သူရွေးချယ်မယ့် ချစ်သူပုံစံကို ပြောပြခဲ့တဲ့သရုပ်ဆောင် မိုးစက်ဝိုင်

0
299

အလှမယ်တစ်ယောက်အနေနဲ့ ပရိသတ်တွေ ချစ်ခင်အား ပေးမှု ရရှိထားတဲ့ မိုးစက်ဝိုင်ကတော့ တခြားကိုယ်ပိုင်စီးပွားရေးတွေလည်း လုပ်ကိုင်နေသူပါ။ သူကတော့ သရုပ်ဆောင် တစ်ဦးအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများမှာလည်း ပါဝင်သရုပ် ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးရုံတင်ပြသခဲ့တဲ့ ပက်ပက်စက်စက် ညို့ရုပ်ရှင်ဇာတ်ကားလည်း ပရိသတ် အကြိုက်တွေ့ခဲ့ပြီး နောက်ထပ်လည်း ရုံတင်ပြသမယ့် ရုပ်ရှင်တစ်ကား ကျန်နေသေးပါတယ်။ ချစ်ခင်အား ပေးကြတဲ့ ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာလည်း ရုပ်ရှင်ကားကြီး တစ်ကားလက်ခံရိုက်ကူးသွားမှာ ဖြစ်ကြောင်းကိုလည်း သရုပ်ဆောင် မိုးစက်ဝိုင်းက အခုလိုပြောပြခဲ့ပါတယ်။
“မိုးစက်ရုပ်ရှင်ကတော့ နှစ်ကားရိုက်ထား ပြီးပါပြီ။ တစ်ကားကတော့ ရုံတင်ပြီးသွားပြီ။ နောက် တစ်ကားကတော့ အခုထိရုံမတင်ရသေး ပါဘူး။ ဒီနှစ်ထဲမှာ မိုးစက်ရုပ်ရှင်တစ်ကားရိုက်ဖို့ ရှိပါတယ်။ ပုံစံကတော့ ဒီဘက်ခေတ်တော့ မဟုတ်ဘူးပေါ့နော်။ ခေတ်ကတော့ အနောက် ရောက်မယ်။ လောလောဆယ်ကတော့ သူတို့ စီစဉ်နေတာတွေ မပြီးသေးတော့ ဘာမှမပြင် ဆင်ရသေးပါဘူး”လို့ ပြောပြခဲ့ပါတယ်။
ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူ့ ရဲ့အ ချစ်ရေးကိုလည်း ဆက်လက်မေး မြန်းခဲ့ရာ …
“အချစ်ရေးကတော့ ပုံမှန်ပါဘဲ။ အချစ်ရေးနဲ့ပတ်သက်လို့ရှိရင် ကိုယ် ကြိုးစားတာထက် ဖြစ်သင့်တာဖြစ် လာမယ့်လို့ ယုံကြည်ပါတယ်။ ဒါကြီးက ကြိုးစားလို့လည်း မရဘူးပေါ့နော်။ ကြိုးစား ပြီးမဖြစ်လာရင် ကျန်တဲ့အရာတွေက ပြန်ကြိုးစားလို့ရတယ်ဆိုပေမယ့် ဒါကြီးက ပြန်လည်ကြိုးစားလို့ အဆင်မပြေဘူးလေ။ ဘယ်လိုလူမျိုးကို ရွေးချယ်မှာလဲဆိုရင် အဓိကတော့ ကိုယ်ယုံကြည်ရတဲ့လူပေါ့။ သူပြောတာတွေ ကိုယ်အကုန်ယုံကြည်လို့ရ တယ်။ တစ်နေ့ကုန်သူ့ကိုသံသယတွေ ၀င်ပြီး တော့ ခေါင်းစားနေရမယ်ဆိုရင်တော့ အဆင် မပြေ လောက်ဘူးထင်တယ်။ အဲ့ဒါက အဓိက ပါပဲ” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here