ထာဝရငြိမ်းချမ်းရေး စေတီတော်အတွက်အလှူငွေတွေ လှူဒါန်းခဲ့တဲ့ တေးသံရှင် ကြာညိုသွယ်

0
151


တေးသံရှင် ကြာညိုသွယ်က တော့ ဟောင်ကောင်ကနေ မြန်မာ နိုင်ငံကို ခဏတာပြန်ရောက်လာတဲ့ အချိန်မှာလိုအပ်နေတဲ့ နေရာတွေကို တတ်နိုင်သလောက် အလှူအတန်း တွေ ပြုလုပ်လျက်ရှိပါတယ်။

”မရှိလို့ မလှူ မလှူလို့မရှိ မဖြစ်ရအောင် ဟောင်ကောင်မှာ ရှာဖွေခဲ့တဲ့ ၀မ်းစာ ထဲကနေ တတ်နိုင်သလောက်ကို စု ထားပြီး အလှူအတန်းတွေကို လုပ်ဖြစ်ပါတယ်”လို့ ပြောပြပါတယ်။ နေ ပြည်တော်မှာ တည်ထားကိုးကွယ်နေ တဲ့ ထာဝရငြိမ်းချမ်းရေး စေတီတော် အတွက်လည်း လိုအပ်နေတဲ့ အလှူ ငွေတွေကို တေးသံရှင် ကြာညိုသွယ်တစ်ယောက် တတ်နိုင်သလောက်လှူဒါန်းခဲ့ပါသေးတယ်။ ထာဝရငြိမ်း ချမ်းရေး စေတီတော်အတွက် အလှူ တော်ငွေ လှူဒါန်းဖြစ်တဲ့အကြောင်း ကို တေးသံရှင် ကြာညိုသွယ်က အခု လို ပြောပြခဲ့ပါတယ်။

“အစ်မက ရွှေပါရမီတောရဆရာ တော် ရှင်ဆန္ဒာဓိကကို ဦးထိပ်ထား ပြီးတော့ သာသနာရေးဝန်ကြီးဌာန ကနေ နေပြည်တော်မှာ လက်ရှိတည်ထားကိုးကွယ်နေတဲ့ ထာဝရငြိမ်းချမ်း ရေးစေတီတော်ကြီးကို အချိန်တိုတို အတွင်းမှာ အပြီးဆောက်ရတာဆို တော့ အလှူငွေတွေ လိုအပ်တယ်။ နိုင်ငံတော်က စေတီတော်မှာ လိုအပ်နေတဲ့ အလှူငွေလေးတွေကို အစ်မစာစောင်လေးတွေမှာလည်း တွေ့ ရတယ်။ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူတွေဆီကလည်း ကြားရတယ်။ အစ်မ မြန်မာနိုင်ငံကို ပြန်လာတဲ့ အချိန်မှာ လိုအပ်နေတဲ့ နေရာလေး တွေကို လိုက်လံပြီးလှူဒါန်းဖြစ်တယ်။ ထာဝရ ငြိမ်းချမ်းရေး စေတီတော်က ရန်ကုန်မှာဆို ရွှေတိဂုံစေတီလို မန္တလေးမှာဆို မဟာမြတ်မုနိစေတီတော်လို အထင်ကရ ကျန်ခဲ့မှာ။ အစ်မ လည်း တတ်နိုင်တဲ့ဘက်ကနေ လက် ရှိတည်ဆောက်နေတဲ့ ထာဝရငြိမ်း ချမ်းရေးစေတီတော် တည်ထားကိုး ကွယ်ရန်အတွက် ငွေကျပ်သိန်း ၂၀၀ ပရိယတ်္တိ စာအောင်သံယာတော်များ ငွေပဒေသာပင်အတွက် အလှူငွေ ကျပ်သိန်း ၂၀ မွန်ပြည်နယ် သာသ နာရေးရုံး တည်ဆောက်ရန် မတည် ငွေသိန်း ၅၀ တို့ကို လှူဒါန်းခဲ့ပါတယ်။ အစ်မလှူဒါန်းတဲ့ အချိန်မှာလည်း သာသနာရေးဝန်ကြီးက ကိုယ်တိုင် လက်ခံပြီးတော့ ယူပေးတဲ့အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါ၀င်း
ဓာတ်ပုံ- အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here