အကယ်ဒမီ ပိုင်ဖြိုးသု မသေခင်မှာ လုပ်သွားချင်တဲ့ အရာက ဘာလဲ

0
393

သုသု (ပိုင်ဖြိုးသု)က တကယ်ကိုတော်တဲ့ သရုပ်ဆောင်ကောင်းတစ် ယောက်ဖြစ်တယ်။ သူ့ရဲ့ မီကလည်း ပရိသတ်ကြိုက်နှစ်သက်အားပေးခဲ့ တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းက မီ ရုပ်ရှင် ဇာတ်ကားကြီးကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ ASEAN Film Festival မှာ သွားရောက် ပြသခွင့်ရခဲ့သေးတယ်။ SOAS University မှာ ကျင်းပခဲ့ တာလို့ လည်း သိရပါတယ်။ ပိုင်ဖြိုးသုရဲ့ ပီတိက …”ပျော်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တခြားနိုင်ငံတွေလည်း ရှိတယ်။ နောက်တစ်ခါ သူတို့ SOAS University က တာဝန်ရှိတဲ့ British တွေ လာကြည့်ကြတယ်။ အဲဒီမှာ လာကြည့်ရင်းနဲ့ သူတို့တွေ လည်း ကောင်းတယ်ဘာညာ ပြောကြ တော့လေ ဘာပဲပြောပြော မြန်မာတစ်ယောက်အနေနဲ့ ပျော်တာပေါ့ နော်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ ကိုယ့်နိုင်ငံက ရုပ်ရှင်ဇာတ်ကားတစ်ကားကို သူတို့တွေ အသိ အမှတ်ပြုပေး ကြတဲ့အတွက် သုသုအရမ်းဝမ်းသာပါ တယ်”လို့ ပြောပါတယ်။ အခမ်းအနား ကျင်းပတဲ့နေရာမှာရော၊ အင်္ဂလန်နိုင်ငံရဲ့ အထင်ကရနေရာ တွေမှာပါ မြန်မာဝတ်စုံလေးနဲ့ လှပနေတဲ့ ပိုင်ဖြိုးသုကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိခဲ့ပါတယ်။ မြန်မာဝတ်စုံကို ဘာဖြစ်လို့ ၀တ်ဖြစ်တာ လဲလို့ဆိုတော့ …”သုသုမှာ မသေခင်လုပ်သွားချင်တဲ့အရာ တွေရှိတယ်။ သုသုက သူများနိုင်ငံသွားလို့ရှိရင် ဒီအတိုင်း ကိုယ့်ဘာသာကိုယ်ဈေး သွားဝယ်တာတို့၊ ရှော့ပင်းထွက်တာတို့ အပျော်သွားတာဆိုလို့ရှိရင်တော့ သုသုက ဂျင်းဘောင်းဘီတို့၊ တီရှပ်တို့ ရာသီဥတုအလိုက်ဝတ်ဖြစ်တယ်။ ဒါပေမဲ့ တကယ့်သူတို့ဆီက အထင်ကရနေရာ တွေ သွားတာ၊ အလုပ်ကိစ်္စတွေနဲ့ဆိုရင် သုသုက မြန်မာအင်္ကျီတွေ ထည့်သွား လေ့ရှိတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူများနိုင်ငံတွေရဲ့ အထင်ကရနေ ရာတွေမှာ ကိုယ့်မြန်မာ ၀တ်စုံ လေးနဲ့ မြန်မာနိုင်ငံသားတစ် ယောက်အနေနဲ့ ဓာတ်ပုံရိုက်ချင် တဲ့ စိတ်လေး သုသုမှာရှိတယ်။ အဲဒါ သုသုဖြစ်ချင်တာပေါ့နော်။ သုသု လုပ်ချင်တဲ့စိတ်ထဲက တစ်ခုဖြစ်တဲ့ အတွက် သုသုအမြဲတမ်း ဘယ်နိုင်ငံ သွားသွား ယူသွားဖြစ် တယ်”လို့ သူကပြောပါ တယ်။ ပိုင်ဖြိုးသုက လတ် တလောမှာတော့ ဆရာ မဂျူးရဲ့ “မိန်းမတစ် ယောက်ရဲ့ ဖွင့်ဟ၀န်ခံ ချက်” ၀တ္ထုကို ရုပ်ရှင် အဖြစ် ပုံဖော်ရိုက် ကူးနေရာမှာ ပါဝင် သရုပ်ဆောင်နေ ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here