက်ဖြစ်တာများတယ်။ တော်တော်များများ ကလည်း ပြောကြတယ်။ သီချင်းတွေက ထွက်တယ်။ MTV တွေ မကြည့်ရဘူးဆိုပြီးတော့။ အကြာ ကြီးနေမှ ရိုက်ဖြစ်တာက သီချင်းတွေက နှစ်ယောက်ဆိုထားတာ၊ သုံးယောက်ဆိုထားတာဆိုတော့ သူတို့တွေအားမယ့်အချိန်နဲ့လည်း ညှိရတယ်။ သူတို့ကလည်း အချိန်မအားကြတော့ ရိုက်ဖို့အချိန်ညှိလို့မရဘူး။ အခုအချိန်မှာ ပရိသတ်တွေကို ကျွန်တော့်သီချင်းတွေထဲက သူတို့MTV ကြည့်ချင်တဲ့အပုဒ်တွေကို Voting တောင်းပြီးတော့ရိုက်နေတယ်။ ကယ် သူမဲ့အလင်းဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေက ကြိုက်ကျတဲ့အတွက် ပြန်ရိုက်ဖြစ်တယ်။ နောက်ထပ် ဘယ်သူကိုချစ်လဲဆိုတဲ့ သီချင်းလေးတွေ လည်း ပြန်ရိုက်ပြီး ထပ်ထွက်ဖို့တွေရှိ သေးတယ်”လို့လည်း ပြောပြပါတယ်။

ခိုင်ဝါ၀င်း၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here